KNU ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ရွေးချယ် ခံရ

Friday, December 21, 2012

~

ဗိုလ်ချုပ်ကြီး မူတူးဆေးဖော

ပြည်တော်မြင့် ~

(ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)

ကရင်အမျိုးသားအစည်းအရုံး KNU၏ ၁၅ကြိမ်မြောက် ညီလာခံနောက် ဆုံးနေ့ဖြစ်သည့် ယနေ့ တွင် လာမည့် ၄နှစ်သက်တမ်းကို ဦးဆောင်ရန် အတွက် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးကို ဥက္ကဌအဖြစ် ညီလာခံ ကိုယ်စားလှယ်များက ရွေးချယ်တင်မြောက်ခဲ့ကြသည်။ 

ရွှေးချယ်ခံရသည့် ဥက္ကဌအသစ်ကို ညီလာခံတက်ရောက်နေကြသည့် ခရိုင်နှင့် တပ်မဟာ (၇) ခုမှ ကိုယ်စား လှယ်များနှင့် အခြားမဲပေးပိုင်ခွင့်ရှိသည့် ၁၇၁ ဦးက ဒီမိုကရေစီနည်းဖြင့် ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။ 

၁၅ ကြိမ်မြောက် KNU ညီလာခံတွင် ဥက္ကဌအပါအဝင် ထိပ်တန်းခေါင်းဆောင်၅ဦးဖြစ်သည့် ကြီးငါးကြီး ကို ရွေးချယ်ခဲ့ရာ-

 ဥက္ကဌ - မူတူးစေးဖိုး

ဒု ဥက္ကဌ- နော်စီဖိုးရာစိန် 

အထွေထွေအတွင်းရေးမှူး - ပဒို ကွယ်ထူးဝင်း 

တွဲဘက်အတွင်းရေးမှူး (၁)- ပဒို သောသီဘွဲ 

တွဲဘက်အတွင်းရေးမှူး (၂) -ပဒို မန်းမန်း တို့ကိုရွှေးချယ်တင်မြောက်ခဲ့ကြသည်။ 

ရွှေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်အဖြစ် ဆောက်ရွက်ခဲ့သည့် စောမန်းမျိုးမြင့်က ဧရာဝတီ သတင်းဌာနကို သီးခြား ပြောကြားခဲ့သည်။ 

၁၅ ကြိမ်မြောက် KNU ညီလာခံကိုကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ ကရင်အမျိုး သားလွတ်မြောက်ရေး တပ်မတော်လေးဝါး စခန်း တွင် ယခင်လ၂၆ နေ့က စတင်ကျင်းပခဲ့ပြီး ရက် သတ္တပတ်၃ပတ်ခန့်ကြာမြင့်ခဲ့ သည်။ 

၁၉၄၇ခုနှစ်မှစတင်ဖွဲ့စည်းခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး KNU တွင်ယနေ့အထိ ဥက္ကဌ ၈ဦးရှိခဲ့ ရာ စောစံဖိုးသင်ာ၊စောဘဦးကြီး ၊စောဟံတာသာမွှေး၊ မန်းဘဇန်၊ စောဘိုမြ၊ စောဘသင်စိန်၊ 
စောတာမလာဘောနှင့် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးတို့ တို့ဖြစ်သည်။ 

KNU ဖွဲ့စည်းပုံအခြေခံဥပဒေအရ ညီလာခံနှင့် ရွေးကောက်ပွဲကို ၄နှစ် တကြိမ် ကျင်းပရန် ပြဌာန်းထား သည်။ 

မကြာမီရက်ပိုင်းအတွင်း ကရင်အမျိုးသားလွတ်မြောက်တပ်မတော် KNLA ၏ တပ်မှူးများညီလာခံ ကို ဆက်လက်ကျင်းပမည်ဖြစ်ပြီး KNLA ၏ စစ်ဦးစီးချုပ်နှင့်ဒုတိယစစ်ဦးစီးချုပ်တို့ကို အသစ်ပြန် လည်ရွေး ချယ်ကြမည်ဖြစ်သည်။ 




ရွေးချယ်ခံခဲ့ရတဲ့ ကိုယ်စားလှယ်များကို အောက်မှာ ဖော်ပြပေးထားပါတယ်။

ပဒိုအောင်မော်အေး

ပဒိုကွယ်ထူးဝင်း

ပဒိုအားတိုး

ပဒိုရောဂျာခင်

ပဒိုရွှေမောင်း



















-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved