ပြည်တော်မြင့် ~
( KNU က မကြာသေးမီက ပြုလုပ်ခဲ့သည့် ၁၅ ကြိမ်မြောက်ညီလာခံတွင် ခေါင်းဆောင်သစ်များ ရွေးကောက်ခဲ့ခြင်း ဖြစ်သည်။)
ယမန်နေ့ကပေးပို့ခဲ့သည့်သ၀ဏ်လွှာတွင် KNU ညီလာခံသည် ကရင်အပါအ၀င် တိုင်းရင်းသားအားလုံး၏ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် များစွာ အရေးပါသည်ဟု ပြောကြားခဲ့သည်။
သို့သော် KNU က ယမန်နေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် မြန်မာအစိုးရနှင့် လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်မည်ဟု ဖေါ်ပြထားသည်။
KNU ၏ ထုတ်ပြန်ချက်တွင် တတိုင်းပြည်လုံး အပစ်ရပ်ရေးကိစ္စနှင့် မြန်မာအာဏာပိုင်များက လူထုလှုပ်ရှားမှုများကို အကြမ်းဖက် နှိမ်နှင်းမှုများ ရှိနေသေးသဖြင့် လွန်စွာ စိုးရိမ်မိသည်ဟုပါရှိပြီး၊ ပြည်လူလူထု၏ နစ်နာဆုံးရှုံးမှုများကို အကာအကွယ်ပေးမည့် လူ့အခွင့်အရေးကော်မတီတရပ် ဖွဲ့စည်းမည့်သဘောထားကိုလည်း ချမှတ်ခဲ့သည်။
ဦးအောင်မင်းပေးပို့သည့် သ၀ဏ်လွှာ |
ရန်ကုန်အခြေစိုက် ကရင့်အရေးဆောင်ရွက်နေသူတဦးက ”ကချင်ပြည်နယ်မှာစစ်ပွဲတွေက အခြေအနေတွေ ပိုပြီး ဆိုးရွားလာနေတယ်၊ ကရင်နဲ့မြန်မာအစိုးရကြားမှာ လုပ်မဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုတော့ အားလုံးက သတိနဲ့စောင့်ကြည့်နေကြပါတယ်”ဟုပြောသည်။
--
0 comments :
Post a Comment