Luc Besson ၏ အလွဲများ

Saturday, February 4, 2012 6 comments




မွန်မွန်မြတ်ရေးသားသည်။
၀၃ ဖေဖေါ်ဝါရီ ၂၀၁၂ - (YPI) ချင်းမိုင် -

ယမန်နေ့က ဟောင်ကောင်တွင် ပြုလုပ်သော The Lady ရုပ်ရှင် အကြောင်း သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် ပြင်သစ် ဒါရိုက်တာ Luc Besson နှင့် မလေးရှား မင်းသမီး Michelle Yeoh (ဓာတ်ပုံ - AP)


တိုရွန်တို ရုပ်ရှင်ပွဲတော်မှာ “The Lady” ဇာတ်ကား ပထမဆုံး စပြခဲ့စဉ်က ကမ္ဘာကျော် ဂါးဒီးယန်း သတင်းစာကြီးက ကြယ်တစ်ပွင့်ပဲ အမှတ်ပေးခဲ့ပြီး အညံ့ဆုံး ဇာတ်ကား သုံးကားထဲ စာရင်း သွင်းခဲ့သည့်အပေါ် အတော် ဘ၀င်မကျ ဖြစ်ခဲ့ဖူးသည်။

တစ်ကယ်တမ်း ထိုင်းနိုင်ငံမှာ နှစ်ကြိမ်တိုင်တိုင် ကိုယ်တိုင် ကြည့်ရတော့မှ ဂါးဒီးယန်းသတင်းစာက ရုပ်ရှင်ဝေဖန်ရေး ဆောင်းပါးရေးသူ Damon Wise အလွန် မဟုတ်ဘဲ ရိုက်ကူးသူ ပြင်သစ်ဒါရိုက်တာ Luc Besson ၏ အလွန်သာ ဖြစ်ကြောင်း သိရတော့သည်။

မည်သို့ပင်ဖြစ်စေ Michelle Yeoh ၏ သရုပ်ဆောင်ခြင်းအနုပညာကိုတော့ အသိအမှတ် မပြုဘဲ မနေနိုင်ချေ။ ဒေါ်အောင်ဆန်းစုကြည်ကို အပြင်မှာ မျက်ဝါးထင်ထင် မြင်ဖူးနေသည့်ကြားမှ Michelle Yeoh ရုပ်ပျောက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပဲ ဇာတ်ကားထဲ ပါဝင်နေသလို မကြာခဏ ထင်ယောင် ထင်မှား ဖြစ်မိသည်။

ရင်ကိုဖွင့် မျက်နှာကိုချီကာ လမ်းလျှောက်သည့်ဟန်၊ ပြုံးဟန်၊ စကားပြောဟန်၊ လက်ပြဟန် တို့ကို ဒေါ်စုမှ ဒေါ်စု ဖြစ်နေအောင် နာရီပေါင်း ၂၀၀ ကျော်ကြာအောင် ကြည့်ကာ လေ့ကျင့်ထားခဲ့သည်ဟု ဟွာဟင်း ရုပ်ရှင်ပွဲတော်တွင် Michelle Yeoh ကို ပရိသတ်နှင့် မိတ်ဆက်ပေးခဲ့သည့် ထိုင်းပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။

မိုက်ကယ်အဲရစ်နှင့် သားနှစ်ယောက်နေရာတွင် သရုပ်ဆောင်သည့်သူများကလည်း သူ့ဇာတ်ရုပ်နှင့်သူ အံဝင်ခွင်ကျ သရုပ်ဆောင်ထားကြသည့် အတွက် ရုပ်ရှင်ထဲတွင် သူတို့မိသားစုလေးကို စုစုဝေးဝေး တွေ့ခွင့်ရသည်မှာ ကြည်နူးဖွယ်ပင်။

ဒါရိုက်တာ Luc Besson ၏ အလွဲများကိုတော့ စဖွင့်ထားသည့် ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံသည့်အခန်းမှာပင် စတွေ့ခဲ့ရသည်။ ပစ္စတိုနှင့် သူ့နဖူးတည့်တည့်ကို ချိန်ထားသည့် သေနတ်သမားကို နည်းနည်းလေးမှ မဟန့်တားဘဲ မတုန်မလှုပ် မျက်စိစုံမှိတ်ပြီး ငြိမ်ခံနေသည့် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံလွှာက ငယ်ငယ်ကတည်းက အကြိမ်ကြိမ် ဖတ်ခဲ့ရဖူးသည့် အတွင်းဝန်ရုံးတွင် ဗိုလ်ချုပ်တို့ လုပ်ကြံခံခဲ့ရသည့်မြင်ကွင်းနှင့် အတော်ကြီး ခြားနားလှသည်။

ဗိုလ်ချုပ်အောင်ဆန်း နေရာတွင် သရုပ်ဆောင်သည့် ဇော်ဇော်က “ဗိုလ်ချုပ်သေတာ ဒီပုံစံမဟုတ်ဘူး ဆိုတာ ကျွန်တော် သိပြီးသားလေ။ ပစ္စတိုနဲ့ပစ်တာလည်း မဟုတ်ဖူး၊ အစည်းအဝေးခန်းမပုံစံ မှားနေတယ် ဆိုတာလည်း ထောက်ပြတယ်။ ဒါပေမယ့် ဒါရိုက်တာက ဒီပုံစံပဲ လုပ်ချင်တယ် ဆိုလို့ သူတို့ခိုင်းတဲ့အတိုင်းပဲ လုပ်ရတာ” ဟု ရုပ်ရှင်အပြီးတွင် ရှင်းပြခဲ့သည်။

NLD ပါတီဝင်တစ်ဦးအဖြစ် သရုပ်ဆောင်ခဲ့သည့် ဦးသိန်းဝင်းက “အဲဒီလောက်တော့လွဲဖို့ မကောင်းဘူး ထင်တယ်ဗျ၊ ကျွန်တော်လည်း အဲဒီအခန်းမှာ မပါတော့ အကြံမပေးနိုင်ခဲ့ဘူး” ဟု ဆိုသည်။

ဦးသိန်းဝင်းအနေနှင့် သူပါဝင်ခွင့်ရခဲ့သည့် အခန်းများတွင် အချို့ မှားယွင်းချက်များကို ထောက်ပြခဲ့သော်လည်း ရိုက်ကူးရေး တည်ထားပြီးသည့် အခန်းများကိုတော့ ပြင်ဆင်မပေးခဲ့ပေ။

“အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဆိုတဲ့ ခေါင်းစည်းမှာ လုံးကြီးတင်ပြုတ်နေလို့ ရိုက်ကာနီးမှာ ပြေးပြီး သွားပြောသေးတယ်ဗျ၊ ဒါပေမယ့် ရှုတင် တည်ထားပြီးသားမို့ ပြင်မပေးနိုင်တော့ဘူး ဆိုပြီး ဆက်ရိုက်သွားတယ်ဗျ”။

အလုပ်ကြံမခံရမီ မိသားစုနှင့်အတူ ဗိုလ်ချုပ် နောက်ဆုံးနေခဲ့သည့်အိမ်သည် တာဝါလိန်းအိမ် ဖြစ်သည်။ သို့ပေမယ့် ဗိုလ်ချုပ် တစ်ခါမှ မနေထိုင်ခဲ့ဖူးသည့် အမှတ်၅၄ တက္ကသိုလ်ရိပ်သာလမ်းအိမ်ကို နောက်ဆုံးနေခဲ့သည့်အိမ်အဖြစ် ရုပ်ရှင်ထဲတွင် ထည့်ထားခဲ့သည်။

၁၉၄၇ခု ဇူလိုင် ၁၉ ရက်နေ့က ဗိုလ်ချုပ်သမီး အောင်ဆန်းစုကြည် အိပ်မောကျ ကျန်ရစ်ခဲ့သော တက္ကသိုလ်ရိပ်သာလမ်း နေအိမ် ရေကန်အစပ်က သစ်သား ပက်လက်ကုလားထိုင်မှာ နောက်ထပ် အနှစ် ၄၁ နှစ် အကြာ ၁၉၈၈ခုနှစ်တွင် မိခင် မကျန်းမာ၍ပြန်လာသော ဒေါ်အောင်ဆန်းစုကြည် ရောက်လာသည်အထိ နေရာမှာပင် မဆွေးမမြေ့သည်အတိုင်း ရှိနေဆဲ...။

ရွှေတိဂုံအနောက်မုခ်တွင် ပြောကြားခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံးမိန့်ခွန်းကို မင်းသမီး Michelle Yeohက ကြိုးစားပမ်းစား လေ့ကျင့်ကာ ဗမာလို ပြောကြားခဲ့သော်လည်း တရုပ်သံ ပေါက်နေခဲ့သည်။

ဇာတ်ကောင်များ ရွေးခြယ်ထားရာတွင် မိုက်ကယ်အဲရစ် နှင့် သားနှစ်ယောက်နေရာတွင် သရုပ်ဆောင်သည့်သူများကို ရုပ်ရည်ခြင်း အတော်လေး ဆင်တူသူများကို ရွေးချယ်ထားသော်လည်း တစ်နိုင်ငံလုံးက ချစ်ခင် မြတ်နိုးကြသည့် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်နေရာတွင် တရုပ်အမျိုးသမီးကြီးတစ်ယောက်ကို ထည့်ထားသည်ကတော့ အတော်ကြီး လွဲနေခဲ့သည်။

အခြားအခြားသော အမှား သေးသေးမွှားမွှားတွေဟာ နိုင်ငံတကာ ရုပ်ရှင် ပရိသတ်တွေအတွက် မပြောပလောက်ပေမယ့် သမိုင်းကို သိနေသည့် မြန်မာပရိသတ်အတွက်တော့ သိသာလှသည်။ ဗမာအလံတွေ ဇောက်ထိုးဖြစ်နေတာ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဆိုသည့်စကားလုံးက “အမျူးသား ဒီမိုကရေစီ အဖွဲ့ချုပ်” ဖြစ်နေတာ၊ ၈၈ အရေးအခင်း ပြကွက်တွင် ကျောင်းဝတ်စုံဟာ အဖြူအစိမ်း မဟုတ်ဘဲ အဖြူအပြာ ဖြစ်နေတာ၊ ဇာတ်ကားထဲက ဗမာစစ်ဗိုလ်ချုပ်တွေနဲ့ ထောက်လှမ်းရေးတွေဟာ အာဏရှင်မဆန်ဘဲ အတော်လေး ပေါကြောင်ကြောင်နိုင်နေတာ…

ဇာတ်ကားကို ဒေါ်အောင်ဆန်းစုကြည်ပါဝင်သည့် ဗမာပြည်ဘက်အခြမ်းနှင့် ဒေါက်တာမိုက်ကယ်အဲရစ်(စ) ပါဝင်သည့် နိုင်ငံရပ်ခြားတွင် ရိုက်ကူးသည့်အခြမ်း ဟူ၍ အနည်းဆုံး နှစ်ပိုင်းခွဲကြည့်လျှင်ပင်၊ ဗမာပြည်ဘက်အခြမ်းမှ စစ်ဗိုလ်ချုပ်များ ပါဝင်သည့်အခန်းများမှာ “တောပြဇာတ်” တစ်ခုကို ကြည့်နေရသကဲ့သို့ ညံ့ဖျင်းလှသည်ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးက သုံးသပ်ခဲ့သည်။

ဒေါ်စုခြံထဲကို စစ်သားများ ပထမဆုံးအကြိမ် ၀င်ရောက်စီးနင်းသည့် အခန်းကို ပြရာတွင်လည်း ကျောင်းသားခေါင်းဆောင်တစ်ယောက် လက်ထဲတွင် သေနတ် ရှိနေခြင်းသည် သမိုင်း အချက်အလက်အရရော၊ ဒေါ်အောင်ဆန်းစုကြည် သွားနေသည့် အကြမ်းမဖက်ရေးလမ်းစဉ်အရရော အတော်လေး မှားယွင်းနေခဲ့၏။

ဇာတ်ကားထဲတွင် မည်သည့်ဘာသာစကားကို ပင်မထား၍ ပြောဆိုမည် ဆိုသည့်ကိစ္စကို Luc Besson အနေနှင့် တိတိကျကျ သတ်မှတ်ခဲ့ပုံမပေါ်ချေ။ ဒေါ်အောင်ဆန်းစုကြည်နေရာတွင် သရုပ်ဆောင်သည့် Michelle Yeoh က နေရာအတော်များများတွင် ဗမာမိန့်ခွန်းကိုတရုပ်သံနှင့်ပြောလိုက်၊ ဗမာစစ်သားကို အင်္ဂလိပ်လို “Can you speak English” ဟုမေးလိုမေး၊ NLD ပါတီ အဖွဲ့ဝင်များ ကျောင်းသားများနှင့်လည်း ဗမာလို ပြောလိုက် အင်္ဂလိပ်လို ပြောလိုက်နှင့် ဘာသာစုံ ဖြစ်နေခဲ့သည်။

ခင်ပွန်းဖြစ်သူ ဒေါက်တာမိုက်ကယ်အဲရစ်နှင့် ပါတီဝင်များရှေ့ပါ မရှောင် နမ်းရှုံ့နေသည့် အခန်းများကတော့ ပြင်သစ်ဆန်လွန်းလှသည်ဟု ဆိုရလေမည်လား။ သေချာသည်ကတော့ တွေ့ခဲ့ဖူးသမျှဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံများထဲတွင် ထိုကဲ့သို့သောပုံမျိုး တစ်ပုံမှ ယနေ့အချိန်ထိ မရှိခဲ့ဖူးပေ။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေနေရာတွင် ပါဝင်ခဲ့သည့် သရုပ်ဆောင် ဦးအဂ္ဂ ကတော့ “ကြည့်ပြီးတော့ ကိုယ့်ကိုယ်ကို တော်တော် စိတ်ပျက်သွားတယ်။ လွဲနေတာတွေကတော့ အများကြီးပဲလေ။ နောက်ဆုံးအခန်းမှာ ဒေါ်စုက ဘုန်းကြီးတွေထက်အမြင့်မှာ ရှိနေတာမျိုးတွေပေါ့၊ ဒါပေမယ့် ကိုယ်ပြောလည်း သူတို့ ပြင်တာမှ မဟုတ်တာ” ဟု ပြောဆိုခဲ့သည်။

ဦးသိန်းဝင်းကတော့ သမိုင်းနောက်ခံ အမှားအယွင်းများ ဖြစ်ခဲ့ရခြင်းနှင့် ပါတ်သက်ပြီး “ငါတို့မှာတော့ တာဝန်ရှိနေမလားမသိဘူး လို့တော့ ပြောမိပါသေးတယ်။ ဒါပေမယ့် ဒါဟာ သမိုင်း မဟုတ်ဘူး၊ ရုပ်ရှင်အနေနဲ့ ရိုက်တာလို့ပဲ ခံယူလိုက်ရတာပါပဲ” ဟု ဆိုခဲ့သည်။

“ဒီလိုကားမျိုးမှာ consultant က အရမ်း အရေးကြီးပါတယ်။ consultant ဘယ်သူလဲလို့ ကျွန်တော် မေးသေးတယ်ဗျ။ ဘန်ကောက်တက္ကသိုလ်တစ်ခုမှာ တက်နေတဲ့ တိုင်းရင်းသူတစ်ယောက်လို့ ပြောတာပဲ” ဟုပြောခဲ့သည်။

ရုပ်ရှင်အပြီး စာတမ်းထိုးရာတွင် Consultant ဟူသည့် အသုံးအနှုန်းကို ရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့သည့် အတွက် သမိုင်းဆိုင်ရာ အချက်အလက် အမှားအယွင်းများနှင့် ပါတ်သက်၍ တာဝန် အရှိဆုံးက ဒါရိုက်တာ Luc Besson သာ ဖြစ်ကြောင်း ထင်ရှားနေခဲ့လေသည်။

ညွှန်း - Yangon Press International ဖေ့စ်ဘုတ်

ကျောင်းများ ချိတ်ပြန်ပိတ်ရန်

0 comments


Burma VJ Media Network ရဲ့ ဖေ့စ်ဘုတ်မှာ ပြန်လည် ချိပ်ပိတ်ခံရတော့မည့် မဂ္ဂင်ကျောင်း ဆိုပြီး ဒီစာကို ဖော်ပြထားပါတယ်

ခင်ဝမ်းရဲ့ စိတ္တဇပန်းချီ eBook

0 comments



http://www.myanmarebooks.net/archives/4491
ခင်ဝမ်းရဲ့ စိတ္တဇပန်းချီ eBook ဒေါင်းလုတ်လုပ်နိုင်တဲ့နေရာပါ။
1.76 Mb လေးပါတယ်။
ဒေါင်းလုတ်လုပ်မယ်ဆိုရင် Download Here ဆိုတဲ့နေရာကို Right Click တချက်နှိပ်၊ ပေါ်လာတဲ့စာတန်းတွေထဲက Save Link As ... ဆိုတာကို နှိပ်ပြီး ကွန်ပျူတာမှာ သိမ်းမယ်ဆိုရင် ပိုပြီး မြန်ပါလိမ့်မယ်။

http://www.myanmarebooks.net/wp-content/uploads/2011/10/khin_1.pdf

ခင်ဝမ်း-သီချင်းခေါင်းစဉ်များ

2 comments


သီချင်းတွေ စုစည်းပေးထားပါတယ် ။

လိုတာ နောက်ဆက်ဖြည့်သွားပါမယ် ။

စာလုံးပေါင်းများမှာ နဂိုရ် အတိုင်းဖြစ်ပါတယ် ခင်ဗျား ။ ။

၁ ။ နှင်းဆီဖြူ ရဲ့ အဝေးကလူတယောက်

၁၊နှင်း ၂၊အို ၊ မောင်ဒီ ၃၊ပြီးဆုံးခဲ့သော ၄၊လူတယောက်ရဲ့မျက်နှာ

၅၊ အချစ်ကိုရင်း၍ ၆၊အသဲနှစ်လုံးသစ် ၇၊ဧရာဝတီ ၈၊နှုတ်ဆက်ခဲ့ပါတယ်

၉၊နှင်းဆီဖြူရဲ့အဝေးကလူတယောက် ၁၀၊ပျော်ပါးခြင်း ၁၁၊အမေ

၁၂၊လူပျိုတမ်းချင်း ၁၃၊မီးခိုးဖြူ

၂ ၊ ပြည်မှာဆောင်း

၁၊အိပ်မရတဲ့ည ၂၊တို့နှစ်ယောက် ၃၊ပတ်ဝန်းကျင်အပေါ်တင်နေတဲ့အကြွေး

၎၊ပြည်မှာဆောင်း ၅ ၊ စိုးရွံစိတ်တွေ ၆၊မင်းတို့သဘောကိုသိဖို့

ရ။ညကောင်းကင်ရဲ့တေးသမား ၈၊ကောလိပ်နေ့ရက်များ ၉၊ဒီဇင်ဘာ

၁၀၊မခွဲခင်အချိန်ကလေး ၁၁၊ငါသွားတဲ့လမ်းခရီး ၁၂၊တစိမ်း

၃ ။ အိမ်မက်

၁၊မန္တလေး ၂၊ရွှေစော်နံယင်ပြန်ပါဦး ၃၊အချစ်ရဲ့အဓိပ္ပါယ်ကိုသိရဲ့လား

၎၊မင်းရဲ့သဘောတခုပါ ၅၊မမချစ် ၆၊ဆေးကြောခွင့်ပြုပါ ၇၊မုန်တိုင်းဇင်ယော်

၈၊မိလေးရေ ၉၊အမြန်လာကူညီလှည့် ၁၀၊လွမ်းတယ် ၁၁၊လိုအပ်ချက်လေးများ

၁၂၊မျှားဘုရင် ၁၃။အဝေးရောက်ညီငယ်၁၄၊မကြာပါဘူး ၁၅၊ခုနှစ်ပြည်ထောင် ၁၆၊နင့်ကိုငါချစ်နေတုံးဘဲ(မိနီ)

၎ ။ ပန်းနုရောင်ခံစားချက်များ

၁၊ဘာမဆိုမင်းအတွက် ၂၊တောင်ပေါ်သူ(သို့)လွမ်းတေး ၃၊ဆယ်လမွန်ငါးတို့အပြန် ၄၊မကြေငြာသောသိမ်းဖျက်ခြင်း ၅၊ငြိမ်းချမ်းရေးကဖီး ၆၊မပြောတော့ဘူး ၇၊အင်းယားသူ ၈၊မငိုမိတယ် ၉၊ကျောင်းသားသစ် ၁၀၊တစ်ခုxxxxxxx ၁၁၊ယုံကြည်ထား ၁၂၊မရှိခဏ ၁၃၊တစိမ်း ၁၄၊ဘ၀စေရာ

၅ ။ ည

၁၊အမြဲတမ်းမင်းဘက်မှာ ၂၊မင်းနဲ့မတွေ့ခဲ့ရင် ၃၊ညင်သာစွာဆင်း

၎၊လာမယ်ဆိုအကြောင်းကြားလိုက် ၅၊မိဘမေတ္တာ ၆၊ဆေးရောင်ချယ်လှဲ့ပါ

၇၊တပတ်လောက်လျှော့အုံး ၈၊မရောထွေးနဲ့ညီမငယ် ၉၊နွေညများ

၁၀၊နီးလျှက်နဲ့ဝေး ၁၁၊ဆောင်းဦးမြောက်ပြန်လေ ၁၂၊အရုပ်အရိပ်နဲ့အရောင်များ

၁၃၊နှောင်းခဲ့ပြီနွယ် ၁၄၊ နွမ်းလျှသောနှလုံးသားနှင့်ခရီးဆက်ပါရစေ

၆ ။ လိပ်ပြာလွင်ပြင်

၁၊ကျော်ကြီး ၂၊ချစိခရီးသည် ၃၊သက်ထား ၄၊လွမ်းည ၅၊စိမ်ခေါ်ပါတယ်မင်းရယ် ၆၊ခံယူလျှက်ပါနွေ ၇၊မောင်ခေါ်ရာ ၈၊တစ်ခြားတစ်ယောက် ၉၊ကောင်းကင်နဲ့မြေကြီး ၁၀၊ဘယ်ဆီဘယ်ဝယ်

၁၁။အမျိုးသမီးများနှင့်စကားပြောခြင်း ၁၂။သိနှင့်တော့ကွယ် ၁၃။စ.ရ.တ ၁၄။ မြိုင်

၇ ။ ကစားမလား၊ နားမလား

၁၊မျှော်တလင့်လင့် ၂၊သိပါပြီ ၃၊သူ့အလိုအတိုင်းရှိစေ ၄၊အချစ်

၅၊မိုးတွေရွာစွေ ၆၊ကချေသည် ၇၊မောင့်ရဲ့လမင်းလေး ၈၊ကောင်းသောနေ့ ၉။နောက်ဆုံးအနမ်း ၁၀။ဘ၀တူ ၁၁။မြစ် ၁၂။နံက်ခင်းအလင်း၁၃။ရင်ခုံသံလှိုင်း ၁၄။မမဲ့ပါနဲ့အချစ် ၁၅။ထပ်တူကျသောနွေ

၈ ။ စိတ်ကြိုက်ပြန်ဆိုတေး

၁၊ဆယ်လမွန်ငါးတို့အပြန် ၂၊နဒီမင်္ဂလာ ၃၊ဧရာဝတီ ၄၊အမေ ၅၊ခုနှစ်ပြည်ထောင် ၆၊ပြည်မှာဆောင်း ရ၊ပန်းခရမ်းပြာ

၈၊လွမ်းရတဲ့ညတွေလွန်ပါစေ ၉၊မမချစ် ၁၀၊ဘာမဆိုမင်းအတွက်

၁၁၊မြှားဘုရင် ၁၂၊မျှော်တလင့်လင့် ၁၃၊နှုတ်ဆက်ခဲ့ပါတယ်

၉ ။ ပန်းခရမ်းပြာ

၁၊ပန်းခရမ်းပြာ ၂၊နဒီမင်္ဂလာ ၃။တို့ရင်ထဲ ၄၊တေးမြုံငှက် ၅၊သဇင်ည ၆၊တံခါးဖွင့်ပေးပါ ၇၊ချစ်ထုံးဖြေပါ ၈၊မငိုတတ်တော့ဘူး

၉၊ရှယ်လီရဲ့အချစ်ဒဿန ၁၀၊မလာမယ့်လမ်း ၁၁၊အရွယ်လွန်ရွေ့လျှား

၁၂၊ခွဲခွာခြင်းခဏ ၁၃၊နောက်ဆုံးအိပ်မက် ၁၄၊အချစ်ဘယ်သူ့ပုံမှာတုံး

၁၀ ။ အမှောင်ကိုထွန်းညှိမယ့်မီးအိမ်

၁၊အစောဆုံးပြန်ခဲ့ ၂။မင်းမရှိတဲ့နောက် ၃၊ခွဲခွါခြင်းကိုနှစ်သိမ့်သောအပြုံး ၄၊အဖြည့်ကုသိုလ် ၅၊အမှောင်ကိုထွန်းညှိမယ့်မီးအိမ် ၆၊လက်မတွဲသင့်တဲ့အဆုံး

ရ၊လွမ်းရတဲ့ညတွေလွန်ပါစေ ၈၊မင်းပြန်ခဲ့ ၉၊နေမင်းပြုံးမယ့်နေ့ ၁၀၊တစ်ဦးတစ်ယောက် ၁၁၊မဝေပါနဲ့နှင်း ၁၂၊ရွှေရည်ဦး

၁၁ ။ လိုတရအကြည့်

၁၊သောင်ကမ်းခြေ ၂၊ဘယ်ဆီဘယ်ဝယ် ၃၊နတ်မိသက်ဆင်းည ၄၊ပန်းသစ္စာ ၅၊မြစ် ၆၊ယိမ်း ရ၊ချစ်ခြင်းတည်ခဲ့တယ် ဂ၊နှင်းထုဖွဲ့ဆင် ၉၊လွမ်းစေတီဦး ၁၀၊ဆောင်းလည်းမဝေးတော့ပြီမို့ ၁၁၊ဆုံဆည်းရာ ၁၂၊သိနှင့်တော့

၁၂ ။ မင်းလျှောက်ခဲ့တဲ့လမ်း

၁၃ ။ တဖန်ပြန်လည်ဖြတ်သန်းခြင်း

၁၄ ။ ခင်ဝမ်း လက်ရွေးစင်
၁၊ အချစ်ကိုရင်း၍ ၂၊ မုန်တိုင်းစင်ရော် ၃၊ အိပ်မရတဲ့ည ၄၊ ဆယ်လ်မွန်ငါးတို့အပြန် ၅၊ ခုနှစ်ပြည်ထောင်မင်းသား ၆၊ ညကောင်းကင်ရဲ့တေးသမား ၇၊ အမေ ၈၊ ပြန်လာကူညီလှည့် ၉၊ မကြေငြာတဲ့သိမ်းဖျက်ခြင်း ၁၀၊ ဧရာဝတီ ၁၁၊ မမချစ် ၁၂၊ နှုတ်ဆက်ခဲ့ပါတယ် ။

ကျန်နေတဲ့ သီချင်း နာမည်တွေ ရှာဖွေပြီး ဖြေ့ပေးပါဦးမယ်။

cover တွေကလဲ တော်တော်ရှာရ ခက်နေပါပြီ ။ ။

ညွှန်း - http://aplar.blogspot.com/2008/06/blog-post_22.html

ခင်ဝမ်း၏ပန်းချီလက်ရာများ

0 comments






ခင်ဝမ်း(၁၉၄၇-၂၀၀၀)



တေးရေး.တေးဆို ပန်းချီဆရာခင်ဝမ်း ကို ၁၉၄၇ ခုနှစ် နိုဝင်ဘာလ ၂၄ ရက် တနင်္လာနေ့ တွင် ဖခင် ဦးအောင်ခ မိခင် ဒေါ်သိန်းတင် တို့မှာ ပြည်မြို့၌ မွေးဖွားခဲ့သည် ။

၁၉၆၅-၆၆ တွင် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ပညာသင်ကြားခဲ့သည် ။ ၁၉၆၉ တွင် ဒေါ်ခင်လေးမြင့်နှင့် လက်ထပ်ခဲ့သည် ။

၁၉၇၁ ဇန်န၀ါရီလတွင် စိတ္တဇပန်းချီ စာအုပ်ရေးသားထုတ်ဝေခဲ့ပြီး ၊ မြန်မာပန်းချီလောကအတွက် ပန်းချီ ချဉ်းကပ်ခံစားပုံ အကြောင်းနှိုးဆော် ရေးသားခဲ့သည် ။

၁၉၇၂ သြဂုတ်လ ၆ရက်တွင် မျက်နှာစိမ်း တကိုယ်တော်ပြပွဲကို ရန်ကုန်မြို့၊ သိမ်ဖြူလမ်း ဆရာဝန်များ အသင်းတိုက်တွင် ပြသခဲ့သည် ။

၁၉၇၃ တွင် မြှားဘုရင် တကိုယ်တော် ပန်းချီပြပွဲကို လောကနတ် တွင်ကျင်းပခဲ့သည်။ (Hyper Realism များ ရေးဆွဲပြသခြင်း) ခင်ဝမ်း၏ မနောပွဲပန်းချီကား၁၉၇၃-၇၄ တွင် ပဉ္စဇင်္ဂမီ ပန်းချီပြပွဲတွင်လည်း ပါဝင်ပြသခဲ့သည် ။

၁၉၇၅ တွင် အရှေ့ရွာ ဂယ်လာရီကို ကိုကြည်တွဲ နှင့်တည်ထောင်ခဲ့သည် ။

၁၉၇၇ တွင် ခင်ဝမ်းဦးဆောင်ဖွဲ့စည်းသော Rainbow Bridge တီးဝိုင်းဖြင့်“ နှင်းဆီဖြူရဲ့ အဝေးကလူတစ်ယောက်”တေးစီးရီး ကိုကိုယ်တိုင်သီဆို ထုတ်ဝေခဲ့သည်။ ဒီသီချင်းအယ်လ်ဘမ်က စိုင်းခမ်းလိတ် ၁၉၇၃-၇၄ မှာ လမ်းဖောက်ထားတဲ့ အနောက်တိုင်း Country Style ဂီတကို မြန်မာ့ခံစားမှုနဲ့ ကိုယ်ပိုင်တေးသွား ရေးစပ်ခြင်းများထက် ပိုပြီး အနုပညာ အားကောင်းသော တေးစာသားတွေ ဖန်တီးပြထားတာ တွေ့ရသည်။

အနောက်တိုင်း ကျေးလက်ဂီတ ကို မြန်မာ့ခံစားမှု့ဖြင့် ကိုယ်ပိုင်တေးသွားများထက် ပိုမို၍အနုပညာ အားကောင်းသော တေးစာသားများ ဖန်တီးပြခဲ့သည် ။

ခင်ဝမ်းပန်းချီ တင်မက ဂီတ အနုပညာတွင်လည်း အောင်မြင်ခဲ့သူဖြစ်သည် ။

နှင်းဆီဖြူရဲ့ အဝေးကလူတစ်ယောက် ၊ပြည်မှာဆောင်း ၊ အိပ်မက် ၊ ပန်းနုရောင်ခံစားချက်များ ၊ ည ၊ လိပ်ပြာလွင်ပြင်၊ ကစားမလား နားမလား ၊ ပန်းခရမ်းပြာ ၊ အမှောင်ကိုထွန်းညှိမဲ့မီးအိမ် ၊ လိုတရအကြည့် ၊ မင်းလျှောက်ခဲ့တဲ့လမ်း တေးစီးရီးများနှင့် တဖန်ပြန်လည်၍ ဖြတ်သန်းခြင်း ၊ ခင်ဝမ်းလက်ရွေးစင် (၂) ၊ စိတ်ကြိုက်ပြန်ဆိုတေးများ စသည့်လက်ရွေးစင် သီချင်းခွေများလည်း သီဆိုထုတ်ဝေခဲ့သည်။

ခင်ဝမ်း၏ အင်းသား ပန်းချီကား၁၉၇၉ တွင်ဒြပ်မဲ့ တစ်ကိုယ်တော် ပန်းချီပြပွဲကျင်းပခဲ့သည် ။ ၁၉၉၇ တွင် Metallurgy အမည်ဖြင့် Spray မှုတ်ထားသော ဖန်တီးမှုများနှင့် ပန်းချီလက်ရာသစ် များကို IVY ဂယ်လာရီ၌ ခင်းကျင်းပြသခဲ့သည် ။ ၁၉၉၈ တွင် မနောပွဲ ၊ အင်းသား ၊ ဒုံယိမ်း အစရှိသောပန်းချီကားများ ရေးဆွဲခဲ့သည်။ ၁၉၉၈-၉၉ မှာ မနောတိုင်၊ အင်းသား၊ ဒုံးယိမ်း စတဲ့ပန်းချီကားတွေရေးဆွဲခဲ့တယ်။ (FMI Centre အပေါ်ဆုံးထပ်မှာ ချိတ်ဆွဲထားသည်။)

ခင်ဝမ်းသည် မြန်မာ့ ခေတ်ပေါ်ပန်းချီ လှုပ်ရှားမှု့များတွင် ရှေ့တန်းမှာဦးဆောင်ပါဝင်ခဲ့သည့် အပြင် စံကြည်ကျော့ ဟူသော ကလောင်အမည်ဖြင့် ဘာသာပြန်ဝတ္ထုတိုများလည်း ရေးသားခဲ့သေးသည်။

၂၀၀၀ ပြည့်နှစ် ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ကွယ်လွန်သည်။

မှတ်ချက်-wikimyanmar မှကူးယူဖော်ပြတာဖြစ်ပါတယ်


ပဒေါင်အမျိုးသမီး.jpg


green hermony.jpg

ကချင်မနောပွဲ.jpg

ကရင်ဒုံးယိမ်း.jpg

ကိန္ဒရီ.JPG

ချင်းမုဆိုး.jpg

မြန်မာသင်္ကြန်ပွဲ.jpg

ရှမ်းကိန္ဒရာကပွဲ.JPG

အင်းလေးလှေသမား.jpg

ညွှန်း - http://aupyitkhar.multiply.com/photos/album/6/6?&show_interstitial=1&u=%2Fphotos%2Falbum#

ခင်ဝမ်း (သို့မဟုတ်) အနုပညာဖြင့် စင်ကြယ်စွာ နေထိုင်ခဲ့သူ

0 comments

ရေးဖြစ်ခဲ့သော မြားနတ်မောင် တာဝန်ခံအယ်ဒီတာစကား (၂၀)
ခင်ဝမ်း (သို့မဟုတ်) အနုပညာဖြင့် စင်ကြယ်စွာ နေထိုင်ခဲ့သူ
ဒေါက်တာလွဏ်းဆွေ
ပုံတူပန်းချီ - မင်းကျော်ခိုင်

မရဏလေသည် အနုပညာပန်းပွင့်ကြီးများကိုသာ ရွေး၍ ခြွေချနေလေရော့သလားမသိ။ ၃-၂-၂၀၀၀ နေ့ကလည်း ကိုခင်ဝမ်းဟု ကျနော်တို့ ချစ်စနိုး ခေါ်ဝေါ်ခဲ့ကြသော ပန်းချီဆရာ၊ တေးရေးဆရာ၊ အဆိုတော် ခင်ဝမ်း (၁၉၄၇-၂၀၀၀) ကွယ်လွန်ဆုံးပါးခဲ့ရပြန်ချေပြီ။

“ … နှုတ်ဆက်ခဲ့ပါတယ် … ကျနော် သွားတော့မယ် … လမ်းရဲ့သယ်ဆောင်ရာ … ဟိုအဝေးကို … အဝေးကို …”

ကိုခင်ဝမ်းတယောက် ကျနော်တို့အား အမှန်တကယ်ပင် နှုတ်ဆက်ထွက်ခွာသွားခဲ့ပါပြီ။

*****

၅-၂-၂၀၀၀ နေ့ နံနက် ၁၁း၃၀ နာရီခန့်က ကျနော်သည် ရွှေပေါက္ကံမြို့သစ်နေ စာပေမိတ်ဆွေတဦးက ဖိတ်ကြားသော မိတ်ဆုံစားပွဲတခုသို့ ရောက်ရှိနေခဲ့သည်။ နေ့လယ် ၂ နာရီတွင် ထိုနေရာမှတဆင့် သိပ်မဝေးတော့သော ရေဝေးသုသာန်တွင် သင်္ဂြိုဟ်မည့် ကိုခင်ဝမ်း၏ ဈာပနကို လိုက်ပါပို့ဆောင်ရန် စိတ်ကူးဖြင့်လည်း တချက်ခုတ် နှစ်ချက်ပြတ် ရောက်ရှိနေခဲ့ခြင်းဖြစ်ပါသည်။ စားရင်းသောက်ရင်း စကားလက်ဆုံကျနေကြရင်းမှ နေ့လယ် ၁ နာရီထိုးလောက်တွင် အားလုံးကို ခွင့်ပန်ကာ စာရေးဆရာ ကိုတာ၏ ကားအကူအညီဖြင့် ရေဝေးသို့ ထွက်လာခဲ့သည်။ ကားပေါ်သို့ အတက်တွင် ကဗျာဆရာ ညွန့်သစ်လည်း နောက်မှ အပြေးအလွှား လိုက်လာခဲ့သည်။


ရှင်သန်နေတဲ့ ကိုခင်ဝမ်းရဲ့ ပုံရိပ်များ (သို့မဟုတ်) ရှားပါးလှတဲ့ ကိုခင်ဝမ်းရဲ့ Live Show အပိုင်းအစများ

သို့နှင့် နေ့လယ် ၁ နာရီ ၁၀ မိနစ်ကျော်ကျော်တွင် ကျနော်၊ ဆရာညွှန့်သစ်နှင့် ကားဆရာတို့ သုံးဦး ရေဝေးသုသာန်သို့ ရောက်ရှိခဲ့ကြသည်။ သို့သော် ကျနော်တို့ပဲ နာရေးအချိန်ဇယား အကြားမှား၊ အမှတ်မှား၍လားမသိ။ ကျနော်တို့ ရောက်တော့ ရေဝေးတွင် လူရှင်းနေသေးသည်။ ကိုခင်ဝမ်း၏ ရုပ်ကလာပ်ကိုလည်း ရေဝေးသို့ သယ်ဆောင်မလာသေး။ အသိ စာပေမိတ်ဆွေတချို့သာ ရောက်နှင့်နေကြသေးပြီး သင်ပုန်းမှ သင်္ဂြိုဟ်မည့် အချိန်ဇယားကို သွားဖတ်ကြည့်တော့ “ဦးခင်ဝမ်း - ညနေ ၄ နာရီ” ဟု ရေးထားသည်ကို တွေ့ရသည်။ အချိန်တော်တော် စောနေသေး၍ ဟိုဟိုဒီဒီ လျှောက်နေရင်း ကိုခင်ဝမ်း၏ အနုပညာများနှင့် ဘ၀ဖြတ်သန်းမှုအကြောင်းကို တစွန်းတစ တွေးတောနေမိသည်။ ထိုသို့ တွေးမိနေရင်းမှ သိပ်မကြာသေးမီ ညနေခင်းတခုတွင် ခင်မင်ရင်းနှီးသော စာပေမိတ်ဆွေတဦးနှင့် ဆုံဖြစ်ခဲ့သည့် စကားဝိုင်းတခုသို့ စိတ်က ရောက်သွားခဲ့သည်။

*****

ထိုညနေက ကျနော်နှင့် စာပေမိတ်ဆွေကြီးတို့ နှစ်ဦးသား အနုပညာသမားတို့၏ ဘ၀နေထိုင်ဖြတ်သန်းမှု ပုံစံများအကြောင်းကို ဆွေးနွေးဖြစ်ခဲ့ကြသည်။ နံဘေးမှ မိတ်ဆွေတဦးက အသံတိတ် နားထောင်နေခဲ့သည်။ ထိုသို့ပြောနေရင်းမှ အဖွဲ့တခုက ဆင်းရဲနွမ်းပါးသော စာပေအနုပညာသမားတို့ကို ပံ့ပိုးကူညီနေသည့် ကိစ္စအကြောင်း ရောက်သွားခဲ့သည်။ လူရွေးချယ်မှုနှင့်ပတ်သက်၍ ဘယ်လို စာပေအနုပညာသမားကို ရွေးချယ်ပံ့ပိုးမလဲ ဟူသောကိစ္စအရောက်တွင် စာပေမိတ်ဆွေကြီးက သူ့အနေနှင့် မိသားစုအပေါ် တာဝန်မကျေသူ ဘယ်အနုပညာသမားကိုမဆို အနုပညာလက်ရာ ဘယ်လောက်ပင်ကောင်းကောင်း မကူညီ မထောက်ပံ့နိုင်ကြောင်း အခိုင်အမာ ပြောဆိုနေခဲ့သည်။

ကျနော်ကမူ အနုပညာရှင်တို့၏ ဘ၀ဖြတ်သန်းမှုကို သာမန်လူသားတဦး၏ဘ၀နှင့် အနုပညာသမားဘ၀ ဆိုပြီး နှစ်ပိုင်းခွဲခြားမြင်ပါကြောင်း၊ နှစ်ပိုင်းစလုံးတွင် တာဝန်ကျေသူဖြစ်ပါက အပြည့်စုံဆုံးပင်ဖြစ်ကြောင်း၊ သို့သော် သာမန်လူသားတဦး၏ တာဝန်ဝတ္တရားများကို ကျေပွန်စွာ မထမ်းဆောင်နိုင်လင့်ကစား သူ၏ အနုပညာပစ္စည်းများသည် လက်ရာပြောင်မြောက်စွာ ကောင်းမွန်နေပါက ထိုသူကိုသာ ဦးစားပေး ထောက်ပံ့သင့်ကြောင်း၊ အနုပညာသမားကို ထောက်ပံ့ခြင်းဖြစ်၍ အနုပညာကောင်းသူများကိုသာ ဦးစားပေး ရွေးချယ်သင့်ကြောင်း၊ သူသည် မိသားစုအပေါ် လစ်ဟင်းမှုများ ရှိလင့်ကစား သူ၏ အနုပညာ လက်ရာကောင်းများသည် သူနေထိုင်ရာ လူ့အဖွဲ့အစည်းအတွက် အလွန်ပင် အကျိုးကျေးဇူးများလှ၍ တဘက်က လစ်ဟင်းမှုများကို ခွင့်လွှတ်နားလည်ပေးနိုင်ပါကြောင်း ရှည်ရှည်ဝေးဝေး ပြန်လည်ရှင်းပြနေမိသည်။ သို့သော် စာပေမိတ်ဆွေကြီးက လက်မခံ။ အပြန်တွင်ကား သူလည်း သူ့အယူအဆကို ဆုပ်ကိုင်၊ ကျနော်လည်း ကျနော့်အယူအဆကို ဆုပ်ကိုင်ကာ ပျော်ပျော်ရွှင်ရွှင်ပင် လမ်းခွဲခဲ့ကြသည်။

*****

ကျနော်တို့ချစ်သော အစ်ကိုကြီး ကိုခင်ဝမ်းသည်လည်း အနုပညာကို သစ္စာရှိရှိ ဖက်တွယ်ရင်း အနုပညာသမားဘ၀ဖြင့် ဘ၀တလျှောက်လုံး အသက်ရှင်နေထိုင်ခဲ့သူပင်ဖြစ်သည်။ သို့ဖြစ်၍ ကိုခင်ဝမ်း၏ ဘ၀တွင် သာမန်လူသားတဦး၏ ဘ၀ဖြတ်သန်းမှုနှင့် အနုပညာသမား၏ ဘ၀ဖြတ်သန်းမှု နှစ်ပိုင်းစလုံး ရှိခဲ့မည်ပင်ဖြစ်သည်။ ကိုခင်ဝမ်းတွင် ကျနော်နှင့် စာပေမိတ်ဆွေကြီးတို့ ဆွေးနွေးခဲ့ကြသလို ၀ိဝါဒကွဲစရာများ ရှိကောင်းရှိခဲ့မည်လား မပြောတတ်။ ကိုခင်ဝမ်းသည် သာမန်လူသားတဦး၏ ဘ၀တွင် စာပေမိတ်ဆွေကြီး ဖြစ်စေချင်သလို တာဝန်ကျေခဲ့သလား၊ မကျေခဲ့ဘူးလား အနီးကပ် နေထိုင်ခဲ့သူ မဟုတ်၍ ကျနော် မသိ (အနီးကပ်ဆို၍ ၁၉၉၆ သြဂုတ်လအတွင်းက ယခု သဘင်အနုပညာဂျာနယ် တာဝန်ခံအယ်ဒီတာ ဆရာနွယ်ဦးလှိုင်နှင့်အတူ ကိုခင်ဝမ်း နေထိုင်ရာ မြေနီကုန်းတိုက်ခန်းသို့ တခေါက် ရောက်ခဲ့ဖူးခြင်းသာရှိသည်။ ကိုခင်ဝမ်းကို အမျိုးသားဇာတ်ရုံတွင် တကိုယ်တော် သီဆိုဖျော်ဖြေပွဲ ‘One Man Show’ လုပ်ရန် သွားရောက် ညှိနှိုင်းပြောဆိုခဲ့ခြင်းသာဖြစ်ပြီး အကြောင်းကြောင်းကြောင့် အစီအစဉ် ပျက်ပြားသွားခဲ့ရသည်။ တွေးမိတိုင်းလည်း စိတ်မကောင်းဖြစ်ရသည်)။ သို့သော် အနုပညာသမားတဦး၏ ဘ၀ဖြတ်သန်းမှုအနေနှင့်တော့ သူသည် မြန်မာ့လူ့အဖွဲ့အစည်းအတွက် တာဝန်ကျေခဲ့သည်ဟု ကျနော် အခိုင်အမာ ပြောချင်သည်။

သူဖန်တီးခဲ့သည့် များလှစွာသော အနုပညာလက်ရာမွန်များကို ထောက်ချင့်၍ ကိုခင်ဝမ်းလို လူသားတဦးအား မြန်မာ့လူ့အဖွဲ့အစည်းက ရရှိခဲ့သည်မှာ အလွန်ပင် တန်ဖိုးရှိလှသည်ဟု ထင်မြင်မိပေသည်။ သူရေးသားခဲ့သော “စိတ္တဇပန်းချီ” စာအုပ်၊ သူရေးဆွဲခဲ့သော ပန်းချီကားများ၊ သူရေးစပ်သီဆိုခဲ့သော သီချင်းများ၊ ကဗျာများသည် အဖိုးမဖြတ်နိုင်သော အနုပညာအမွေအနှစ်များပင်ဖြစ်သည်။ သူသည် ကိုယ်ပိုင်သံစဉ်သီချင်း ရေးစပ်သီဆိုသူအဖြစ် တစိုက်မတ်မတ် ရပ်တည်ခဲ့သူဖြစ်သည်။ အထူးသဖြင့် သူ၏ သီချင်းစာသားများသည် ကဗျာဆန်ဆန် လှပနေကာ အတွေးအခေါ် အားပါလှပြီး နှစ်အတော်များများ ခေတ်ရှေ့ပြေးနေသည်ဟု ထင်မြင်မိပေသည်။ သူ၏ သီဆိုသံသည် အေးရှရှနှင့် သံလိုက်ဓာတ်ပါပြီး သံစဉ်များကလည်း မြန်မာဆန်လှသည်။

သူရေးစပ်သီဆိုခဲ့သည့် နာမည်ကျော်ကြားခဲ့သော “အမေ၊ ဧရာဝတီ၊ ပြည်မှာဆောင်း၊ နှင်းဆီဖြူရဲ့ အဝေးက လူတယောက်၊ ဆယ်လမွန်ငါးတို့အပြန်၊ မုန်တိုင်းစင်ရော်၊ ခုနှစ်ပြည်ထောင်၊ မြားဘုရင်၊ နှင်း၊ အိပ်မရတဲ့ည၊ ညကောင်းကင်ရဲ့တေးသမား၊ ဒီဇင်ဘာ၊ လူပျိုတမ်းချင်း၊ အချစ်ကိုရင်း၍၊ မကြေညာတဲ့ သိမ်းဖျက်ခြင်း၊ တောင်ပေါ်သူလွမ်းတေး၊ သူစိမ်း၊ မမချစ်၊ ဘာမဆိုမင်းအတွက်၊ ကောလိပ်နေ့ရက်များ၊ မျှော်တလင့်လင့်၊ နှုတ်ဆက်ခဲ့ပါတယ် … စသည် စသည်တို့သည် သူ့သီချင်းများကို အရူးအမူး စွဲလမ်းခဲ့သော ပရိသတ်များ၏ ရင်ဝယ် အစဉ်ထာဝရ ကိန်းအောင်နေဦးမည်မှာ သေချာလှပေသည်။

*****

ထိုသို့ အနုပညာဖြင့် ဘ၀တလျှောက် စင်ကြယ်စွာ ရပ်တည်နေထိုင်ခဲ့သူ ပန်းချီဆရာ၊ တေးရေးဆရာ၊ အဆိုတော် ခင်ဝမ်း ကွယ်လွန်အနိစ္စရောက်ခဲ့ခြင်းအတွက် ကျနော်တို့ မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်းမှ နှမြောတသ ယူကျုံးမရစွာဖြင့် ၀မ်းနည်းကမ္ဗည်း ရေးထိုးလိုက်ရပါသည်။

(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ မတ်လ၊ ၂၀၀၀ ခုနှစ်)

ဖွင့်ဟချက် ။ ။ ကျနော်နှင့် ဆွေးနွေးခဲ့သည့် စာပေမိတ်ဆွေကြီးဆိုသူမှာ ရွှေဝါရောင်တော်လှန်ရေးအပြီး တခုသော ရုပ်ရှင်အကယ်ဒမီဆုပေးပွဲ အခမ်းအနားစင်မြင့်ပေါ်တွင် အကောင်းဆုံးဇာတ်ညွှန်း ရွှေစင်ရုပ်ဆုကို ပိုက်လျက်သား တွေ့လိုက်ရသူ ဇာတ်ညွှန်းရေးဆရာ၊ ကဗျာဆရာ အကယ်ဒမီ မြင့်ဦးဦးမြင့်ပင် ဖြစ်ပါသည်။

ညွှန်း - ဒေါက်တာလွဏ်းဆွေဘလော့ http://drlunswe.blogspot.com/2012/02/blog-post_7074.html

ဂျပန့်ရင်သွေး

0 comments


အငြိမ်းစားသံအမတ်ကြီး ဦးသက်ထွန်း
(၁၉၉၆ ခု၊ ဇန်န၀ါရီထုတ် JAL ဂျပန်လေကြောင်း Agora စာစောင်ပါ ဆောင်းပါးမှ ဘာသာပြန်ဆိုပါသည်။)


ယောရှိအိုကာ နိုရိခိသည် ဂျပန်နိုင်ငံ ကောချိနယ၌ မွေးဖွား၍ စစ်တပ်ထဲတွင် ရောက်ရှိပြီးနောက် မန်ချူးပြည် (ယခု တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း) နှင့် မြန်မာပြည်တို့သို့ အပို့ခံရလေသည်။ နေရာအနှံ့အပြားတွင် တိုက်ခိုက်ခဲ့ရပြီး ၁၉၄၅ ခုတိုင်ခဲ့၏။ လွတ်လပ်ရေးအတွက် ဂျပန်နှင့်လက်တွဲခဲ့သော ဗမာ့လွတ်လပ်ရေး တပ်မတော်သည် စစ်ပြီးခေတ်ကိုမျှော်မှန်း၍ အင်္ဂလိပ်စစ်တပ်နှင့် ပူးတွဲကာ မတ်လတွင် ဂျပန်စစ်တပ်ကို စတင်တိုက်ခိုက်လေသည်။

ထိုအချိန်၌ ယောရှိအိုကာသည် ပြည်မြို့အနီး၌ သူ့ထက် အသက်နှစ်နှစ်ကြီး သော ဒေါ်တင်တင် အမည်ရှိသည့် မြန်မာအမျိုးသမီးတဦးနှင့် သိကျွမ်းလေသည်။ ၁၉၄၅ ခု မတ်လတွင် မန္တလေးကျ၍ မေလတွင် ရန်ကုန်ကျပြီး ယောရှိအိုကာသည် ချီတက်လာသော အင်္ဂလိပ်နှင့် အိန္ဒိယစစ်တပ်၏ သုံ့ပန်းဘ၀သို့ ရောက်သွားခါနီးအချိန်တွင် ထိုအမျိုးသမီးသည် အနီးရှိ ဘုန်းကြီးကျောင်း ဆရာတော်ထံ ချဉ်းကပ် တိုးလျှိုးလေသည်။

ဘာသာတရားကိုင်းရှိုင်းသည့် ဗုဒ္ဓဘာသာဝင်အများစုဖြစ်သော ဤနိုင်ငံတွင် သံဃာတို့၏ သြဇာတိက္ကမသည် ကြီးမားလှပေသည်။ ဆရာတော်၏ တပည့်အဖြစ် စောင့်ရှောက်မှုခံယူရရှိသော ယောရှိအိုကာအား ဒုက္ခပေးမည့်သူ (စစ်တပ်အပါအ၀င်) မည်သူမျှမရှိပါ။ ၁၉၄၆ ခုနှစ်တွင် ကျောင်းမှထွက်သော ယောရှိအိုကာအား ဆရာတော်က ‘အောင်ခ’ ဟူသော မြန်မာနာမည် ပေးသနားပါသည်။ ရွာတနေရာတွင် မြေတကွက်ပေးသဖြင့် ထိုနေရာတွင် ၎င်းတို့နှစ်ဦး အိမ်ထောင်ကျပါသည်။

၁၉၄၇ ခုနှစ် နိုဝင်ဘာလတွင် သားဦးရတနာဖွား၍ ‘ခင်ဝမ်း’ ဟု ကင်ပွန်းတပ်လေသည်။ ထို့နောက် ယောရှိအို ကာသည် လုံ့လ၀ီရိယစိုက်ထုတ်၍ ဆန်စက်တလုံး တည်ထောင်လေသည်။ ခင်ဝမ်းသည် ငယ်စဉ်ကတည်းက ဖခင်ကြီး အလုပ်လုပ်ပုံကို နီးနီးကပ်ကပ် တွေ့မြင်ရလေသည်။

ယောရှိအိုကာသည် မြန်မာစကား ပြောတတ်သော်လည်း စာတော့ မရေးတတ်ပါ။ ထို့အတွက် လုပ်ငန်းတွင် လိုအပ်သော စာရွက်စာတမ်းတို့ကို ပြုစုရန် သားအပေါ်အားထား၍ သား မြန်မြန်ကြီးပြင်းပါစေဟု အဖေကြီးက တဖွဖွ တောင့်တနေခဲ့၏။ ခင်ဝမ်းသည် မူလတန်းကျောင်း နှစ်တန်း၌ နေစဉ်ကတည်းက ဖခင်ကိုယ်စား ဆောင်ရွက်ခဲ့၏။

ခင်ဝမ်းသည် မူလတန်းကျောင်း မ၀င်မီကတည်းက သူ့ဖခင် ဂျပန်လူမျိုးဖြစ်ကြောင်း သိရှိခဲ့၏။ ၎င်းအချက်ကို သတိပေးခံရသည့်နေ့ ရောက်လာခဲ့၏။ သူငယ်ချင်းများ ရှေ့မှောက်၌ပင် တတန်းလုံးရှေ့၌ ကုလားထိုင်ပေါ် မတ်တပ်ရပ်စေပြီး …

“မင်းဟာ ဂျပန့်သား၊ ဂျပန်တွေ ဒီတိုင်းပြည်မှာ ဘာတွေလုပ်သွားသလဲ မင်းသိလား” ဟု ဆရာက ဒေါသတကြီး ပြောကြားနေ၏။၊ ဆရာသည် စစ်ဒဏ်ခံခဲ့သူ တယောက်ပေ။ မိမိနိုင်ငံကို စစ်မီးတောက်ထဲ သွင်းသည့် နိုင်ငံကို အကောင်းမြင်မည်မဟုတ်။ စစ်ဘေးဒဏ်ကို မမေ့ကြသေး။ ထို့အပြင် တိုင်းပြည်တွင်း အမျိုးသားစိတ်ဓာတ် တက်ကြွနေသည့်အခါလည်းဖြစ်၊ ခင်ဝမ်းမှာ အတော် စိတ်ထိခိုက်သွား၏။ အိမ်ပြန်ရောက်သော် အသံထွက်ပြီး ငိုကြွေးမိ၏။ သို့သော် ခင်ဝမ်းသည် ဖခင်ကြီးအား ကျောင်း၌ ဖြစ်ပျက်ခဲ့သည့် ကိစ္စကို ပြန်မပြောပေ။

“ဝေးလံတဲ့ နိုင်ငံကလာ၊ တစိမ်းတွေကြား နေရတဲ့ အဖေကြီးကို စိတ်မချမ်းသာတဲ့ကိစ္စ မသိစေချင်ဘူး”

ခင်ဝမ်းသည် အသက် ၄၀ ပြည့်သည့်နေ့တိုင် ဤကိစ္စကို ဖခင်ကြီးထံမှ ဖုံးကွယ်ထားခဲ့၏။ ဤအကြောင်းကို ပြောပြသည့်အခါ ဖခင်ကြီးသည် တညလုံး စကားမပြော။ ထိုစဉ်က မပြောရကောင်းလားဟု သားကို မဆူရုံတမယ်သာ။

မိမိသည် ဂျပန့်ရင်သွေးမှန်း အသိပေးခံရပြီးနောက် ခင်ဝမ်းသည် ဂျပန်၌ အစ်ကိုများရှိကြောင်းကိုလည်း သိရှိလေသည်။ ဖခင်ကြီး စစ်မထွက်မီ လက်ထပ်ခဲ့ရာ ဂျပန်၌ သားနှစ်ယောက် ထွန်းကားခဲ့၏။ “ကျနော်တို့က အဖေကြီးကို လုယူထားသလို စိတ်ထဲမှာ ခံစားမိပါတယ်။ ဒါကြောင့်မို့ ဟိုဘက်အိမ်ထောင်စုက ဘယ်လို သဘောထားသလဲဆိုတာကို အမြဲသိချင်နေခဲ့ပါတယ်”

ဖခင်ကြီးသည် အလုပ်ကြိုးစားလုပ်၍ ဆန်စက်ကို တိုးချဲ့၊ ဂျပန်ပြည်က ဆွေမျိုးတွေထံ ပိုက်ဆံမှန်မှန်ပို့၏။ ခင်ဝမ်းသည် ကလေးဘ၀ထဲက ပုံဆွဲဝါသနာပါ၏။ ကိုယ့်ဘာသာကိုယ် သင်ကြားသော ပုံဆွဲပညာ ဖြစ်သော်လည်း လက်ရာများနှင့်အတူ တဖြည်းဖြည်း နာမည်ထွက်လာ၏။ တက္ကသိုလ် တတိယနှစ်တွင် အိမ်ထောင်ပြု၏။ ယခု မိန်းခလေး ၄ ယောက်၏ အဖေ ဖြစ်နေလေပြီ။

နှစ်နှစ်ကြာမှ ကျောင်းပြန်ဝင်ရလေရာ ထိုကာလအတွင်း ခင်ဝမ်းသည် ဂျပန်မြေကို နင်းလေသည်။ ဂျပန်ရှိ ဦးလေးတော်သူက ကျောင်းတခု၌ ပုံဆွဲဆရာအဖြစ် ထမ်းရွက်နေ၏။ ထိုနေရာ၌ ခင်ဝမ်းသည် အစ်ကိုနှစ်ယောက်နှင့် တွေ့ရ၏။

ကောချိနယ်မြေ၏ မြေအနေအထားကြောင့်လား သို့မဟုတ် အိမ်ထောင်စု ရှုပ်ထွေးမှုကြောင့်လားမသိ။ အစ်ကိုကြီးသည် အရက်ကြိုက်၏။ တွေ့တွေ့ချင်း ညီကို ခွင့်လွှတ်၏။ “အရက်မသောက်ရင် ငါ့ညီ မဖြစ်ဘူးကွ” ဟု ရယ်ရွှန်းပြောဆို၍ အရက်အတူတူသောက်ရင်း စကားလက်ဆုံကျကြ၏။

ဂျပန်က ပြန်လာပြီး ကျောင်းပြန်တက် ဘွဲ့ယူ ပန်းချီဆက်ဆွဲ၏။ ထို့နောက် ၂၇ နှစ်အရွယ်တွင် စိတ်ကူးရပြီး သီချင်းစပ်ဆို၏။

“သီချင်းစပ်ရတာ စိတ်ဝင်စားဖို့ကောင်းလို့”

သီချင်းသားမှာ မြန်မာလို၊ မြန်မာတွင် အိန္ဒိယက လာသော ပါဠိစကားရှိ၏။ ဂျပန်တွင် ခန်ဂျီ (တရုတ်စာ) ရှိသလို။ မြန်မာနှင့် ပါဠိစကား ရောထားသော သီချင်းများဖြစ်၏။ သီချင်းခေါင်းစဉ်တွင် ပါဠိစကား သုံးထား၏။ ပညာတတ်လူတန်းစားတို့ ကြိုက်နှစ်သက်သော သီချင်းများဖြစ်၏။

ခင်ဝမ်း၏ မိတ်ဆွေ ရေဒီယိုအဆိုကျော် ၀ါးခယ်မ ဦးရဲမောင်က ဆိုသည်မှာ “ဘယ်သူမဆို စတားဖြစ်ချင်နေကြတဲ့အကြား ခင်ဝမ်းက ဒီလို စိတ်မျိုးမထားဘူး။ စွမ်းရည်မရှိလို့ မဟုတ်ဘူး။ ကိုယ့်အပေါ်ကိုယ် ယုံကြည်မှုရှိလို့ ဖြစ်ရမယ်”

ခင်ဝမ်းအား ဖခင်သွေးနဲ့ သီချင်းဝါသနာ အဆက်အသွယ်ရှိမရှိ မေးကြည့်မိရာ “အဖေက ဂျပန်ဖြစ်တာနဲ့ သီချင်းဝါသနာပါတာနဲ့ မဆိုင်ဘူး။ အခုထိ သီချင်းတွေက sentimental၊ နောက်ကိုတော့ blues ရေးချင်တယ်”

blues ဆိုသည်မှာ ပျော်ရွှင်ဖွယ် အတွေ့အကြုံနှင့် ထီးတည်းကျန်မှုကို နှစ်ဆိုထားသော သီချင်းဖြစ်၏။ ခင်ဝမ်းတွင် ညီနှစ်ယောက် ညီမတယောက်ရှိ၏။ ဖခင်ကြီးမှာ မြန်မာနိုင်ငံသား ခံယူထားသော်လည်း မောင်နှမတွေကတော့ ဂျပန်နာမည်များ ရှိကြ၏။ ခင်ဝမ်းကို ယောရှိအိုကာကိချိအိုဟူ၎င်း ဘ၀ပျော်ရွှင်မှုကို ဆုတောင်းပြီး မှည့်ခေါ်ထား၏။ သူ့အောက် ယောက်ျားကလေးမှာ ယခင်အနှစ် ၂၀ ကပင် ဂျပန်နိုင်ငံသား ခံယူ၍ အိုဆာကာ၍ နေထိုင်လျက်ရှိသည်။ ဖခင်ကြီးသည် ကျန်းကျန်းမာမာနှင့် ပြည်မြို့၌ နေထိုင်လျက်ရှိသည်။

“ဖေဖေ့မှာ ဘူရှီဒို စိတ်ဓာတ်ရှိတယ်။ ဂျပန်စစ်ရှုံးလို့ ဂျပန်ပြည်ကို မကြည့်ချင်တော့။ ဒါပေမယ့် မြန်မာပြည်မှာတော့ မရှုံးချင်ဘူး။ ဆွေမျိုးတွေကိုကော တွေ့တဲ့လူတွေကိုကော ရှုံးတဲ့ ပုံပန်းသဏ္ဍာန် မပြချင်ဘူး။ ဒါကြောင့် တအားကုန် ကြိုးစားကြံ့ကြံ့ခံနေတာပဲ”

ယနေ့စာရင်းဝင် ဌာနီမပြန် ဂျပန်စစ်သည် ဦးရေမှာ မများလှ။ အသက်ကြီးရင့်လာကြပြီး တမလွန်ဘ၀ကူးကြသူ များလာ၍ ဖြစ်လေသည်။ သို့သော် စာရင်းဝင်သည်ထက် ကျော်လွန်၍ မြန်မာပြည်အနောက်ပိုင်း၊ မြောက်ပိုင်းရှိ တောင်ကုန်းဒေသတို့ကို ဗဟိုပြုသည့်နေရာတို့တွင် ဌာနီမပြန် ဂျပန်စစ်သည်တို့ ရှိသည်ဆိုသော ကောလာဟလသည် ယနေ့တိုင် မစဲသေးပေ။

တရုတ်နယ်စပ်အနီး ဂျပန်စစ်သည်တယောက်နှင့် ရန်သူ ၁၀ ယောက်တို့ တိုက်ခိုက်ခဲ့ကြသည်ဟုဆိုသော ရှမ်းပြည်နယ် မိမိ၏ အတိတ်နှင့်ပတ်သက်၍ တခွန်းမှမပြောဘဲ လန်ခြားဆွဲသူအဖြစ် ဘ၀အဆုံးသတ်သွားသော ဂျပန်စစ်သားတဦး ရှိခဲ့၏။ သူ့ကို လူတွေက ‘ဦးဂျပန်’ ဟု ခေါ်ကြ။ ဌာနီမပြန်သည့် စစ်သည်။ သူ့ဇနီး၊ သူ၏ ကလေးများ ၎င်းတို့အသီးသီးတွင် ထူးခြားသော လူ့သဘာဝရှိကြ၏။ ။

JAPANESE OFFSPRING
Retired Ambassador U Thet Tun
(Translated from an article in the January 1996 issue of JAL's "Agora".)

Yoshioka Noriki was born in Kochi, Japan, and after enlistment in the army was sent to Manchuria (now North East China) and Myanmar. He fought in various places until 1945. Myanmar Army which collaborated with the Japanese for the sake of Independence launched its resistance against the Japanese Army in March in cooperation with the British Army with a view to postwar Independence.

At that time Yoshioka had met near Prome a Myanmar woman two years his senior by the name of Daw Tin Tin. Mandalay fell in March, 1945 and Rangoon in May 1945. Before Youshioka saw taken prisoner by the advancing English and Indian Army, Daw Tin Tin approached the sayadaw (presiding monk) of a nearby monastery.

The influence of sangha in this predominantly Buddhist country is great. As a disciple under the protection of the sayadaw, Yoshioka was unharmed by anybody including the army. On leaving the monastery Yoshioka was give the Myanmar name of "Aung Kha" by the Sayadaw. On a plot of land in the village also give by the sayadaw the two set up a home.

The first born son in November 1947 was named "Khin One". Working hard, Yoshioka built a rice mill. Khin One observed from close quarters how his father worked.

Yoshioka could speak Myanmar but could not write it. Relying therefore upon his son for documentation work, Yoshioka looked forward to his son's growing up. Khin One was helping his father since the second standard primary.

Even before he entered the primary school, Khin One was aware of the Japanese identity of his father. At school the day soon arrived when he was reminded of it - in the presence of his classmates. Made to stand on a chair in front of the whole class, he was told,

"You are son of a Japanese. Do you know what the Japanese did in this country?"
by an angry teacher, apparently a victim of depredations of the war. Naturally one would not think well of a country which threw his into war flames. And one would not as yet have forgotten the damage done by the war, especially at a time of rising nationalist feelings.

Khin One was greatly upset and on return home broke down and cried aloud. However, he did not let his father know what transpired at school.

"I didn't want to upset my old man who has come from afar and has to live among strangers."
Uptil his fortieth birthday Khin One hid this incident from his father. When he finally revealed it, the old man remained silent the whole night except to reprimand Khin One for not having informed him then and there.
When the Japanese identity of his father was made known to Khin One, he was simultaneously informed that he has two half-brothers in Japan out of the prewar marriage of his father.

"We felt we had robbed them of their father. So we always wanted to find out how the other side of the family was taking it."

The father worked hard, expanded his rice mill and made regular remittances to his family in Japan.

Khin One was fond of drawing since childhood. Though self-taught, his drawing gradually made a name for him. He married in the third year of the university and is now father of four girls.

Re-admitted only two years later, Khin One in the meantime took the opportunity of visiting Japan. An uncle was teaching drawing at a school and at his place Khin One met his two Japanese half-brothers.

Either because of the good earth of Kochi or of domestic complications, the elder brother was fond of drinks. Instantly forgiving his younger brother, he jokingly said,

"If you don't drink, you cannot be my brother",
and drinking together fell into conversation.

On return from Japan, Khin One completed his degree course and continued drawing. Then at 27, he became inspired to compose music.

"It's interesting to write songs."

As Japanese has kanjis in it, Myanmar has Pali words. Khin One's songs use Pali titles and a mixed language text, which is much appreciated by the educated class.

According to Khin One's friend, radio vocalist Wakema U Ye Maung, "While everybody wants to become a "star", Khin One has no such ambition. It's not because of lack of talent. It must be because of lack of self-confidence."

When asked if there was a connection between his Japanese blood and love of music, Khin One replied, "There's no causal relation between Japanese blood and love of music. Up to now my songs have been sentimental. From now on, I'd like to write "blues".

"Blues" are a mixture of joyful experience and solitude.

Khin One has two brothers and one sister. Although the father has adopted Myanmar citizenship, the children have Japanese names. Khin One is named Yoshioka Kichio or Joie de vivre. His younger brother has taken Japanese nationality since 20 years ago and now lives in Osaka. His father still lives on in good health in Pyay.

"Father has bushido spirit. He didn't want to see Japan because Japan has lost (the war). But he doesn't want to lose out in Myanmar. He doesn't want to present a losing posture neither to his relatives nor to people he meets. That's why he works so hard and stands firm."

Japanese soldiers listed today as non-returnees are not that many. Partly because they have aged and some have passed away. But rumours persist that outside the list, there are non-returnees in the West of Myanmar and in the hilly regions of the North.

In the Shan States near the Chinese border where there was reported to have been a fight between one Japanese soldier and 10 enemy soldiers, there was a Japanese soldier who ended his days as a rickshaw puller never relating his past. He was known as "U Japan".

The Japanese soldier who did not go home, his spouse, his children, each has his/her special characteristics.

(www.mchronicle.com.mm မှ ကူးယူဖော်ပြပါသည်။)

ညွှန်း - http://drlunswe.blogspot.com/2009/02/blog-post_2719.html

စင်္ကာပူနဲ့ မြန်မာမီဒီယာ

4 comments


ပြည်တွင်းပြည်ပ မြန်မာပြည်သားများ ဖတ်ရှုတဲ့ ဧရာဝတီဘလော့ကို ဘယ်ဒေသက အများဆုံး ၀င်ရောက်လာသလဲ ဆိုတာ ကြည့်လိုက်တော့ စင်္ကာပူဖြစ်နေပါတယ်။

ဒီတပတ်အတွင်း ၀င်ရောက်မှုပြ ကိန်းဂဏန်းတွေကို အထက်ပါပုံမှာ မြင်ရမှာပါ။
ဒီနေ့ဝင်ရောက်မှုကို ကြည့်ရင်လည်း စင်္ကာပူက အများဆုံးလာတယ် ဆိုတာ တွေ့ရပါတယ်။

မြန်မာပြည်သားတွေ စင်္ကာပူကျွန်းလေးမှာ အလုံးအရင်းနဲ့ ရှိနေတယ် ဆိုတာ ဒီကိန်းဂဏန်းက ပြနေသလို
စင်္ကာပူအကြောင်း မီဒီယာအသီးသီးမှာ ဖော်ပြတဲ့ သတင်းတွေ၊ ဆောင်းပါးတွေ ဆိုရင်လည်း အင်မတန် အဖတ်များ အကြည့်များတာကို တွေ့နေရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကိုယ်စားလှယ်ဖြစ်နိုင်ပါမည်လော

6 comments


ဥပဒေဘက်တော်သားတစ်ဦး

UN ကိုယ်စားလှယ် ကင်တားနား၊
ဒေါ်အောင်ဆန်းစုကြည် ဖေဖော်ဝါရီ ၃ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲ (ဓာတ်ပုံ - ဧရာဝတီ)

၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်လျက် ၁-၄-၂၀၁၂ ခုမှာကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲမှာ NLD အောင် နိုင်ရေး၊ မိမိကိုယ်တိုင် ကော့မှူးမဲဆန္ဒနယ်မှာ အောင်ပွဲခံ၊ အနိုင်ရရှိရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် မအိပ်မနေကြိုးပမ်းနေ သည့် ဒေါ်အောင်ဆန်းစုကြည်သို့ မြန်မာနိုင်ငံရေးခရီးမှာ ရင်ဆိုင်ရဖွယ်ရှိသည့် ပြဿနာများကို ကျွန်တော်လေ့လာမိသလောက် သန့်စင် သောစေတနာဖြင့် တင်ပြလိုပါသည်။

၂။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခုလို လှုပ်ရှားဆောင်ရွက်လာနိုင်သည့် အခြေခံ အကြောင်းရင်းဟာ နေပြည်တော်မှာ သမ္မတကြီး ဦး သိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာက စတင်ဖြစ်ပေါ်လာခဲ့သည် ဆိုလျှင် ငြင်းစရာမရှိဟု ထင်ပါ သည်။ အဲဒီဆွေးနွေးပွဲမှာ သမ္မတကြီးကလည်း ဖြစ်ကြောင်းကုန်စင်၊ ဘ၀င်ကျလောက်အောင် ကြံ့/ဖွံ့အစိုးရနှင့် နိုင်ငံတော်မှာ မွဲပြာကျနေပုံတွေကို အိတ်သွန်ဖာမှောက်ပြောပြခဲ့ပြီး ဒေါ်စု ကလည်း NLD ရှေ့ ဆက်လက် ရပ်တည်နိုင်ရေးနှင့် ပြည်တွင်းပြည်ပကို ဘယ်လိုဘယ်ပုံ စည်းရုံးဆက်သွယ်ပေးနိုင်ပုံတွေကို တစ်စမကျန် ပြောခဲ့ဟန်ရှိပါသည်။

၃။ အဲဒီလို တွေ့ဆုံကြပြီးအပြန်မှာ NLD အမှုဆောင်စည်းဝေးပွဲခေါ်ပြီး “ကျွန်မအနေနဲ့ ဦးသိန်းစိန်ကို ယုံကြည်တယ်။ NLD ပါတီကို မှတ်ပုံ ပြန်တင်ပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်မယ်။ ကျွန်မကို ထောက်ခံကြပါ။ တာဝန်ယူပါတယ်” ဆိုပြီး အခုလို ပါတီမှတ်ပုံတင်၊ ကြားဖြတ်ရွေး/ပွဲဝင်ဖို့ ဆောင်ရွက်ခဲ့သည်ဟု ယူဆပါသည်။ ဒီလို ဆောင်ရွက်နိုင်အောင် ဦးသိန်းစိန်က ၂၀၁၀ ရွေးကောက်ပွဲဥပဒေနဲ့ နည်းဥပဒေထဲက ပုဒ်မအချို့ကို ပြင်ပေးခဲ့ပါသည်။ ထောင်ကျခံနေရသူ ရွေး/ပွဲဝင်ခွင့်၊ ၂၀၀၈ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမည် ဆိုသည့် စကား အစား လေးစား “လိုက်နာပါမည်”ဟု ပြင်ဆင်ချက်၊ အနည်းဆုံး မဲဆန္ဒနယ်သုံးနယ် ၀င်ရောက် ယှဉ်ပြိုင်ရမည်ဟူသော ဥပဒေသုံးခုတို့ကို ပြင်ပေးသည်ဟုဆိုကာ ဒေါ်စုတို့ NLD ပါတီ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်နိုင်ရန် ကြေညာချက် ထုတ်ခဲ့သည်ဟု မှတ်သားမိပါသည်။ ရွေး ကောက်ပွဲဥပဒေနှင့် အခြေခံဥပဒေပါ အရေးကြီးသော ပုဒ်မတို့ကို ပြင်ပေးထားကြောင်း မတွေ့ရပါ။

၎။ အထက်ပါ လိုက်လျောချက်များမှာလည်း ထောင်ကျခံနေရသူ ရွေးး/ပွဲဝင်ခွင့် ဆိုသည်မှာ ယခုအချိန်၌ ဒေါ်စုသည် ထောင်ကျနေသူ မဟုတ်တော့ပါ။ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမည် ဆိုသည့် စကားရပ်အစား လေးစားလိုက်နာပါမည်ဟု ပြင်ဆင်ပေးခြင်း ကလည်း “အရာကြီးနှင့် ကုလားကြီး” ပါပဲ။ ကျွန်တော် အဓိကထားတင်ပြဆွေးနွေးချင်သည်မှာ အောက်ပါအချက်အလက်၊ ဥပဒေများနှင့် သုံးသပ်ချက်များ ဖြစ်ပါသည်။

၅။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိခြင်း ခေါင်းစဉ်အောက်တွင် ၂၀၀၈ ခုနှစ်၊ အခြေခံဥပဒေ ပုဒ်မ ၁၂၁၊ ပုဒ်မခွဲ (စ) ၌ “နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများ၊ သို့မဟုတ် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူ”ဟု ပါရှိပါသည်။

ထိုပုဒ်မ ၁၂၁၊ ပုဒ်ခခွဲ (စ) ပါ ပြဋ္ဌာန်းချက်အတိုင်းပင် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀ တွင် “အောက်ပါပုဂ်္ဂိုလ်များသည် ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိစေရ”ဟူသော ခေါင်းစဉ်အောက်တွင်လည်း ပြဋ္ဌာန်းထားပါသည်။

၆။ အထက်ပါ ပုဒ်မများမှာ ပြဋ္ဌာန်းချက်အရ နိုင်ငံခြားသားထံမှ အခွင့်အရေးများ၊ ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူ၊ ခံစားပိုင်ခွင့် ရှိသူသည် ခံစားသည်ဖြစ်စေ၊ မခံစားသည်ဖြစ်စေ ခံစားခွင့်ရှိပါက ရွေးကောက်ပွဲဝင်ခွင့် မရရှိနိုင်ဟု အဓိပ္ပာယ်ကောက်ယူနိုင်ပါသည်။

၇။ အထက်ပါ ရွေးကောက်ပွဲဥပဒေနှင့် အခြေခံဥပဒေပါပုဒ်မကို လုံးဝပြင်ဆင်မထားဘဲ ပြဋ္ဌာန်းထားဆဲရှိပါသည်။ မယုံမရှိပါနှင့်။ ယင်းဥပဒေ များကို လေ့လာကြပါဦးဟု တိုက်တွန်းပါရစေ။

၈။ ထိုသို့ ပြဋ္ဌာန်းထားသည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်၏ ပကတိအခြေအနေနှင့် မည်သို့ သက်ဆိုင်နေသည်ကို တင်ပြလိုပါသည်။

(က) ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုအက်ဥပဒေကို အောက်ပါအတိုင်း ပါလီမန်တွင် ပြဋ္ဌာန်းခဲ့ပါ သည်။ ထိုအမွေဆက်ခံမှု အက်ဥပဒေပုဒ်မ ၂၂ တွင် ဗုဒ္ဓဘာသာဝင် မဟုတ်သည့်ယောက်ျားက၊ ဗုဒ္ဓဘာသာဝင် မိန်းမကို ထိမ်းမြားရန် ကတိပြု လျှင် ထိုယောက်ျားသည် ထိုမိန်းမကို ဤအက်ဥပဒေအရ ထိမ်းမြားရန် ကတိပြုသည်ဟု မှတ်ယူရပါမည်။

(ခ) ပုဒ်မ ၂၃ တွင် ... ဟိန္ဒူဘာသာ၊ ဆိ(ခ)ဘာသာ၊ ဂျိန္နဘာသာတစ်ရပ်ရပ်ကို ကိုးကွယ်သော ပစ္စည်း မခွဲရသေးသည့် အိမ်ထောင်စုဝင်တစ်ဦး တစ်ယောက်သည် ဗုဒ္ဓဘာသာဝင်မိန်းမနှင့် ဤအက်ဥပဒေအရ ထိမ်းမြားလျှင်၊ သို့တည်းမဟုတ် ထိမ်းမြားခဲ့သည်ဟု မှတ်ယူခြင်းခံရလျှင် ထိုသူသည် ထိုအိမ်ထောင်မိသားစုမှ ခွဲခွာပြီဟု မှတ်ယူရမည်။ ထို့ပြင် ပစ္စည်းခွဲဝေခြင်းမပြုမီ ထိုသူသေဆုံးလျှင် ထိုသူပိုင်သည့်ဆိုင်ရာ ဆိုင် ခွင့်သည် ထိုသူ၏ မယားနှင့် သားသမီးများသို့ သက်ရောက်ရမည်။

(ဂ) ပုဒ်မ ၂၄ (၁) ဤအက်ဥပဒေပုဒ်မအရ ထိမ်းမြားသူတို့၏ သို့တည်းမဟုတ် ထိမ်းမြားခဲ့သည်ဟု မှတ်ယူခံရသူတို့၏ ပစ္စည်းပိုင်ခွင့်နှင့် စပ် လျဉ်းသောကိစ်္စအားလုံးကို ထိုသူတို့နှင့် ထိုသူတို့၏ မိသားစုအားလုံးသည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးချည်း ဖြစ်ဘိသကဲ့သို့ ဗုဒ္ဓဘာသာဓမ္မ သတ်အတိုင်း ဆုံးဖြတ်ရမည်။

၉။ အထက်ပါ ပြဋ္ဌာန်းချက်များကိုသုံးသပ်လျှင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရွေးကောက်ပွဲဝင်ရန် ဖြစ်နိုင်အံ့မထင်ပါ။ ၀င်ခွင့်ရလို့ ရွေးကောက်ပွဲနိုင်၍ လွှတ်တော်ထဲရောက်လျှင်လည်း ပြိုင်ဘက်အမတ်လောင်းက ကန့်ကွက်လျှင် လွှတ်တော်ကိုယ်စားလှယ်ဘ၀မှ ပြုတ်၍ “ဖွတ်မရ ဓားမဆုံးသည့်ဘ၀”ရောက်သွားနိုင်ပါသည်။

၁၀။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားသား မိုက်ကယ်အဲရစ်၏ ဇနီးဖြစ်ပါသည်။ မိုက်ကယ်အဲရစ်သည် နိုင်ငံခြားအစိုးရ၏ လက် အောက်ခံဖြစ်ပြီး တိုင်းတစ်ပါးသားလည်း ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်ဖြစ်သည်ဟုလည်း သိရပါသည်။ အမွေမခွဲမီ သေဆုံးခဲ့သဖြင့် သူခံစား ခွင့် ရှိသောအမွေပစ္စည်းများကို ဒေါ်အောင်ဆန်းစုကြည် ခံစားခွင့် ရှိပါသည်။ ခံစားမှုမပြုဟု ပြောနိုင်သော်လည်း ဥပဒေအရ ခံစားခွင့်ရှိကြောင်း ထင်ရှားပါသည်။ ထိုသို့ဆိုလျှင် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၀ နှင့် အခြေခံဥပဒေ ၁၂၁-ပုဒ်မခွဲ (စ) တို့တွင် ပြဋ္ဌာန်းထားချက်များနှင့် အရေး ယူလျှင် ခံရနိုင်ဘွယ် ရှိပါသည်။

၁၁။ ရွေးကောက်ပွဲ ဥပဒေကို ပြင်လိုက ပြင်နိုင်သော်လည်း အခြေခံဥပဒေ ၁၂၁ (စ) ကို ပြင်ရန်မှာ အလွန် ခဲယဉ်းပါသည်။ ပြည်သူ့လွှတ် တော်တွင် လွှတ်တော်ကိုယ်စားလှယ် ၇၅% ကျော် ထောက်ခံမဲဖြင့် ပြင်ဆင်ရပါမည်။ လက်ရှိ ပြည်သူ့လွှတ်တော်တွင် ကြံ့/ဖွံ့အမတ် ၆၀% နှင့် တပ်မတော်ကိုယ်စားလှယ် ၂၅% ရှိသည်ဟု မှတ်သားမိပါသည်။ အခြားအမတ်များသည် ၂၀% ပင် မရှိပါ။ ဤသို့ဆိုလျှင် ဒေါ်အောင်ဆန်း စုကြည်သည် အမတ် မဖြစ်နိုင်ပါ။ အမတ်ဖြစ်ဖို့ အင်္ဂါရပ်တွင် ပါဝင်သော ပုဒ်မ ၁၂၀၊ ၁၂၁ တို့နှင့် မညီလျှင် မည်သူ့ကိုမျှ ၀န်ကြီး မခန့်နိုင်ပါ။ ဒုသမတဖြစ်ဖို့ ဆိုလျှင်လည်း အခြေခံဥပဒေပုဒ်မ ၅၉၊ ပုဒ်မခွဲ (စ) အရ သားသမီးများ နိုင်ငံခြားသားဖြစ်နေလျှင် ဒုသမ္မတ မဖြစ်နိုင်ပါ။

၁၂။ ကျွန်တော့်တင်ပြချက်များသည် ဥပဒေပါအတိုင်းဖြစ်၍ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ကြိုတင် စဉ်းစားနိုင်ရန်သာဖြစ်ပါသည်။ ဦး သိန်းစိန်အစိုးရက လိုက်လျောလျှင် ရနိုင်မည်ဆိုပါက ၀မ်းမြောက်ဘွယ်၊ ဂုဏ်ယူဘွယ် ဖြစ်ပါသည်။ လိုက်လျောနိုင်အံ့ မထင်ပါ။ ၁၉၉၀ ခု ရွေးကောက်ပွဲတုန်းက ဗဟန်းမြို့နယ်အတွက် ကိုယ်စားလှယ်လောင်းကို ဒေါ်အောင်ဆန်းစုကြည်အား တင်သွင်းရာတွင် တစညကိုယ်စား လှယ် အမတ်လောင်း ဦးလဗန်ဂရောင်က ကန့်ကွက်၍ ဒေါ်စုရွေးကောက်ပွဲ မ၀င်ခဲ့ရသည်ကို ပြန်လည် သတိရ၍ လိုအပ်သည်တို့ကို ကာ ကွယ်နိုင်ရန် ရိုးသားစွာ တင်ပြအပ်ပါသည်။ NLD ဥပဒေပညာရှင်များနှင့်လည်း တိုင်ပင်သင့်သည်ဟု အကြံပြုလိုပါသည်။

ညွှန်း - မိုးမခ - http://moemaka.blogspot.com/2012/02/articles.html

မွန်ပြည်သစ်နဲ့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး

0 comments

မော်လမြိုင်မှာ ပြုလုပ်တဲ့ မွန်ပြည်သစ်ပါတီနဲ့ ငြိမ်းချမ်းရေး ပဏာမသဘောတူညီချက်သတင်း

ညွှန်း - သောကြာနေ့ သတင်းစာများ

မြန်မာ့စီးပွား

0 comments

နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်ပေါ်နေတဲ့ မြန်မာပြည်မှာ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အခြေအနေတွေက ဘယ်လို ရှိပါသလဲ


ဒီတပတ် ဒိတ်လိုင်းဧရာဝတီမှာ ဒီအကြောင်း သုံးသပ်ထားကြပါတယ်

တိုပါရိုရောက် ဦးသိန်းစိန်

5 comments

ဟိုတုန်းက စင်္ကာပူဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန်ကို နမူနာ ယူခဲ့တယ်။
အခု မြန်မာပြည် ပြန်လည်ထူထောင်ရေးအတွက် နမူနာ ယူရမယ့်ထဲမှာ စင်္ကာပူက ဖြစ်ထွန်းမှုတွေလည်း ထိပ်ဆုံး ပါဝင်နေပုံပါပဲ။ သောကြာနေ့ထုတ် သတင်းစာမှာ စင်္ကာပူ၊ တိုပါရိုမှာ လေ့လာနေတဲ့ သမ္မတဦးသိန်းစိန်ရဲ့သတင်းကို မျက်နှာဖုံးတင်ထားပါတယ်။

သမ္မတရဲ့ စင်္ကာပူခရီးစဉ်မှာ ပါဝင်တဲ့ဝန်ကြီးများလည်း စင်္ကာပူတခွင် လေ့လာရေးလုပ်နေတာကို သတင်းစာမှာ ဖော်ပြထားပါတယ်။

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved