မြန်မာ ဇာတ်ကားတွေ နယ်စပ်က အဆင့်မြင့် ရုပ်ရှင်ရုံမှာ ကြည့်ရတော့မယ်

Wednesday, January 9, 2013

ပြည်တော်မြင့် ~

မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သိန်းကျော်ရှိသည့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် လာမည့် 
ကြာသပတေးနေ့မှစတင်ကာ မြန်မာရုပ်ရှင်ကားများ စတင်ပြသမည်ဖြစ်သည်။ 

မြန်မာရုပ်ရှင်ပြသမည့်မဲဆောက် TESCO Lotus ကုန်တိုက်။ ဓာတ်ပုံ- ပြည်တော်မြင့်/ဧရာဝတီ။ 

မဲဆောက်မြို့၌ ယခုလ ၁၀ ရက်နေ့တွင်စတင်ဖွင့်လှစ်မည့် TESCO Lotus ကုန်တိုက်ကြီးတွင် အဆင့်မြင့် ရုပ်ရှင် ရုံ ၄ ခုပါရှိမည့်အနက် ထိုင်းရုပ်ရှင်ကားနှင့်မြန်မာရုပ်ရှင်ကားများကို ၂ ရုံစီပြသမည်ဖြစ်သည်။ 

ထိုင်းစားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများကို လက်လီ လက်ကားဖြန့်မည်ဖြစ်ပြီး ထိုင်းနှင့်မြန်မာ ဘက်ခြမ်းရှိဝယ်လက်များကို အဓိကထားဖွင့်လှစ်ခြင်းဖြစ်သည်ဟု ထိုင်းကုန်သည်များက သုံးသပ်ပြောဆိုကြသည်။



မြန်မာကုန်သည်များအဖွဲ့ဝင်ကိုအောင်ဝင်းက” နှစ်ဘက်နယ်စပ်မှာဒီကုန်တိုက်ဖွင့်လိုက်တာ မြန်မာတွေ
အတွက်လည်း အဆင်ပြေပါတယ်၊ ကုန်တိုက်နဲ့ခေတ်မီရုပ်ရှင်ရုံတွဲထားတာက မြ၀တီမပြောနဲ့ ကရင် 
ပြည်နယ်ရဲ့မြို့တော် ဘားအံမှာတောင်မရှိသေးဘူး။ ဘားအံနဲ့မြ၀တီမှာက မြန်မာကားပြတဲ့ ရုပ်ရှင်ရုံ မရှိုတော့ မြန်မာတွေမြန်မာကား တွေကို မဲဆောက်သွားပြီးကြည့်လို့ရမယ်လေ။ အမှန်ဆိုရင် ဒါမျိုး ကိုယ့်ဘက်မှာလည်း ရှိသင့်တယ်” ဟု ဆိုသည်။

မြန်မာဇာတ်ကားသစ်


မဲဆောက်တွင်ပြသမည့် မြန်မာရုပ်ရှင်ကားများကို သက်ဆိုင်ရာမြန်မာကုမ္ပဏီများနှင့် တရားဝင် ဆက်သွယ်ကာ စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး မြန်မာကားသစ်များကိုပြသသွားမည်ဟု သိရသည်။ 

မြန်မာအလုပ်သမားကိုညီညီက ”မြန်မာရုပ်ရှင်ရဲ့အဆင့်အတန်းကိုအားလုံးးသိကြမှာပါ။ ဒါပေမယ့် ဒီက အလုပ်သမား တွေအနေနှင့် ဘယ်အခြေအနေဘဲဖြစ်ဖြစ် မြန်မာကားတွေကိုတော့ အားပေးဖြစ် မှာပါ” ဟုပြောသည်။ 

ယခင်က မဲဆောက်မြို့တွင် ထိုင်းရုပ်ရှင်ရုံ ၂ ရုံရှိပြီး ထိုင်းရှပ်ရှင်ကားပြသခြင်း မရှိသည်မှာ ၁၅ နှစ်ခန့်ရှိပြီးဟု မဲဆောက်အခြေစိုက် ထိုင်းဝါရင့်မီဒီယာသမားတဦးဖြစ်သည့် နိုင်စုံးကျစ်ကပြောသည်။

ကုန်တိုက်


ယခုလ ၁၀ ရက်နေ့ကုန်တိုက်ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် ရုပ်ရှင်ရုံ ၄ ခုမှ ထိုင်းနှင့်မြန်မာ ရုပ်ရှင်ကားများကို ပွဲစဉ်များအလိုက် အခမဲ့ပြသပေးမည်ဖြစ်ပြီး တပြိုင်တည်း ပရိသတ် ၁,၀၀၀ ကြည်ရှုနိုင်မည်ဖြစ်သည်။ 

၎င်းကုန်တိုက်သည် မြန်မာရွှေ့ပြောင်းအလုပ်သမား ၄ သိန်းခန့်ရှိသည့် မဲဆောက် အပါအ၀င် တာ့ခ်ခရိုင် ၉ မြို့ နယ် အတွင်း အကြီးမားဆုံး ခေတ်မီ ကုန်တိုက်ဖြစ်သည်ဟု ထိုင်းကုန်သည်ကြီးတဦးဖြစ်သည့် နိုင်ဆူချိုင်းကပြောသည်။ 

မဲဆောက်ဈေးကြီးမှဆိုင်ပိုင်ရှင်များက မဲဆောက်ကဲ့သို့ နယ်စပ်မြို့လေးတွင် ယခုကဲ့သို့နိုင်ငံရပ်ခြား ကုမ္ပဏီတခု ၏ ကုန်တိုက်ကြီး လာရောက် ဖွင့်လှစ်ခြင်းသည် ဒေသခံဈေးသည်များ အတွက် ထိခိုက် နစ်နာမှုများရှိသည်ဟု ဝေဖန်ပြောဆိုကြသည်။

3 comments :

  1. Anonymous said... :

    အဆင့်မီတဲ့ဇာတ်ကားတွေ ပြနိုင်ပါစေ

  1. Anonymous said... :

    GOOD

  1. Anonymous said... :

    ဇာတ်ကားကောင်းလေးတွေရွေးပြရင် ပိုကောင်းမယ်ထင်ပါတယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved