ဒေ၀ူးစက်ရုံမီးထဲ ကျွန်းသစ် တန် ၅၀၀ ပါသွား

Saturday, January 26, 2013

~

ဒေ၀ူး အမိုးပြာ စက်ရုံ ဘေးက သစ်လုံးကွင်း တစိတ်တဒေသ (ဓာတ်ပုံ - Google Map)
၈.၁.၂၀၁၃ ရက်နေ့ နေ့လည်(၁၄:၀၀)နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် နွယ်ခွေရပ်ကွက်ရှိ ဒေဝူးအထည်ချုပ်စက်ရုံ၌ မီးလောင်ကျွမ်းရာမှ အနီးရှိ မြန်မာ့သစ်လုပ်ငန်းပိုင် နွယ်ခွေသစ်လုံးကွင်းရှိ ကျွန်းသစ်လုံးများအား မီးကူးစက်လောင်ကျွမ်းရာ နိုင်ငံပိုင်ကျွန်းသစ်လုံး တန်(၄၅၀)ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိပါသည်။

 ယခုကိစ္စအား (ပတ်ဝန်းကျင်/သစ်တော) ပြည်ထောင်စုဝန်ကြီးအနေဖြင့် တနသာင်္ရီတိုင်းသို့ ခရီးထွက်နေခြင်းကြောင့် အမှန်တကယ် မသိရှိခြင်းလော (သို့မဟုတ်) သက်ဆိုင်ရာဌာန အကြီးအကဲများမှ ဖုံးဖိထားပြီး သတင်းမပို့ခြင်းလော စဉ်းစားစရာ ဖြစ်နေပါသည်။ သို့ပါ၍ နိုင်ငံပိုင်သစ်လုံးများ ဆုံးရှုံးရခြင်းအား ထိရောက်စွာ အရေးယူသင့်ပြီ ဖြစ်ပါကြောင်း။

 ၂၀၁၂ ခုနှစ် မတ်လအတွင်းကလည်း သံလျင်မြို့နယ်ရှိ သီလဝါသစ်လုံးကွင်း မီးလောင်ကျွမ်းစဉ်ကလည်း နိုင်ငံပိုင်သစ်လုံး တန်(၇၀၀၀) ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး ဖြစ်ပါသည်။

အငြိမ်းစားသစ်တောဝန်ထမ်းတစ်ဦး ~























-

1 comments :

  1. green field said... :

    We'll arrest him after 2015.The criminals concerning deforestation will also be included.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved