လက်ပံတောင်းမှာ ဘာဗုံး သုံးသလဲ

Thursday, January 31, 2013



(လက်ပံတောင်း ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကာတွန်း အော်ပီကျယ်က အထက်ပါအတိုင်း  သရုပ်ဖော်ခဲ့ပါတယ်)

လက်ပံတောင်း သပိတ်ဖြိုခွဲမှုမှာ လုံခြုံရေး တပ်ဖွဲတွေ သံဃာတော်တွေနဲ့ ဒေသခံတွေ မီးလောင်ဒဏ်ရာတွေ ရစေခဲ့တာ မီးခိုးဗုံးဆိုတာ မဟုတ်ဘဲ ဖော့စ်ပရပ်စ် ဓာတု ဗုံးကို သုံးခဲ့တာဖြစ်တယ်လို့ လက်ပံတောင်းအရေး စုံစမ်းကူညီနေတဲ့ မြန်မာ-အမေရိကန် ရှေ့နေ ကွန်ရက်က ပြောလိုက်ပါတယ်။

ယမန်နေ့က အမေရိကန်အခြေစိုက် နယူးယောက်တိုင်းမ်ရဲ့ နာမည်ကြီး သတင်းထောက် သောမတ်စ် ဖူလာရေးတဲ့ သတင်းမှာ လက်ပံတောင်း သပိတ်စခန်းကို ယမန်နှင့် နိုဝင်ဘာလ ၂၉ ရက်နေ့က လုံခြုံရေး တပ်ဖွဲ့တွေက အကြမ်းဖက် ဖြိုခွဲပြီး သူတို့ သုံးစွဲခဲ့တဲ့ လက်နက်ခဲယမ်း အပိုင်းအစတွေကို စုစည်းပြီး ထိုင်းနိုင်ငံ ဘန်ကောက်က ဓာတ်ခွဲခန်းမှာ စစ်ဆေးခဲ့ပါတယ်တဲ့။ 

အဲဒီစစ်ဆေးမှု မှတ်တမ်းတွေကိုလည်း သတင်းထောက်တွေကို ဝေငှခဲ့ပါတယ်တဲ့ ။ 

ဒီအပြင် အခုတွေ့ရှိတဲ့ ဖော့စ်ပရပ်စ် အဖြူဆိုတာသုံးတဲ့ လက်နက်တွေဆိုတာ စစ်ပွဲတွေမှာသာ အသုံးပြုခဲ့ တဲ့ ထုံးစံရှိပြီး ရဲတပ်ဖွဲ့လို အဓိကရိုဏ်း နှိမ်နင်းတာ မျိုးမှာ မသုံးကြပါဘူးတဲ့။ အခု နောက်ပိုင်းမှာ ဒါဟာ ဓာတုလက်နက်မျိုးဖြစ်တဲ့အတွက် အသုံးမပြုဖို့ ကန့်သတ်ထားခြင်း ခံရတဲ့ လက်နက်ခဲယမ်းမျိုးလည်း ဖြစ်ပါတယ်တဲ့။ 

လက်ပံတောင်း သံဃာတွေ ဒီဓာတု လက်နက် သုံးခဲ့လို့ မီးလောင်ဒဏ်ရာတွေ ရခဲ့တဲ့ ဓာတ်ပုံတွေ လည်း မြင်မကောင်းအောင် ဖြစ်ရတာပါ။ ဘန်ကောက်ထိလည်း ဆေးကုသမှု ခံယူနေရတဲ့အခြေအနေ ဖြစ်နေပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved