ပုဂံရောက် ပဒေါင်

Thursday, January 31, 2013

~



နယ်စပ်ဒေသမှာပဲ တွေ့ရတတ်တဲ့ ပဒေါင်တိုင်းရင်းသားတွေထဲက တချို့ဟာ ကမ္ဘာကျော် ပုဂံဒေသမှာ သွားရောက် အခြေချနေကြပါတယ် တဲ့။

ကယားပြည်နယ်ရဲ့ မြို့တော် လွိုင်ကော်နားက ဆန်းဘွန်းရွာမှာ တွေ့ရတဲ့ ပဒေါင်တိုင်းရင်းသူတဦး (ဓာတ်ပုံ - ကောင်းညီဟန်/ဧရာဝတီ)
အဲဒီလို ပြောင်းရွှေ့ အခြေချတဲ့ ပဒေါင်တို့အကြောင်း 7Day
သတင်းဂျာနယ်က ၂၀၀၀ ပြည့်နှစ်မှာ ဖော်ပြခဲ့ပြီးပါပြီ။ မနေ့က ထုတ်ဝေတဲ့ မြန်မာ့အလင်းသတင်းစာ သတင်းတပုဒ်မှာတော့ သူတို့ရဲ့ လက်ရှိ အခြေအနေတချို့ကို တွေ့ရမှာပါ။

ပဒေါင်အမျိုးသမီးကြီးတွေက ရိုးရာပစ္စည်းတွေ ထုတ်လုပ် ရောင်းချတယ်၊ ဧည့်ခံပွဲများမှာ  ရိုးရာအက လိုက်လံကပြကြတယ်လို့ မြန်မာ့အလင်းမှာ ရေးသားထားပါတယ်။

အရေအတွက် မည်မျှ ရှိမှန်း ရေးမထားပေမယ့် ပုဂံရောက် ပဒေါင်အမျိုးသမီးကြီးတယောက်က ကော်ဖီမစ်ကြော်ငြာမှာ သရုပ်ဆောင်ခဲ့သူဖြစ်တယ် ဆိုတာကတော့ စိတ်ဝင်စားစရာအချက်ပါပဲ။

သတင်းဖတ်ရသလောက်ကတော့ သူတို့ကို ရုံသွင်းပြသလိုမျိုး မဟုတ်ဘူး၊  ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်လုပ်ငန်းတွေမှာ  သူတို့ရဲ့ ကိုယ်ပိုင်ရွေးချယ်ချက်နဲ့ ၀င်ရောက် လုပ်ကိုင်နေတယ်လို့ ယူဆရပါတယ်။

နယ်စပ်ဒေသမှာတော့ သူတို့ကို ပြသပြီး ငွေရှာတဲ့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတချို့ ရှိပါတယ်။ အဲဒီအကြောင်းကို  မင်းထင်ကိုကိုကြီး ရိုက်ကူးတဲ့ မနုဿလှောင်ချိုင့် ဆိုတဲ့ မှတ်တမ်းရုပ်ရှင်မှာ တွေ့ရမှာပါ။

မြန်မာခရီးသွားလုပ်ငန်း စောင့်ကြည့်ရေး အွန်လိုင်းမှာရေးထားချက်အရ ဆိုရင်တော့ ပုဂံရောက်ပဒေါင်တွေရဲ့ အခြေအနေဟာ မနုဿလှောင်ချိုင့် ဆန်ဆန် ဖြစ်နေမလားလို့ စဉ်းစားစရာပါပဲ။
လင့်က  myanmartourismwatch.org ဖြစ်ပါတယ်။

ဓာတ်ပုံအွန်လိုင်းတခုမှာလည်း  -  ပုဂံ၊ မြင်းကပါရွာရောက် ပဒေါင်များဟာ ခရီးသွားလုပ်ငန်းအတွက် အသုံးချခံနေရပါတယ် တဲ့။
 baby-stockphotos.com  မှာ ခပ်တိုတို ရေးထားတာပါ။ ဘယ်လို အသုံးချခံရတာလဲ ဆိုတာတော့ ရှင်းမထားပါ။ ဓာတ်ပုံဆရာက သူ့အမြင်ကို သူ့အထင်ကို ဖော်ပြခြင်းလို့ ယူဆရပါတယ်။

ကမ္ဘာက ရွာနဲ့တူလာတဲ့ဒီနေ့ခေတ်၊ နေထိုင်မှုပုံစံပြောင်းလာတဲ့ ဒီနေ့ခေတ်မှာ ဆိုခဲ့သလိုပဲ တောင်ပေါ်ဒေသက ပဒေါင်တွေ မြေပြန့် ပုဂံဒေသကို ရောက်နေပါပြီ။

တိုက်တိုက်ဆိုင်ဆိုင် - ပုဂံဒေသကို ပဒေါင်တိုင်းရင်းသားတချို့ ရောက်နေချိန်ဟာ မြန်မာပြည်ကို ပြည်ပဧည့် အ၀င်များချိန်ပါ။

သူတို့ရဲ့ ရွှေ့ပြောင်းမှု အနေအထားကတော့ စိတ်ဝင်စားစရာ ကောင်းနေပါတော့တယ်။

ဆက်စပ် -
ကယား တိုင်းရင်းသားတချို့၏ ရိုးရာယဉ်ကျေးမှုများ ပျောက်ကွယ်လု ဖြစ်နေ

Burma in ‘Off the Beaten Path’ Travel Top 10

 ချင်းမိုင်ရောက် ပဒေါင်များ လူကုန်ကူးခံရသလား
 


 



















--

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved