လက်ပံတောင်း စုံစမ်းရေး ကော်မရှင် သတင်းထုတ်ပြန်

Saturday, January 12, 2013

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ အဖြစ် တာဝန် ယူနေတဲ့ လက်ပံတောင်း စုံစမ်းရေး ကော်မရှင်က ယမန်နေ့ ဇန်န၀ါရီလ ၁၁ ရက်နေ့ည က သတင်းထုတ်ပြန်မှု လုပ်ဆောင်ခဲ့ပါတယ်။ 


ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ လုပ်ငန်းတာဝန်တွေကို အရှိန်မြှင့် လုပ်နေတယ်လို့ ဆိုပြီး ကော်မရှင်ဟာ ဦးပိုင် တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့တာ၊ ကြေးနီစီမံကိန်း ဒေသရဲ့ ဘေးထွက် ဆိုးကျိုးဖြစ်မယ့် ကိစ္စ
တွေကို သွားရောက်လေ့လာတာနဲ့ သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းခဲ့မှုကြောင့် မီးလောင် ဒဏ်ရာ ရရှိပြီး ထိုင်းနိုင်ငံမှာ ဆေးကုသခံနေရတဲ့ သံဃာ ၂ ပါးရဲ့ ကိစ္စနဲ့ ဒဏ်ရာရသူတွေကို ဆေးကုသမှု တာဝန်ယူနေတဲ့ အကြောင်းတွေ ဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံမှာ ဆေးကုသမှု ခံယူနေတဲ့ ရှင် သဇ္ဇနဟာ ကျန်းမာရေး အခြေအနေကောင်းမွန်လာတာကြောင့် မြန်မာပြည် ပြန်လာဖို့ ရှိနေပြီဆိုတာနဲ့ ဦးတိက္ခဥာဏ ကတော့ ဆက်လက်ဆေးကုသမှု လိုအပ်နေသေးတာတကို သိရတယ်လို့ ဖော်ပြထားပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved