ကချင်စစ်ပွဲမှာ လေကြောင်းသုံးတိုက်ခိုက်တာ ပြောပါပြီ

Thursday, January 3, 2013

ဓာတ်ပုံ- ကြေးမုံ

ဒီရက်ပိုင်းမှာ ကချင်ပြည်နယ် ထိုးစစ်အရှိန်ကို အစိုးရဘက်က မြှင့်တင်ပြီးနောက်ပိုင်း တိုက်ပွဲတွေက အပြန်အလှန် ပစ်ခတ်မှုတွေနဲ့ ဆက်တိုက်မြင့်မားလာနေပါတယ်။ 

သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက လေယာဉ်တွေသုံးပြီး ရိက္ခာ ချပေးတာလို့ ပြောခဲ့သလို နိုင်ငံပိုင် သတင်းစဉ်တွေကလည်း အစောပိုင်း ထုတ်ဖော်ပြောဆိုမှုတွေမှာ လေကြောင်းတိုက်ခိုက်မှု မသုံးဘူးလို့ ဆိုခဲ့ပေမယ့် ယမန်နေ့ ည  ၈ နာရီ သတင်းမှာ မြန်မာ့ရုပ်မြင်သံကြား သတင်းမှာ ကချင်ပြည်နယ် က တပ်စခန်းကုန်းတခုကို သိမ်းပိုက်ဖို့ လေကြောင်း အကူအညီယူ ဆင်နွှဲခဲ့တယ်လို့ ဆိုပါတယ်။

တဖက်မှာလည်း ကချင် လက်နက်ကိုင် တဖက်မှာလည်း မြန်မာ လေတပ်မတော်က တိုက်လေယာဉ် တစင်းကို ကချင် လက်နက်ကိုင် အဖွဲ့တွေက ပစ်ချလိုက်တယ်ဆိုတဲ့ ဗီဒီယို အပိုင်းတိုဟာ ဘီဘီစီလို သတင်းဌာနကြီးကလည်း ထုတ်လွှင့် ပြသသွားပါတယ်။ ဒါဟာ ကချင်ပြည်နယ် စစ်ပွဲမှာ အစိုးရ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အသုံးပြုမှုကို သက်သေထူတဲ့ ဖြစ်ရပ်တခုပါ။

လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ထင်ရှားတဲ့ဖြစ်စဉ်တွေကို နိုင်ငံတကာ မီဒီယာတွေမှာ ဖော်ပြပြီး တဲ့နောက် ကမ္ဘာ့ကုလသမဂ္ဂကလည်း စိုးရိမ်မိကြောင်းနဲ့  မလုပ်သင့်ကြောင်း ထုတ်ပြန်လာပါတယ်။ 

သမ္မတ ဦးသိန်းစိန်က ကေအိုင်အေ ဌာနချုပ်ကို သိမ်းပိုက်မှာ မဟုတ်ဘူးလို့ ပြည်တွင်းသတင်း ဂျာနယ် တခုက ဖော်ပြသလို မြန်မာ့တပ်မတော်ပိုင် မြ၀တီကတော့ ကချင်ပြည်နယ် က ကေအိုင်အေ တပ်စခန်း တခုကို အစိုးရ စစ်တပ်က သိမ်းပိုက်လိုက်တယ်လို့ ဆိုပါတယ်။ 




  

 



စစ်ပွဲတွေဖြစ်နေရတာ တဖက်နဲ့ တဖက် သူ့ကြောင့်လို့ အပြစ်ဖို့နေကြပေမယ့် သေချာတာကတော့ ယခု လတ်တလော ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်က စစ်ပွဲတွေနဲ့ပတ်သက်ပြီး အမှန်တကယ် ထိခိုက်နစ်နာ ဒုက္ခရောက်နေရသူတွေက ဒေသခံ အပြစ်မဲ့ ပြည်သူတွေဘဲ ဖြစ်ပါတယ်။

1 comments :

  1. ပြည်တွင်းစစ်ကိုလေယာဉ်တွေအသုံးပြုလာကြတဲ့ကုလသမဂ္ဂ
    အဖွဲ့ဝင်နိုင်ငံတွေများလာပြီဆိုတော့ကုလသမဂ္ဂရဲ့အခန်းကဏ္ဌ
    တဖြည်းဖြည်းမှေးပျောက်ကွယ်တော့မယ်ဆိုတာထင်ရှားလာပါပြီ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved