KNU ထိပ်တန်းခေါင်းဆောင်တို့ကို ဦးသိန်းစိန် ခေါ်တွေ့

Thursday, January 3, 2013

~
ပြည်တော်မြင့် ~

သမ္မတ ဦးသိန်းစိန်က ဖိတ်ခေါ်ထားသဖြင့်  ကရင်အမျိုးသားအစည်းအရုံး KNU ၏ ထိပ်တန်းခေါင်းဆောင် များ  နေပြည်တော်သို့ ယနေ့ သွားရောက်ဖွယ်ရှိသည်။


 KNU ကြီး ၅ ကြီး (ဓာတ်ပုံ - ပြည်တော်မြင့်/ဧရာဝတီ)
ကိုယ်စားလှယ်အဖွဲ့တွင် KNU ဥက္ကဋ္ဌသစ် စောမူတူးစေးဖိုး၊ အထွေထွေအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်း၊ တွဲဘက်အတွင်းရေးမှူး(၂) ပဒိုမန်းမန်းတို့ ပါဝင်မည် ဟု သိရသည်။

နှစ်ဘက်ငြိမ်းချမ်းရေးအတွက်သွားရောက်ဆွေးနွေးခြင်းမဟုတ်ကြောင်း၊  မကြာသေးမီက ပြုလုပ်ခဲ့သည့် KNU ညီလာခံတွင် ရွေးချယ်ခံရသော ထိပ်တန်းခေါင်းဆောင် ၅ ဦးကို သမတက အလွတ်သဘော တွေ့ဆုံလို၍ ဖိတ်ခေါ်ခြင်းကြောင့် သွားရောက် ခြင်းဖြစ်ကြောင်း အဖွဲ့တာဝန်ရှိသူတဦးကပြောသည်။

နေပြည်တော်တွင် ဦးအောင်မင်း ခေါင်းဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့်လည်း တွေ့ဆုံ မည်ဖြစ်သည်။

အသစ်ရွေးကောက်ခံရသည့် ဥက္ကဌစောမူတူးစေးဖိုးနှင့်ခေါင်းဆောင်များအတွက် ၀မ်းမြောက် ဂုဏ်ယူကြောင်း သမတရုံးဝန်ကြီးတယောက်ဖြစ်သည့် ဦးအောင်မင်းက ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက သ၀ဏ်လွှာတစောင် ပေးပို့ခဲ့သေးသည်။


ခရီးစဉ်နှင့်ပတ်သက်၍ KNU ဘက်က တရားဝင် တစုံတရာ ထုတ်ဖေါ်ပြောဆိုခြင်းမရှိသေးပေ။ သို့သော်လည်း သမတနှင့်တွေ့ဆုံသည့်နေ့တွင် KNU ဘက်မှ ကြေညာချက်တစောင် ထုတ်ပြန်မည်ဟု ဆိုသည်။
http://1.bp.blogspot.com/-kcpTByYLABQ/T4I3xgHylCI/AAAAAAAAVNQ/S2Y6tbAosAM/s1600/000%2B2%2B%25284%25296.jpg
ဦးသိန်းစိန် နှင့် KNU ၂၀၁၂ ဧပြီလ တွေ့ဆုံမှု (ဓာတ်ပုံ - Getty Images)
ဦးသိန်းစိန်သည် ပြီးခဲ့သည့် ဧပြီလကလည်း KNU ထိပ်သီးများ ပါဝင်သော
KNU ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ကို နေပြည်တော်သို့ ဖိတ်ခေါ်တွေ့ဆုံခဲ့သေးသည်။

http://1.bp.blogspot.com/-Lc7ZbBbq7y8/T4I3xwRxQ0I/AAAAAAAAVNY/6bt5jOgLGF4/s1600/000%2B2%2B%25284%2529.jpg
ဦးသိန်းစိန် နှင့် KNU ၂၀၁၂ ဧပြီလ တွေ့ဆုံမှု (ဓာတ်ပုံ - Getty Images)
ထိုသို့ တွေ့ဆုံစဉ်က  အမှတ်တတရဓာတ်ပုံ ရိုက်ကူးကြရာတွင် သမတ ဦးသိန်းစိန်က ကရင်တိုင်းရင်းသား ၀တ်စုံကို ၀တ်ဆင်ထားခဲ့သည်။



















--

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved