ဖိလစ်ပိုင် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ၈၈ အဖွဲ့ တွေ့ဆုံမယ်

Tuesday, January 15, 2013

ဖိလစ်ပိုင်နိုင်ငံအသွား လေယာဉ်ပေါ်မှာ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးတို့နဲ့အတူ လေယာဉ်အမှုထမ်းများ၊ ဓာတ်ပုံ- ၈၈ မျိုးဆက်

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့သို့ ရောက်နေကြတဲ့ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးတို့ ပါဝင်သော ၈၈ မျိုးဆက် 
ကျောင်းသားများအဖွဲ့ ဟာ ဖိလစ်ပိုင်နိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် Lt. General Emmanuel T Bautista နဲ့ ယနေ့ ဇန်န၀ါရီလ ၁၅ ရက်နံနက်ပိုင်း တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။ 

ဒီအပြင် ဖိလစ်ပိုင်နိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေကြတဲ့ လူထုအခြေပြု လူမှု အဖွဲ့အစည်းတွေ ဖြစ် ကြတဲ့ BMFI , MILF , TAF စတဲ့ အဖွဲ့တွေနဲ့လည်း တွေ့ဆုံကြမည်ဖြစ်ပြီး၊ ဖိလစ်ပိုင်နိုင်ငံရှိ ဗြိတိသျှသံရုံးမှ သံအမတ်ကြီး Stephen Lille၊ ပထမအတွင်းဝန် Thomas Philpps တို့နဲ့လည်း တွေ့ဆုံကြမှာဖြစ်ပါတယ်။ 



၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာလေဆိပ်သို့ ဒေသ စံတော်ချိန် ည ၇ နာရီ 
ကျော်မှာ ဆိုက်ရောက်ခဲ့ရာ ခရီးစဉ်ကို စီစဉ်ပေးခဲ့တဲ့ Centrer Peace and Conflict Studies မှ တာဝန်ရှိ သူတွေနဲ့ ဖိလစ်ပိုင်နိုင်ငံမှာ ပညာ တော်သင်ရောက်နေကြသော မြန်မာကျောင်းသားတွေက လေဆိပ်မှာ လာရောက်ကြိုဆိုခဲ့ကြပါတယ်။ 



၈၈ မျိုးဆက်ကျောင်းသားတွေဟာ မနီလာမြို့ရှိ ခေတ္တ တည်းခိုဖို့ The Richmonde Hotel မှာ ကမ္ဘောဒီးယားနိုင်ငံ အခြေ စိုက် Centrer Peace and Conflict Studies ( ငြိမ်းချမ်းရေးနှင့် ပဋိပက္ခ များ လေ့လာရေးစင်တာ CPCS ) မှ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမိတ်ဆက်ခဲ့ကြပါတယ်။ 







0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved