~
ပြီးခဲ့တဲ့ စနေနေ့ဟာ ထိုင်းနိုင်ငံမှာတော့ ကလေးများနေ့ ဖြစ်ပါတယ်။
ဘန်ကောက်ပို့စ်သတင်းစာမှာ တွေ့ရတဲ့ ကလေးများနေ့ ဓာတ်ပုံတွေကို ကူးယူ ဖော်ပြလိုက်ပါတယ်။ မြန်မာပြည်က ကလေးများအတွက်လည်း တစုံတရာ စိတ်ကူးရကြဖို့၊ ကိုယ့်ရဲ့ ငယ်ဘ၀ကို ပြန်သတိရဖို့ ကြည့်လိုက်ကြပါအုံး။
အပေါ်ဆုံးက ပုံက ဘန်ကောက်မြို့ အစိုးရရုံး ၀န်ကြီးချုပ်ရုံးခန်းမှာ ရိုက်ကူးထားတာပါ။ ကလေးများနေ့ အစီအစဉ်တခုကတော့ ကလေးတွေ ၀န်ကြီးချုပ်ထိုင်ခုံမှာ ထိုင်ပြီး ဓာတ်ပုံအရိုက်ခံကြခြင်းပါ တဲ့။ ၀န်ကြီးချုပ် ထိုင်ခုံမှာ သုံးစက္ကန့်ကြာထိုင်ဖို့အတွက် တန်းစီကြရတယ်၊ အပေါ်ပုံက ၂ နှစ်သားက အချိန်အတော်ကြာ တန်းစီစောင့်ဆိုင်းရတာ ပင်ပန်းတဲ့အတွက် အိပ်ပျော်သွားတာ ကင်မရာဘက်ကြည့်ပြီး မပြုံးနိုင်တော့ဘူးလို့ ဆိုပါတယ်။
(၀န်ကြီးချုပ်ထိုင်ခုံမှာ ၀န်ကြီးချုပ်အမူအရာအတိုင်း လုပ်ပြနေတာလည်း ဖြစ်နိုင်ပါတယ်။)
အဲဒီနေ့က အစိုးရရုံးမှာ တန်းစီတာ ဘယ်လောက်များသလဲ ဆိုတာ ဒီပုံက အဖြေပေးပါလိမ့်မယ်။
ဒါကတော့ Dusit တိရိစ္ဆာန်ဥယျာဉ်ကအပြန်မှာ တွေ့ရတဲ့ မိသားစုပါ။
အနယ်နယ်က ကလေးများရဲ့ ပုံတွေကို Bangkok Post သတင်းစာရဲ့ ကလေးများနေ့အထိမ်းအမှတ်ဓာတ်ပုံစာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။
ဘန်ကောက်မြို့ ဒွန်မောင်းဒေသမှာ ခင်းကျင်းထားတဲ့ လေယာဉ်တွေကိုစစ်ဆေးပြီး လိုအပ်တာတွေကို လမ်းညွှန်နေတဲ့ ကလေးများ
ထိုင်းနိုင်ငံ ကလေးများနေ့ မြင်ကွင်းတွေပါ။
မြန်မာပြည်မှာလည်း ဒီနှစ်အတွက် ကလေးများနေ့ လာပါတော့မယ်။
ရှေ့လ ၁၃ ရက်နေ့ဟာ အားလုံးမေ့နေကြဖွယ်ရှိတဲ့ မြန်မာနိုင်ငံကလေးများနေ့ပါ။
Children’s Day Nothing to Celebrate in Burma မဟုတ်ပါစေနဲ့လို့ ဆန္ဒပြုလိုက်ပါတယ်။
--
ဝန်ကြီးချုပ်ထိုင်ခုံမှာ အိပ်ပျော်နေတဲ့ ကလေး (photos: Bangkok Post) |
ဘန်ကောက်ပို့စ်သတင်းစာမှာ တွေ့ရတဲ့ ကလေးများနေ့ ဓာတ်ပုံတွေကို ကူးယူ ဖော်ပြလိုက်ပါတယ်။ မြန်မာပြည်က ကလေးများအတွက်လည်း တစုံတရာ စိတ်ကူးရကြဖို့၊ ကိုယ့်ရဲ့ ငယ်ဘ၀ကို ပြန်သတိရဖို့ ကြည့်လိုက်ကြပါအုံး။
အပေါ်ဆုံးက ပုံက ဘန်ကောက်မြို့ အစိုးရရုံး ၀န်ကြီးချုပ်ရုံးခန်းမှာ ရိုက်ကူးထားတာပါ။ ကလေးများနေ့ အစီအစဉ်တခုကတော့ ကလေးတွေ ၀န်ကြီးချုပ်ထိုင်ခုံမှာ ထိုင်ပြီး ဓာတ်ပုံအရိုက်ခံကြခြင်းပါ တဲ့။ ၀န်ကြီးချုပ် ထိုင်ခုံမှာ သုံးစက္ကန့်ကြာထိုင်ဖို့အတွက် တန်းစီကြရတယ်၊ အပေါ်ပုံက ၂ နှစ်သားက အချိန်အတော်ကြာ တန်းစီစောင့်ဆိုင်းရတာ ပင်ပန်းတဲ့အတွက် အိပ်ပျော်သွားတာ ကင်မရာဘက်ကြည့်ပြီး မပြုံးနိုင်တော့ဘူးလို့ ဆိုပါတယ်။
(၀န်ကြီးချုပ်ထိုင်ခုံမှာ ၀န်ကြီးချုပ်အမူအရာအတိုင်း လုပ်ပြနေတာလည်း ဖြစ်နိုင်ပါတယ်။)
အနယ်နယ်က ကလေးများရဲ့ ပုံတွေကို Bangkok Post သတင်းစာရဲ့ ကလေးများနေ့အထိမ်းအမှတ်ဓာတ်ပုံစာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တို့ကလည်း ကလေးများနဲ့ ရင်းရင်းနှီးနှီး |
ခရိုင်အုပ်ချုပ်ရေးမှူးရုံးခန်း |
ဘန်ကောက်မြို့ ဒွန်မောင်းဒေသမှာ ခင်းကျင်းထားတဲ့ လေယာဉ်တွေကိုစစ်ဆေးပြီး လိုအပ်တာတွေကို လမ်းညွှန်နေတဲ့ ကလေးများ
လွှတ်တော်မှာ တနေ့တာ |
ပျော်ပျော်ပါးပါး မော်တော်ကားနဲ့ |
စားမယ် |
ကလေးများ စုဝေးနေကြသည် |
ထိုင်းစစ်ဌာနချုပ်မှာလည်း ကလေးများနေ့ အစီအစဉ် ရှိတယ် တဲ့ |
ကုန်တိုက်တခုမှာ ဖြစ်ပါလိမ့်မယ် |
မြန်မာပြည်မှာလည်း ဒီနှစ်အတွက် ကလေးများနေ့ လာပါတော့မယ်။
ရှေ့လ ၁၃ ရက်နေ့ဟာ အားလုံးမေ့နေကြဖွယ်ရှိတဲ့ မြန်မာနိုင်ငံကလေးများနေ့ပါ။
Children’s Day Nothing to Celebrate in Burma မဟုတ်ပါစေနဲ့လို့ ဆန္ဒပြုလိုက်ပါတယ်။
--
0 comments :
Post a Comment