လယ်သမားများအတွက် စိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့် သတ်မှတ်

Monday, January 14, 2013


 ယမန်နှစ်က ဧရာဝတီ တိုင်းအတွင်း ဆန္ဒပြနေကြတဲ့ လယ်သမားများ၊ ဓာတ်ပုံ- ဧရာဝတီ 

တောင်သူလယ်သမားတွေအတွက် သတင်း တပုဒ်ပါ။ မြန်မာနိုင်ငံမှာ တောင်သူလယ်သမား ဆိုတာ မြန်မာ တနိုင်ငံလုံး လူဦးရေရဲ့ ရာခိုင်နှုန်း ၇၀ ကျော်ရှိတဲ့ လူများစု ဖြစ်ပါတယ်။ အခုလို လူများစု တောင်သူ လယ်သမားတွေ အတွက် စပါး သီးနှံ စိုက်ပျိုး စရိတ်ချေးငွေကို တဧကလျှင် ကျပ်ငွေ ၈ သောင်းမှ ၁ သိန်းထိ တိုးမြင့်လိုက်တယ်လို့ လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနက ကြေငြာချက်ကို ယနေ့ ဇန်န၀ါရီလ ၁၄ ရက်နေ့ထုတ် နိုင်ငံ ပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

 ကြေးမုံသတင်းစာပါ ကြေငြာချက်

တောင်သူ လယ်သမားတွေကို လက်ရှိအနေအထားမှာ တဧက စိုက်ပျိုး စရိတ် ကျပ် ၈ သောင်း သတ်မှတ်
ပေးထားရာက ကျပ် ၂ သောင်း တိုးမြှင့် ထုတ်ချေးလိုက်တာဖြစ်ပါတယ်။ အခုလို ကျပ် ၂ သောင်း တိုးမြှင့် 
ပေးလိုက်လို့ လယ်သမားတွေအတွက် အမှန်တကယ် အဆင်ပြေ၊ မပြေဆိုတာတော့ သေချာ မသိရပါဘူး။

ဒါပေမယ် အခု ထုတ်ချေးမှာက ကြွေးဟောင်း ကျေသူများကို သာ ထုတ်ချေးမှာဖြစ်တယ်လို့ ဆိုပြီး စိုက်ပျိုး စရိတ် အခက်အခဲရှိနိုင်တဲ့ တနိုင်တပိုင်နဲ့ ၁၀ ဧက အောက် တောင်သူတွေကိုတော့ ထုတ်ချေးသွားမယ်လို့ ဆိုပါတယ်။ 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved