ညှို့မဂ္ဂဇင်း ရှိသင့် မရှိသင့်

Tuesday, January 29, 2013


 ညှို့မဂ္ဂဇင်း၊ ဓာတ်ပုံ- ဧရာဝတီ
ညိမ်းပြည့်စုံ ~

မကြာမီက ထုတ်ဝေခွင့်လက်မှတ်ပိတ်သိမ်းခံရသည့် လိင်ပညာပေးညှို့မဂ္ဂဇင်း မရှိသင့်ဟု စာပေ၊ ဂီတနှင့် အနုပညာ ပညာရှင်တချို့က ပြောသည်။ 

ညှို့မဂ္ဂဇင်းအား ထုတ်ဝေရန် လျှောက်ထားစဉ်တွင် ဖက်ရှင်မဂ္ဂဇင်းအဖြစ် လျှောက်ထားသော်လဲ မဂ္ဂဇင်းပါ ဓာတ်ပုံ၊ အရေးအသားများမှာ လိင်ကိစ္စကိုဖော်ပြပြီး စိတ်ကို နှိုးဆွရာရောက်ပြီး မူလလျှောက်ထားသည့် အကြောင်းအရာနှင့် ကွဲလွဲသည်ဟုဆိုကာ မဂ္ဂဇင်းထုတ်ဝေခွင့်လက်မှတ်ကို ပြန်ကြားရေးဝန်ကြီးဌာနက ပိတ်သိမ်းလိုက်သည်။ 

 တေးရေးဆရာ ရွှေဂျော်ဂျော်က “ကျန်းမာရေးအရ ပြောရမယ်ဆိုရင်တော့ ဒီလို လိင်ပညာပေးတွေက ရှိသင့်တာပေါ့နော်။ ဒါပေမယ့် မြန်မာ့ယဉ်ကျေးမှု ထုံးစံအရ ကြည့်မယ်ဆိုရင်တော့ ဒါမျိုးတွေက ရှိကို မရှိသင့်တာ”ဟု ၎င်းက ပြောသည်။ 

 မြန်မာနိုင်ငံတွင် စာပေလွတ်လပ်ခွင့်ပေးလိုက်သည့်နောက်ပိုင်း မဂ္ဂဇင်း စာစောင်များတွင် အဖော်အချွတ် များကို ပိုမိုဦးစားပေးဖော်ပြလာသဖြင့် မီဒီယာသမားများ၊ ထုတ်ဝေသူများ အနေဖြင့်ရရှိသည့် အခွင့်အရေး များကို အလွန်အမင်း အသုံးမချသင့်ဟု ရွှေဂျော်ဂျော်က ပြောသည်။ 

ညှို့မဂ္ဂဇင်းမျက်နှာဖုံးတွင် ဖော်ပြထားသည့် အရွယ်မရောက်သေးသူများမဖတ်ရဟူ သည့် ကြော်ငြာ စာတမ်းသည် အရွယ်မရောက်သေးသည့် ကလေးသူငယ်များကိုဖတ်ချင်လာအောင် ဆွဲဆောင်ရာ ရောက် သည် ဟု စာရေးဆရာမ မသန်းမြင့်အောင်က ပြောသည်။ 



“ကလေးတွေက ဒါကိုမဖတ်ရဘူး၊ မကြည့်ရဘူးလို့ပြောရင် ပိုပြီးကြည့်ချင် ဖတ်ချင်ကြတယ်။ ဒါကြောင့် ကလေးတွေအတွက် မသင့်တော်တဲ့ မဖတ်သင့်တဲ့ စာအုပ်၊ စာစောင်တွေကို မရှိစေချင်ဘူး”ဟု ဆရာမ မသန်းမြင့်အောင်က ပြောသည်။ 

ညှို့မဂ္ဂဇင်း(လိင်ပညာပေး)သည် ကျန်းမာရေးအရ ရှိသင့်သော်လည်း ဖော်ပြထားသည့် ဓါတ်ပုံများ၊ အချို့ စာပေများသည်။ မြန်မာ့ယဉ်ကျေးမှုအပြင်၊ မိမိတို့နိုင်ငံနှင့် မည်သို့မျှအပ်စပ်မရှိဟု ဆရာမ သန်းမြင့်အောင် က ပြောသည်။ 

အလင်းတန်းဂျာနယ်မှ အယ်ဒီတာချုပ် ဦးဝင်းငြိမ်းကလည်း “သိပ်တော့မပြောလိုပါဘူး။ ဒါပေမယ့် အဲဒီ မဂ္ဂဇင်းကို ဒီနိုင်ငံ ဒီယဉ်ကျေးမှုအရတော့ မရှိစေချင်ဘူး”ဟု ပြောသည်။ 

စာရေးဆရာမ/ဒါရိုက်တာ ကြည်ဖြူသျှင်က ညှို့မဂ္ဂဇင်းနှင့်ပက်သက်၍ သူတပါး၏ လုပ်ပိုင်ခွင့်၊ လွတ်လပ် ပိုင်ခွင့်များအား အပြစ်ရှာ မပြောလိုကြောင်း၊ ၎င်းတို့စိတ်ကြိုက် အနုပညာများအား ဖန်တီးခွင့်ရှိသော်လည်း မည်သည့် အဆိပ်အတောက်မှ မပါစေချင်ကြောင်း ပြောသည်။ 

“ကျမအမြင် ကျမအကြိုက်အရ ပြောမယ်ဆိုရင် ဒီလို မဂ္ဂဇင်း၊ စာစောင်တွေကို လုံးဝ မရှိစေချင်ဘူး”ဟု ၎င်းက ဆိုသည်။ 

သို့သော် မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရေးများနှင့် ခေတ်မီတိုးတက်ပြောင်းလဲလာသည်နှင့်အမျှ လိင်ပညာပေးမဂ္ဂဇင်းများသည် အချိန်ကာလတခုတွင် မဖြစ်မနေ ပေါ်လာမည်ဟု တေးရေး/ဆို သြရသ က ပြောသည်။ 

 “ကျနော်ကတော့ ဒီလိုစာအုပ်တွေ ရှိစေချင်တယ်။ ယဉ်ကျေးမှုအရ ကြည့်ရင်တော့ ဆန့်ကျင်ဘက် 
ဖြစ်သွားရော။ ဒါကြောင့် ၅၀% ရှိသင့်ပြီး ၅၀% မရှိသင့်ဘူးလို့ထင်တယ်”ဟု ဆက်လက်ပြောသည်။ 

ညှို့မဂ္ဂဇင်းသည် လူငယ်များအတွက် အမှန် တကယ် အကျိုးရှိနိုင်မည့် ဗဟုသုတရစရာများအပြင် လိင်ပိုင်းဆိုင်ရာများကို ပညာပေးရုံအဆင့်သာ ဖော်ပြပေးမည်ဆိုပါက သင့်တော်ပြီး ရှိသင့်ကြောင်း မီဒီယာသင်တန်းနည်းပြ ဦးရဲနိုင်မိုးက သုံးသပ်သည်။ 

“မျက်နှာစာမှာကတည်းက လိင်ပညာပေးဆိုပြီး ဒါတွေကြီးပဲ လုပ်မယ်ဆိုရင် အဆင်မပြေလောက်ဘူး။ ဖတ်တဲ့သူတော့ ရှိမှာပဲလေ။ ဒါပေမယ့် မဖြစ်သင့်ဘူး”၎င်းက ဆက်လက်ပြောသည်။ 

အဆိုပါ ညှို့မဂ္ဂဇင်းအားကို ၂၀၁၂ခုနှစ်၊ နိုဝင်ဘာလ၊ (၂၇) ရက်နေ့တွင် ပထမဆုံး အကြိမ်စောင်ရေ (၂)ထောင်ဖြင့် ထုတ်ဝေဖြန့်ချိခဲ့ပြီး တစ်စောင်ကို (၂၅၀၀) ကျပ်ဖြင့် ရောင်းချခဲ့သည်။ 



ဆက်စပ် သတင်းများ 

လိင်ပညာပေး “ညှို့” မဂ္ဂဇင်း ကို ပိတ်လိုက်ပြီ 

လိင်ပညာပေး “ညှို့” မဂ္ဂဇင်း ငြိနေပြီတဲ့ 

ညှို့ မဂ္ဂဇင်း အယ်ဒီတာချုပ်ရဲ့ ရင်ဖွင့်ချက်

ညှို့မဂ္ဂဇင်းဖြန့်သူတဦးနဲ့ အင်တာဗျူး

လိင်ပညာပေး “ညှို့” မဂ္ဂဇင်း ထွက်ပြီ

 

 

 

4 comments :

  1. watcher said... :

    Trying to be a rich man by short-cut! It's toxic & the aim of publisher is different from what he said.Reject them!

  1. nyein said... :

    ခေတ်နောက်ပြန်ဆွဲမနေစမ်းပါနဲ့....အဲ့စာအုပ်ဖတ်မှကလေးတွေပျက်စီးမှာမဟုတ်ဘူး..အရွယ်မရောက်သေးတဲ့ ကလေးတွေဖတ်ပိး စိတ်ပြောင်းလဲမှာထက်... မသိနားမလည်ပဲမှားယွင်းမှာ ဘယ်အရာကို ရင်းမလဲ...အသစ်တခု စတင်ရင် အနဲနဲ့ အများတော့ ထိမှာပေါ့...အသစ်ကိုလက်ခံကြည့်တတ်ဖို့ကောင်းဘီ...

  1. ma oo said... :

    ပညာပေးသင့်တဲ့စာအုပ်ပါဘဲ။ဒီကမရလဲ အင်တာနက်က နည်းမျိုးစုံရနိုင်တာဘဲ။အဲဒီကရတာတွေကို အဖက်ဖက်ကပညာပေးတွေ ဆောင်ရွက်ရမှာမို့ ဒီမဂင်္ဇးကပညာပေးဖြစ်လာနိုင်တယ်။

  1. sour grain said... :

    Have u read it?It's not sex education.Only effort to publish Myanmar girls' flirty photos.It also persuades to have sex.No education!It lowered Myanmar girls' dignity.Make the publisher's children read it for sex education first.Big in size,small in wits!

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved