ရွှေတွံတေး ဆရာတော် မေတ္တာစမ်းရေ တရားပွဲကျင်းပ

Thursday, January 24, 2013



ဧရာဝတီတိုင်း ဘိုကလေးမြို့ နယ် ကဒုံကနိတွင် မေတ္တာစမ်းရေပရိဟိတလူငယ်အဖွဲ့ ကကြီးမှူးပြီး သာသနာ အကျိုးဆောင် လူငယ်များ ပံ့ပိုးမှုဖြင့် ဇန်န၀ါရီလ ၂၀ ရက်နေ့က ရွှေတွံတေးဆရာတော် ညတရားပွဲကို ကျင်းပခဲ့ပါတယ်။

 ရွှေတွံတေးဆရာတော်က.......... “ရတနာသုံးပါးကိုတကယ်ကြည်ညိုတတ်အောင် ဟောကြားခဲ့ရာတွင် ဘုရားကိုတကယ်ကြည်ညိုမှ တကယ်လိုက်ကျင့်မှ ဘာသာယဉ်ကျေးမှုမပျောက်မှာ -သစ္စာပါရမီဖြည့်ကျင့် ရင်လည်း တကယ်အမှန်တရားကိုမြတ်နိုးမှ -အမှန်တရားအတွက် တကယ်ပြောရဲ ဆိုရဲရမယ် ရပ်တည် ရဲရ မယ် - နောက်တဆင့် ခန္ဓာသွေးသားနဲ့ရင်းပြီး နှိပ်စက်ခံရရင်တောင်အမှန်တရားကို မျက်ကွယ်မပြုဘူး ဆိုတဲ့စိတ်နဲ့ ကျင့်ကြံရတယ် - အမြင့်ဆုံးအမြတ်ဆုံးကတော့ အသက်နဲ့ရင်းပြီး အမှန်တရား သစ္စာတရား အတွက်ကြံ့ကြံ့ခံ ရပ်တည်ဖို့ အဓိဌာန် ဆုံးဖြတ်ချက် စိတ်ဓါတ်မျိုး မွေးမြူးအားထုတ်ဖို့ ပါဘဲ ..... အနိစ္စတရားလည်းသိမှ -လောကမှာမြဲနေတာ ဘာမှမရှိဘူး ဆိုတာ တကယ်သိဖို့  အရေးကြီးပါတယ်။

တိုင်းပြည်တခုမှာ အာဏာပိုင်တွေကလည်း အာဏာမြဲတယ်ထင်ပြီး ထင်ရာမစိုင်းဖို့ ပြည်သူတွေကလည်း ငါတို့ မတရားခံနေရတာတွေ ဆင်းရဲဒုက္ခရောက်နေရတာတွေဟာ မလွတ်တော့ ပါဘူးလို့ စိတ်ဓါတ်ကျ အားငယ်မနေကြဖို့  အရေးကြီးတယ် လောကကြီးဟာအမြဲပြောင်းလဲနေမှာပါ မှန်မှန်ကန်ကန်ကြိုးစား အားထုတ်ကြဖို့ ပဲလိုပါတယ်...... ရဟန်းသံဃာတွေကိုလည်းတကယ်ကြည်ညို တတ်မှ....ကြည်ညိုတတ် ရင်ချဉ်းကပ် ကုသိုလ်ဖြစ်တယ် -မကြည်ညိုတတ်ရင် ကင်းအောင်နေ အကုသိုလ်မဖြစ်စေနဲ့  -အရင်အစိုးရ  
ခေတ်မှာ ရဟန်းသံဃာတွေ နှိပ်စက်ခံရ အကျဉ်းချခံရ ပျံလွန်တော်မှုကြရတာတွေဟာ မကောင်းဘူး - တိပိဋက ဆရာတော်တွေ ဆရာတော်ကြီးတွေ ရဟန်းပျိုတွေ တော်တော်များများ ဒုက္ခရောက်ကြတယ်။

 -နောက်ဆက် တွဲက သာမန်ပြည်သူတွေကပါ ထောင်ထွက်ရဟန်းတွေကို မလေးမစားဖြစ်လာတယ်သံဃာ အချင်းချင်း ပြသ၁နာရှိ လာတယ် - တကယ်တော့ကာယကံရှင် စိတ်ကသိက္ခာမချရင်လူ မဖြစ်ဘူး  
ထောင်ထဲမှာ လူဝတ်အင်္ကျီလုံချည်နဲ့  နေကြရပေမယ့် ရဟန်းပါဘဲ -ရဟန်းတွေဟာ ၆ချက်ညီမှ သိက္ခာကျ တယ် လူဖြစ်တယ် - ဒါအရေးကြီးတယ် အားလုံးလေ့လာကြ - စဉ်းစားဝေဖန်ဆုံးဖြတ်ကြ - ကြည်ညို တတ်ကြမှ အဆင်ပြေမယ်.......'' စသဖြင့်၂ နာရီခန့် ဟောကြားခဲ့ပါတယ်။

ဓမ္မပူဇာအလှူတော်ငွေများကိုလည်း ရွှေတွံတေးဆရာတော်ကသွေးအလှူ ဆေးအလှူ ပရိဟိတကူညီ  
နေသော   မေတ္တာစမ်းရေ လူငယ်အဖွဲ့ ရံပုံငွေအဖြစ်လှူဒါန်းခဲ့ပါတယ်။


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved