ကချင်ပြည်နယ် စစ်ပွဲများ ရပ်ဆိုင်းရေး ရန်ကုန်မှာ ဆန္ဒဖော်ထုတ်

Tuesday, January 1, 2013

 ဓာတ်ပုံ- ဂျေပိုင်/ဧရာဝတီ

ကချင်ပြည်နယ်တွင်း လတ်တလော ဖြစ်ပေါ်နေတဲ့ စစ်ပွဲများ အမြန်ဆုံး ရပ်တန့်ရေးအတွက် ရန်ကုန်မြို့ မဟာ ဗန္ဓုလ ပန်းခြံအနီးတွင်း ဆန္ဒဖော်ထုတ်မှုတခုကို ယနေ့ နေ့လယ်ပိုင်းက ကျင်းပခဲ့ကြပါတယ်။ 

အဆိုပါ ဆန္ဒပြပွဲမှာ မြန်မာနိုင်ငံတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားတွေက မိမိတို့ ရိုးရာဝတ်စုံများ ၀တ်ဆင်ပြီး စစ်ဘေး ဒုက္ခသည်များ အမြန်ဆုံး ငြိမ်းချမ်းလုံခြံမှု ရရှိနေစေရေး၊ ထာဝရ ငြိမ်းချမ်းရေးတို့ အတွက် မေတ္တာပို့ ဆုတောင်းခြင်းများကို မိနစ် အနည်းငယ်ကြာ လုပ်ဆောင်ခဲ့ကြတာပါ။

 ယခု နှစ်သစ်ရဲ့ ပထမဆုံးသော ဆန္ဒဖော်ထုတ်ပွဲမှာ ငြိမ်းချမ်းတဲ့ စစ်များ ကင်းမဲ့တဲ့ နှစ်သစ်ဖြစ်စေရေး လည်း ဆုတောင်းခဲ့ကြပါတယ်။


2 comments :

  1. Anonymous said... :

    ကေအိုင်အေကအလစ်ချောင်းတိုက်လို့  ခု၇က်ပိုင်းအတွင်းထိခိုက်ကျဆုံးတာတွေ ကာမိုင်း၇ဲစခန်းဝင်စီးလို့  အပြစ်မဲ့အ၇ပ်သားတွေ သေကြတာကိုတော့ဘာလို့  7573မကန့် ကွက်ကြသလဲ။

  1. Anonymous said... :

    ဆန္ဒပြတာမဟုတ်ပါဘူး..ဆုတောင်းပွဲလုပ်တာ..ပြီးတော့စစ်
    ပွဲရပ်ခိုင်းတာလည်းအစိုးရတစ်ခုတည်းကိုပြောတာမဟုတ်
    ဘူး..နှစ်ဖက်စလုံးကိုစစ်ပွဲရပ်ခိုင်းတာ။အပြစ်မဲ့ကချင်ပြည်သူ
    တွေတအားအေးတဲ့ဆောင်းရာသီ၊တအားအေးတဲ့ဒေသမှာ
    အခုလိုစစ်ပွဲဒဏ်ကိုခံနေရတာမကြားရက်၊မမြင်ရက်လို့ပြု
    လုပ်တဲ့ဆုတောင်းပွဲလေးတစ်ခုပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved