ဓာတ်ပုံ-ပြည်တော်မြင့်/ဧရာဝတီ။
ပြည်တော်မြင့် ~
၂၀၁၃ ခုနှစ်၊ နှစ်သစ်ကူးနေ့ အထိမ်းအမှတ် တိုင်းရင်းသား ပေါင်းစုံ ချစ်ကြည်ရေးနှင့် အနုပညာတင်ဆက်မှု များကို ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ မယ်တော်ရပ်ကွက်မှာ ယမန်နေ့ ညနေပိုင်းက ကျင်းပခဲ့ရာမှာ ထိုင်း- မြန်မာ တိုင်းရင်းသား လူမျိုးတချို့ တက်ရောက် ဆင်နွှဲခဲ့ကြပါတယ်။
မဲဆောက်မြို့ကို Little Burma လို့ ခေါ်ဆိုတဲ့အတိုင်း မြန်မာရနံ့တွေ လှိုင်လှိုင်သင်းတဲ့ မြန်မာနိုင်ငံသား တိုင်းရင်းသားပေါင်းစုံ အများစု ရှိတဲ့ နေရာရပ်ဝန်းလည်းဖြစ်တာကြောင့် မြန်မာတိုင်းရင်းသားများက အခုလို စုံလင်စွာ ပူးပေါင်းဆင်နွှဲကြတာပါ။
0 comments :
Post a Comment