အခက်အခဲဖြစ်နေသူကို ဒီလို အကူအညီတွေ ပေးနေတယ်

Thursday, January 10, 2013



ထိုင်းနိုင်ငံ  မဟာချိုင်ဒေသမှ   မြန်မာအလုပ်သမား တဦးကို ကူညီရေးဆရာတော်မှ ကူညီမှုတခုပြုလုပ်ခဲ့ပါ တယ်။ ဒေါက်တာစင်သီယာမောင် ဦးစီးနေတဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့က မယ်တော်ဆေးခန်းသို့ အဆို ပါ မြန်မာ အလုပ်သမားကို ပို့ဆောင်ဆေးကုသပေးခဲ့ခြင်းပါ။

အဆိုပါ အလုပ်သမားသည်  ယာယီနေထိုင်ခွင့်  ပါတ်စပို့ ပြုလုပ်ထားပေမယ့် ဆေးရုံ  ဆေး စစ်လက်မှတ်  လုပ်မထားတာ ကြောင့် အမှန်တကယ် ကျန်းမာရေး  ချို့ယွင်းလာသောအခါ  ဆေးရုံသို့သွားပေမယ့်လည်း  ပြင်ပလူနာ ဆေးဝါး ကုသနှုန်း ထားဖြင့်   ပေးရမည်ဟုဆိုလာပါတယ်။

ငွေကြေး မတတ်နိုင်လို့ အခက်အခဲ  ဖြစ်ပြီး  ရောဂါကလည်းသည်းလာတာကြောင့်  ကူညီကယ်ဆယ်ရေး ဆရာတော် ထံ ဆက်သွယ် အကူ အညီတောင်းခံလာတယ်လို့ သိရပါတယ်။

ဆရာတော်နှင့်ဆက်သွယ်မိပြီး ဆရာတော်က   ဘန်ကောက်  မဟာချိုင်ဒေသမှ  မဲဆောက်မြို့က    ဒေါက်တာ စင်သီယာမောင် ရဲ့ မယ်တော်    ဆေးရုံအထိ   ပို့ဆောင်ပေးခဲ့ပါတယ်။

လူနာအား  ကါးခ နှင့်   ဘတ်ငွေ  ၃ ထောင် ၊   ဆေးရုံဝေယျာဝစ္စ အတွက် အလှူတော်ငွေ   ဘတ် ၅ ထောင်  တို့ ကို   ဆရာတော်  ဦးဇောတိက မှ ဇန်န၀ါရီလ ၈ ရက်နေ့က သွားရောက်ကူညီလှူဒါန်းခဲ့ပါ တယ်။
အဆိုပါ ကျန်းမာရေး ဆေးကုသခွင့်ဆိုင်ရာ လက်မှတ်မဲ့ ဒုက္ခရောက် နေသောသူမှာ ပဲခူးတိုင်း   လက်ပန်တန်းမြို့ နယ်  ဥတို ရွာ မှ အသက် ၃၆ နှစ်ရှိ မောင်စိုးမိုအောင် ဖြစ်တယ်လို့ သိရပါတယ်။ 







---

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved