ပင်လုံကျောက်တိုင် နဲ့ လက်ဆော့သူများ

Tuesday, January 8, 2013



~

ဂျွန်ချစ်ငြိမ်း(တောင်ကြီး) ~

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့၊  ပင်လုံကျောက်တိုင်တွင် မှင်ဖျက်ဆေး၊ မီးသွေးခဲ၊ ဘောပင်၊ ဆော့ပင်တို့ဖြင့် ရေးခြစ်ထားသည်ကို တွေ့ရသည်။

      ပင်လုံကျောက်တိုင်သို့  လူငယ်များ၊ သမီးရည်းစား စုံတွဲများ အပါအ၀င် လာရောက် လည်ပတ်ကြသူတို့က   အမှတ်တရစာများ ကြုံသလို ရေးခြစ်ခဲ့ကြသဖြင့် ထိုစာများကို ကျောက်တိုင် အောက်ခြေ အပြည့် အမြင်မတော်စွာ တွေ့နေရကြောင်း၊  မသင့်တော်သည့် လုပ်ရပ်ဖြစ်ကြောင်း ပင်လုံမြို့ခံတို့က ပြောသည်။


ကျောက်တိုင်ကြီးသည် မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အထင်ကရ ဆောင်ရွက်ချက်တခု ဖြစ်သည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်  တိုင်းရင်းသားခေါင်းဆောင်ကြီးများ သဘောတူ လက်မှတ်ရေးထိုးခဲ့သည့် ပင်လုံစာချုပ် ချုပ်ဆိုရာ သမိုင်းဝင်ပင်လုံမြို့တွင် တည်ရှိသည်။

တခြားဒေသမှ နိုင်ငံရေး စိတ်ဝင်စားသူတို့ လာရောက် လည်ပတ်လေ့လာကြသော၊ အလေးပြုကြသော ပင်လုံကျောက်တိုင်ကြီးကို  ပြန်လည်မွန်းမံ ပြင်ဆင်သင့်ကြောင်း၊ လက်ဆော့ ရေးသားသူတို့ကို ထိထိရောက်ရောက် အရေးယူ သင့်ကြောင်း နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများက တညီတညွတ်တည်းပြောကြသည်။

























-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved