~
ဂျူးဂျူးလှိုင် ~
ရန်ကုန်မြို့ပြင်က ဧရာဝဏ်၊ ရတနာ စတဲ့ အိမ်ရာစီမံကိန်းတွေမှာ တိုက်ခန်းပေါင်း တသောင်းကို သုံးနှစ်အတွင်း အပြီး တည်ဆောက်ဖို့ ရည်ရွယ်ထားတယ်လို့ မြေခွန်မြေတိုင်း ညွှန်မှူး ဦးအောင်ကျော်ဦးက မနေ့က ပြုလုပ်တဲ့ မြေယာကိစ္စရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦး (ဓာတ်ပုံ - ဂျူးဂျူးလှိုင်/ဧရာဝတီ) |
ကျူးကျော်နေထိုင်သူများကို ဒီတိုက်ခန်းတွေ ပြန်ရောင်းပေးဖို့ စဉ်းစားထားတယ် လို့ ဦးအောင်ကျော်ဦးက ဒေသခံပြည်သူများ၊ စာနယ်ဇင်းသမားများ တက်ရောက်တဲ့ ရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီစီမံကိန်း ၂ ခုကနေ ၀င်ငွေနည်းပြည်သူလူထု ရှစ်သောင်းကျော် နေထိုင်ဖို့ တိုက်ခန်းတွေ ပေါ်ပေါက်လာမယ်လို့ သိရပါတယ်။
ပဲခူးမြစ်ဘေးက ဒဂုံဆိပ်ကမ်းမြို့နယ် (ဓာတ်ပုံ - google map) |
ဆက်စပ် -
ဆင်းရဲသားရွှေမြို့တော် NDF ဖန်တီးမည်
0 comments :
Post a Comment