ပညာမျက်စေ့ ဖွင့်ကြည့်ခြင်း

Thursday, January 17, 2013



ရန်ကုန်တိုင်း ဒဂုံအရှေ့မြို့နယ်မေတ္တာပါရမီ စာဖတ်ခန်းတွင် ဇန်န၀ါရီလ ၁၅ ရက်နေ့ နေလည် ၁နာရီက  
ရွှေတွံတေး ဆရာတော်၏  “ပညာမျက်စေ့ ဖွင့်ကြည့်ခြင်း” ဟောပြောပွဲကိုကျင်းပခဲ့ပါတယ်။ 

မေတ္တာပါရမီ စာဖတ်ခန်းမှအဖွဲ့ ဝင်များ - ကွန်ပျူတာ သင်တန်းသားများ၊ ရောင်နီသစ် ပရဟိတ၀ါဒီများ၊ ဒဂုံမေတ္တာ အဖွဲ့ များ၊ အမေ့အိမ် ပညာဒါနကျောင်းသူကျောင်းသားများ နှင့် ရပ်မိရပ်ဖများ တက်ရောက်ကြ ပါတယ်။

ရွှေတွံတေးဆရာတော်က “တိုင်းပြည်ကို စစ်စစ်မှန်မှန်တိုးတက်အောင်တကယ်ပြောင်းလဲချင်ရင် ပညာ မျက်စေ့ ဖွင့်ထားကြပါ၊ အစိုးရရော အတိုက်အခံအင်းအားစုရော ပြည်သူလူထုရော ပညာမျက်စေ့ ဖွင့် ထားကြပါ၊ အာဏာပိုင်တွေ ခေါင်းဆောင်တွေ ဆိုတာကလူနည်းစု ပြည်သူလူထုက အများစုဖြစ်တဲ့ အတွက် ပြည်သူ လူထုက အရေးကြီးတယ် ပညာမျက်စေ့ ပိုဖွင့်ရမယ် ဒါမှတိုင်းပြည်ကို တကယ်ကောင်း 
အောင်ပြောင်း ပစ်နိုင်မယ့် ဟန့်တား နှောက်ယှက် ဖျက်ဆီးမှုတွေကိုလဲ ကာကွယ်တာဆီးနိုင်မယ် အားလုံး ညီညီ ညွတ်ညွတ် ကြိုးစာကြပါ အမြင်အကြား ဗဟုသုတ ပညာမျက်စီဖွင့် ပြီးရင်တွေးခေါ်စဉ်းစား ဦးနှောက် ပညာ မျက်စေ့ ဖွင့် ပြီးရင် ကိုယ်ကျိုးစွန် ပြီး အများအကျိုးပြုတဲ့ လက်တွေပညာ မျက်စိဖွင့်ကြပါ အဲဒါသုတ စိန္တာ ဘာဝနာ ပညာတွေဘဲ တတိုင်းပြည် လုံးတမျိုးသားလုံး မင်္ဂလာရှိအောင် ကြိုစားကြပါ။ စိတ်ဓာတ် 
တွေ အောက်တန်း မကျအောင် မယုတ်မာအောင် မဆိုးဝါးအောင် ပြောင်းပစ်ကြပြုပြင်ပေးကြပါ’’ စသည် 
ဖြင့် ဟောကြားခဲ့ပါတယ်။ 

ထိုနောက် ချို့တဲ့ ကိုယ်ဝန်ဆောင် မိခင်များမွှေးဖွားရေး ကူညီစောင့်ရှောက်နေသော ရောင်နီသစ် ပရဟိတ ၀ါဒီအဖွဲ့၊ အခမဲ့ပညာဒါနပြုနေသော အမေ့အိမ်အဖွဲ့ချုပ်၊ မေတ္တာဖြင့်သွေးလျူဒါန်းနေသော ဒဂုံမေတ္တာအဖွဲ့ ကွန်ပျုတာ သင်တန်း သက်မွေးဝမ်းကျောင်း လျှပ်စစ်သင်တန်းများ အခမဲ့သင်ကြားပေးနေသော   မေတ္တာ ပါရမီိ အဖွဲ့အသီးသီးကို ရွှေတွံတေးဆရာတော်က အလှူငွေများပေးအပ်ခဲ့ပါတယ်။




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved