ဒေါ်အောင်ဆန်းစုကြည်နဲ့ သူဌေးကြီး ဂျော့ဆိုးရော့စ်တို့ တွေ့ဆုံ

Thursday, January 10, 2013

 ဒေါ်အောင်ဆန်းစုကြည်နဲ့ သူဌေးကြီး ဂျော့ဆိုးရော့စ်နှင့် အဖွဲ့တို့ တွေ့ဆုံစဉ်၊ ဓာတ်ပုံ- NLD

သူဌေးကြီး မစ္စတာ ဂျော့ဆိုးရော့စ်နှင့် အဖွဲ့ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ယနေ့ ဇန်န၀ါရီလ ၁၀ ရက်နေ့မှာ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။ ဆွေးနွေးတဲ့ အသေးစိပ်ကို မသိရသေးပါဘူး။ 

နေပြည်တော်ရောက်နေတဲ့ ဂျော့ဆိုးရော့စ်ဟာ သမ္မတ ဦးသိန်းစိန်နဲ့လည်း ယနေ့နံနက်ပိုင်းက လက် ရှိ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ကိစ္စတွေနဲ့ပတ်သက်တာတွေကိုလည်း ဆွေးနွေးခဲ့ပါသေးတယ်။ 

သူဌေးကြီး ဂျော့ဆိုးရော့စ်ဟာ Open Society Institute - OSI ဖောင်ဒေးရှင်းကို တည်ထောင်ထားသူ တဦးလည်းဖြစ်ပြီး မြန်မာ့ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ ပညာရေးနဲ့ လူမှုရေးလုပ်ငန်းတွေမှာ လွန်ခဲ့တဲ့ စစ်အစိုးရလက်ထက်တွေက အကူအညီပေး ထောက်ပံ့ခဲ့တာဖြစ်ပါတယ်။ 

ဂျော့ဆိုးရော့စ်ဟာ ရန်ကုန်မြို့မှာရှိစဉ်က ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ၊ ဦးဝင်းတင်၊ ဦးခွန်ထွန်းဦး အစရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved