မဟာဒေ၀ီ ဘာသာပြန် လာပါပြီ

Wednesday, January 2, 2013


 ဓာတ်ပုံ- မိုးမခ 

ပြေ- ဆေး၂ က မြူတိမ်ဝေေ၀ တောင်ခိုးဝေးဝေး ဘာသာပြန် စာအုပ်အဖြစ် ထုတ်ပြီလို့ မိုးမခစာအုပ်စင် ကဏ္ဍမှာ ဖော်ပြထားပါတယ်။ 

Twilight over Burma by Inge sargent ကို ပြေ၊ဆေး၂၊က “မြူတိမ်ဝေေ၀ တောင်ခိုးဝေးဝေး” အမည်ဖြင့် မူရင်းအတိုင်း တလုံးမကျန် မြန်မာလိုပြန်ဆိုထားပါတယ်။ 

သီပေါစော်ဘွားကြီးစပ်ကြာဆိုင်ရဲ့ မဟာဒေ၀ီ စ၀်သုစန္ဒီ (သြစတြီးယားလူမျိုး Inge sargent)က သူ ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရသော ဘ၀ကို ပြန်လည်ရေးသားထားခြင်းဖြစ်တယ်။ 

သီပေါစော်ဘွားစ၀်ကြာဆိုင်ကို ဗိုလ်ချုပ်နေ၀င်းက အာဏာသိမ်းလိုက်သည့်အခါ ၁၉၆၂မတ်လတွင် ဖမ်းဆီးပြီး လုပ်ကြံခဲ့မှုဖြစ်တယ်။

နှစ်ပေါင်း ၃၀ တိုင်တိုင် စစ်အစိုးရက စ၀်ကြာဆိုင်နှင့်ပတ်သက်ပြီး ပြန်ကြားချက်ထုတ်ပြန်ချက် ဘာတခုမှ ထုတ်ပြန်ခဲ့ခြင်း မရှိခဲ့။ တော်လှန်ရေးးအစိုးရက စ၀်ကြာဆိုင်ကို မဖမ်းဆီးခဲ့ဘူးလို့ ပြောခဲ့ပါတယ်။ 

ဒါပေမယ့် ဗထူးတပ်အချုပ်ခန်းထဲကနေ ကချင်စစ်ဗိုလ်တယောက်ကတဆင့် မဟာဒေ၀ီထံ ရေးလိုက်တဲ့ စာက သက်သေအဖြစ် ကျန်ရှိနေခဲ့ပါတယ်။ 

စာအုပ်ကို မြန်မာခေတ်စာအုပ်တိုက်က ထုတ်ဝေမှာဖြစ်ပါတယ် ဇန်န၀ါရီလ အတွင်းထွက်ပါ့မယ်။ ဒီစာအုပ် ကို မိုးမခမှာ မေခကလောင်အမည်နဲ့ သမိုင်းဖြစ်ရပ်ထဲက အမည်မှန်တွေကို ပြောင်းလဲပြီး တင်ဆက်ခဲ့ပါ တယ်။ 

အဲသည်တုန်က စာပေစိစစ်ရေးက အမည်တွေ လွှဲထားသော်လည်း ထုတ်ဝေခွင့် ချမပေးတဲ့အတွက် မိုးမခ မှာ အဲသည် ပထမဘာသာပြန်မူကို တင်ဆက်ခဲ့ရတာ ဖြစ်ပါတယ်။ 

အခုစာပေစိစစ်ရေး တင်စရာမ လိုတော့ တာမို့ မူရင်းအတိုင်း၊ သမိုင်းမှန်၊ အမည်မှန်တွေအတိုင်း မူရင်း ကို ပြန်ဆိုပြီးတော့ ဘာသာပြန်ခဲ့ သူ ပြေ-ဆေး၂ အမည်နဲ့ ထုတ်တာပါပဲ။

၂၀၀၇ ခုနှစ်က ပထမမူကို ဘာသာပြန်ခဲ့ပြီးနောက် ၂၀၁၂မှာ မူရင်းအတိုင်း ပြန်လည် ဘာသာပြန်မူ ကို ပြင်ဆင်ပါတယ်။ 

မိုးမခမှာ တင်ဆက်ခဲ့တဲ့ မူကို သည်နေရာမှာ ပြန်ဖတ်နိုင်ပါတယ်။ 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved