၂၀၁၂ ခုနှစ်တနှစ်တာအတွင်း လူကြိုက်အများဆုံး ပို့စ် ၅ ခု

Tuesday, January 1, 2013


ဧရာဝတီ ဘလော့ဂ်မှာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ် တနှစ်တာ အတွင်း စာဖတ်သူအများဆုံး ပို့စ် တွေကတော့ ဇူလိုင်လ ၂၂ ရက်နေ့ က ဖော်ပြခဲ့တဲ့  သဇင် နဲ့ မိုးဟေကို အများဆုံး အရှာခံရ ဆိုတာက စာဖတ်ကြိမ်ပေါင်း ၃၂၈၆၀ နဲ့ နံပတ် ၁ နေရာ ယူပြီး ဒုတိယ စာဖတ် ပရိတ်သတ်အများဆုံးပို့စ် က တော့ စက်တင်ဘာလ ၁၃ ရက်နေ့ က ဖော်ပြခဲ့ တဲ့ စာဖတ်ကြိမ်ရေပေါင်း ၂၈၀၈၃ နဲ့   ဒေါသစိတ်ကြောင့် လူသတ်မှုနဲ့ တရားစွဲခံလိုက် ရတဲ့ မေဇွန် ဆိုတာဖြစ်ပြီး တတိယ စာဖတ်သူ အများဆုံးကတော့ ဇူလိုင်လ ၈ ရက်နေ့က ဖော်ပြခဲ့တဲ့ စာဖတ်ကြိမ်ရေပေါင်း ၂၁၁၅၀ နဲ့  သဇင် ... သဇင် ဆိုတဲ့ ပို့စ်တို့ ဖြစ်ကြပါတယ်။



နံပတ် ၄ အဆင့် ချိတ်တဲ့ ပို့စ်ကတော့ ဇူလိုင် ၃၁ ရက်နေ့ကဖော်ပြခဲ့တဲ့  အငြိမ်းစား ဗိုလ်မှူးကြီးသန်းရွှေ ကွယ်လွန် ဆိုတာဖြစ်ပြီး နိုဝင်ဘာ ၁၃ ရက်နေ့က ဖော်ပြခဲ့တဲ့  မိုးဟေကိုကခင်ပွန်းဟောင်းရဲ့ ကြေညာချက် ကို တုံ့ပြန် ဆိုတဲ့ ပို့စ်က နံပတ် ၅ နေရာ ရှိခဲ့ပါတယ်။

ဧရာဝတီ ဘလော့ဂ်ကို ယခုအခါမှာ စာဖတ် လာကြတဲ့အကြိမ်ရေပေါင်း ၃၁ ၅၀၂ ၉၇၆ ရှိပြီး နောက်လိုက် Followers ပေါင်း ၇၇၈ ဦးရှိနေပြီလည်း ဖြစ်ပါတယ်။ ယနေ့ အချိန်အထိ ပို့်စ်ပေါင်း ၇၄၀၀ ကျော် တင်ခဲ့ပြီး ကဏ္ဍစုံကို ဧရာဝတီက အချိန်နဲ့ တပြေးညီ တင်ပြ ပေးနေပါတယ်။

ဧရာဝတီကို အားပေးကြ တဲ့ စာဖတ် ပရိတ်သတ်တွေ အတွက်လည်း ဧရာဝတီကသတင်းမြစ် ကြီး တစင်းလို အကောင်းဆုံး ၀န်ဆောင် မှုတွေ ပေးပြီး သင်တို့ ရှိရာ နေရာတိုင်းကို ဧရာဝတီက သတင်း များကို အရောက်ပို့ပေးနေနိုင်အောင် ကြိုးစားနေပါတယ်။ဧရာဝတီ စာဖတ်ပရိတ်သတ်များအားလုံးလည်း ၂၀၁၃ နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။



1 comments :

  1. Anonymous said... :

    ဒီအချက်အလက်တွေအရဆိုရင် မြန်မာတွေရဲ့ စာဖတ်မှုအခြေအနေနဲ့ စိတ်ဓာတ်အဆင့်အတန်းဟာ သိပ်ပြီး မြင့်မားကောင်းမွန်နေတယ်လို့ မဆိုနိုင်ဘူး...။
    လူ့သဘာဝဟာ.. လူ့သဘာဝပါပဲလို့ ဆိုချင်ဆိုနိုင်ပေမယ့် အဲဒီအချက်တွေထက် အများကြီးစိတ်ဝင်စားဖွယ် ဆွဲဆောင်မှုရှိတဲ့ စာတွေ အများကြီးရှိခဲ့တာပါ။ ဘာပဲပြောပြော စာဖတ်များလာရင်တော့ သူ့အလိုလို စိတ်တွေ ပြောင်းသွားကြမယ်လို့ ထင်ပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved