ဆက်သွယ်ရေး အရှု့ပ်တော်ပုံနဲ့ မိုဘိုင်းဖုန်း အိပ်မက်

Friday, January 25, 2013



 ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးသိန်းထွန်း (ဓာတ်ပုံ – ဆက်သွယ်ရေးဝန်ကြီးဌာန)

အဂတိလိုက်စားမှု၊ နိုင်ငံတော်ပိုင်ငွေ အလွဲသုံးစားမှုတွေ ကျူးလွန်ထားတယ်လို့ ယူဆရတဲ့ ဆက်သွယ်ရေး အရာရှိကြီးတစုကို မြန်မာနိုင်ငံ လာဘ်ပေးလာဘ်ယူမှု အရေးယူတိုက်ဖျက်ရေး  ကော်မရှင် ကနေ ခေါ် ယူစစ်ဆေးနေ တယ်ဆိုတဲ့ သတင်းကတော့ မြန်မာပြည်တလွှား လူအများ စိတ်ဝင်စားနေကြပါတယ်။ 


ဇန်န်ဝါရီလ ၁၈ ရက်နေ့က စပြီးတော့ ဆက်သွယ်ရေး အရာထမ်း၊ ဝန်ထမ်း ၄၀ ကျော် ၅၀ လောက် ကို နေပြည်တော်မှာ ခေါ်ယူ စခန်းသွင်းပြီး စစ်ဆေးမှုတွေ လုပ်နေပါပြီတဲ့။

မကြာခင်ကမှ ကျန်းမာရေး အကြောင်းပြချက်နဲ့ ဆက်သွယ်ရေး ၀န်ကြီး  ရာထူးကနေ အနားပေးလိုက်တဲ့ ဦးသိန်းထွန်းနဲ့ပတ်သက်လို့လည်း နေအိမ်အကျယ်ချုပ်ထားပြီး စစ်ဆေးနေတယ်ဆိုတဲ့ အတည်ပြုရခက်တဲ့ သတင်းတွေလည်း ပိုပိုပြီးကျယ်လောင်လာနေတာပါ။ 

သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ ၂၀၁၁ ခုနှစ် ဧပြီလ တရားဝင် အာဏာလွှဲပြောင်း ယူပြီးတဲ့
နောက် ဒေသတွင်း နိုင်ငံတွေထက် အဆပေါင်းများစွာ ဈေးကြီးနေတဲ့ မိုဘိုင်းလ် ဖုန်းတွေ ကို နိုင်ငံတကာ နည်းတူ ဈေးပေါ သက်သာပြီး လူတိုင်း သုံးနိုင်အောင် လုပ်ဆောင်မယ့် ရည်ရွယ်ချက်နဲ့ GSM မိုဘိုင်းလ်ဖုန်း သန်း ၃၀ စီမံကိန်းကို ၅ နှစ်အတွင်း အကောင်အထည် ဖော်မယ်ဆိုတဲ့ ကြေညာချက်ရဲ့ နောက်ဆက်တွဲ အရှုပ်တော်ပုံသတင်းဟာ ဆက်သွယ်ရေး ဝန်ထမ်းတွေနဲ့ ပြည်သူတွေအကြား တိုးတိုးတမျိုး၊ ကျယ်ကျယ် တဖုံ ပြောဆိုပြန့်နှံ့နေတာလည်းဖြစ်ပါတယ်။

ဆက်သွယ်ရေး ၀န်ကြီး ဦးသိန်းထွန်းကို တာဝန်ကနေ အနားပေးလိုက်ပြီးနောက်ပိုင်း တန်ဘိုးနည်း တယ်လီဖုန်း၊ မိုဘိုင်းဖုန်း သုံးဆွဲနိုင်ဖို့ လမ်းတွေ ပွင့်လင်းသွားခဲ့ပြီလို့ အလွှာအသီးသီးက မျှော်လင့်ပြော ဆိုနေကြပါတယ်။ ဒီမျှော်လင့်ချက်တွေက အခုဆို နီးစပ်လာမယ့် သဘောတွေလည်း မြင်တွေ့ကြားသိနေရ ပါတယ်။

သမ္မတ ဦးသိန်းစိန်ကတော့ စံပြအနေနဲ့ အခုလို ၀န်ကြီးတပါးကို အဂတိလိုက်စားမှုနဲ့ အရေးယူလိုက်တယ် ဆိုရင်တော့ နောက်ထပ် အဂတိလိုက်စားသူတွေအနေနဲ့ အတော် သတိထားနေကြတော့မယ်လို့လည်း လူတွေက ပြောဆိုနေကြပါတယ်။ ဒီအတိုင်းသာဆိုရင် မြန်မာနိုင်ငံသားတွေရဲ့ မလိုအပ်ဘဲ ကုန်ကျစရိတ် 
တွေ သက်သာလာမှာဖြစ်ပြီး တိုင်းပြည်စီးပွားရေးမှာပါ သိသိသာသာ တိုးတက်လာနိုင်တယ်လို့ မှတ်ချက်ပြု သံတွေလည်း အစီအရီ ထွက်ပေါ်လာနေပါတယ်။

ဒါပေမယ့် ထုနဲ့ ထည်နဲ့ နက်နက်ရှိုင်းရှိုင်း ဖြစ်နေတဲ့ အဂတိလိုက်စားမှုကြီးကို ပပျောက်သွားအောင်တော့ သမ္မတ ဦးသိန်းစိန်လည်း ချက်ချင်း ဆက်တိုက် အကောင်အထည်ဖော်ဖို့ ဆိုတာ မလွယ်ကူပါဘူး။ 

ဒါပေမယ့် အခုလို အရေးယူတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာမှုတွေကတော့ မြန်မာပြည်သူတွေ အသက်ရှု ၀ စေတဲ့ အိပ်မက်မျိုးဖြစ်တယ်ဆိုတာ သေချာပါတယ်။

ဒီအကြောင်း  ဧရာဝတီ မြန်မာပိုင်း ပင်မ  စာမျက်နှာပေါ်က သာလွန်ဇောင်းထက်ရေးသားတင်ပြထားတဲ့ ဆက်သွယ်ရေးဝန်ကြီးနဲ့ မိုဘိုင်းလ်ဖုန်း သန်း ၃၀ စီမံကိန်း ဆိုတဲ့ ဆောင်းပါးမှာလည်း ဖတ်ရှု့နိုင်ပါတယ်။

2 comments :

  1. sour grain said... :

    Only this one is investigated!Corruption is among almost everyone in govt. services.Even investigators must be checked.What kind of govt.?Corruptive govt.!Bye bye after2015!People r suffering more n more pains they do!

  1. Anonymous said... :

    နိုင် ငံ ခြား ရေး ဝန် ကြီး တ ယောက် ကို public မှာ စုံ စမ်း စစ် ဆေး တယ် ။ တ ရ ခံ တ ယောက် လို မေး တယ် ။ USA မှာ နိုင် ငံ ခြား ရေး ဝန် ကြီး ဆို တာ ဒု သ မ တ နဲ့ ကာ ကွယ် ရေး ဝန် ကြီး တွေ ထက် ပို ပါ ဝါ ရှိ တယ်။ မေး ခွန်း တွေ ဟာ နိုင် ငံ ခြား ရေး ဝန် ကြီး ကို လစ် ဗျား case မှာ တာ ဝန် ပေါ့ ရော့ တယ် လို့ စွတ် စွဲ ပြစ် တင် နေ တာ ဖြစ်တယ် ။l မြန် မာ နိုင် ငံ က ဆက် သွယ် ရေး ဝန် ကြီး ကို public မှာ ဘာ လို့ မ စုံ စမ်း မ စစ် ဆေး နိုင် ရ တာ လဲ ?

    http://www.youtube.com/watch?v=4wVnOu-aFlQ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved