၅/၉၆ ဥပဒေကို ရုပ်သိမ်းလိုက်ပြီ

Wednesday, January 16, 2013

 အမျိုးသား ညီလာခံတွင် ဒု ဗိုလ်ချုပ်ကြီး သိန်းစိန် မိန့်ခွန်းပြောနေစဉ်၊ ဓာတ်ပုံ- viss.wordpress.com

ကမ္ဘာမှာ အချိန်အကြာဆုံး အမျိုးသား ညီလာခံကို မြန်မာနိုင်ငံမှာ စစ်အစိုးရများက ကျင်းပခဲ့ပါတယ်။ အဲဒီ အမျိုးသား ညီလာခံကို ဟန့်တားနှောက်ယှက်၊ ဆန့်ကျင်ခြင်းက ကာကွယ်တဲ့ ဥပဒေ ( အမှတ် ၅/၉၆ ) ဆိုတာကို န၀တ စစ်အစိုးရက ဥပဒေအဖြစ် ပြဌာန်းခဲ့ပါတယ်။ 

အဆိုပါ ၅/၉၆ ဥပဒေ ပုဒ်မနဲ့ န၀တ၊ နအဖ စစ်အစိုးရတို့က တချိန်က ဒီမိုကရေစီ အရေး တက်ကြွလှုပ်ရှား သူတွေကို အလွယ်တကူ ဖမ်းဆီးချုပ်နှောင် ထောင်ဒဏ် ချမှတ် အပြစ်ပေးခဲ့ပါတယ်။

အခုတော့ အဲဒီ ၁၉၉၃ ခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့က စပြီး ၂၀၀၇ ခုနှစ်မှာ အဆုံးသတ်ခဲ့တဲ့ အမျိုးသား ညီလာခံကြီးကနေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေလည်း ပေါ်လာခဲ့ပါပြီ။ 

ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကျင့်သုံးတဲ့ အစိုးရ တရပ်လည်း ပေါ်ပေါက်ခဲ့ပြီး ၃ နှစ်နီးပါး ကြာပြီး တဲ့ နောက်မှာတော့ ယမန်နေ့ ဇန်န၀ါရီလ ၁၅ ရက်နေ့ နေ့စွဲနဲ့ သမ္မတ ဦးသိန်းစိန်က အဆိုပါ န၀တ စစ် အစိုးရ ပြဌာန်းခဲ့တဲ့ ဥပဒေ အမှတ် ၅/၉၆ ကို ရုပ်သိမ်းလိုက်ပါပြီ။ 



 မြန်မာ့အလင်း သတင်းစာ 

သမ္မတ လက်မှတ်ရေးထိုးပြီး နောက်ထပ် ဥပဒေ တခု ပြင်ဆင်တဲ့ ဥပဒေ တရပ်ကိုလည်း ယနေ့ သတင်းစာ
တွေမှာ ဖော်ပြထားပါတယ်။ 



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved