KIA နဲ့ အစိုးရ အွန်လိုင်းကနေ ဆွေးနွေးဖို့ ပြည်သူ့လွှတ်တော် တိုက်တွန်း
Friday, January 11, 2013
 ~
မျက်နှာချင်းဆိုင်ဖို့ ခက်ခဲနေတဲ့ KIA နဲ့ အစိုးရငြိမ်းချမ်းရေးကော်မတီတို့ အင်တာနက်ကနေ ဆွေးနွေးကြဖို့  ပြည်သူ့လွှတ်တော်က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
"Online ဆွေးနွေးမှုများ" လုပ်ကြပါ လို့ ပြည်သူ့လွှတ်တော်ရဲ့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။
ဒီတိုက်တွန်းစာဟာ ပြည်သူ့လွှတ်တော်ရဲ့ Facebook မှာ ပြီးခဲ့တဲ့ မိနစ်ပိုင်းအတွင်း တက်လာတာပါ။
ပြည်သူ့လွှတ်တော်အွန်လိုင်းမှာတော့ မတွေ့ရသေးပါဘူး။
ကချင်ပြည်နယ် မြစ်ကြီးနားမဲဆန္ဒနယ်က ဦးသိန်းဇော်ရဲ့ အရေးကြီး အဆိုတရပ် တင်သွင်းချက်ကြောင့် ဒီထုတ်ပြန်ချက် ပေါ်ပေါက်လာတာ ဖြစ်ဖွယ် ရှိပါတယ်။
ဒီကနေ့ မွန်းလွဲပိုင်းမှာ သူ့ရဲ့ အဆိုတင်သွင်းချက်  ပြည်သူ့လွှတ်တော်ရဲ့ Facebook ရောက်လာပါတယ်။ အဲဒီထဲက ၀ါကျတချို့ကို ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ် -
"ယနေ့ခေတ်နည်းပညာများအရ Video Conferencing များ၊ E-mail များ အပြန်အလှန် ပေးပို့ခြင်းများ၊ ဒါမှ မဟုတ်ရင်လည်း နှစ်ဖက်သဘောတူညီထားတဲ့ Electronic ဆက်သွယ်ရေး နည်းစနစ်များနှင့် မိမိတို့၏ မူဝါဒများ သဘောထားများ လိုလားချက်များကို နှစ်ဦးနှစ်ဖက်သတ်မှတ်ထားသော ကိုယ်စားလှယ်များကနေ၍ ပြည်သူများ ထင်သာမြင်သာ ရှိအောင် ထုတ်ပြန်တင်ပြ အသိပေးခြင်းများဖြင့် ပွင့်လင်းမြင်သာသော ဆွေးနွေးမှုများ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်"
ဗိုလ်ချုပ်ဂွန်မော်၊ KIA
-
0 comments :
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved