TIME မဂ္ဂဇင်း၊ ဦးသိန်းစိန်နဲ့ မြန်မာ့နိုင်ငံရေး

Saturday, January 12, 2013

~








ဒီတပတ် နိုင်ငံတကာ (အမေရိကန် မပါ)  အတွက် ဖြန့်တဲ့ TIME မဂ္ဂဇင်းမှာ မျက်နှာဖုံး ဆောင်းပါးက ဦးသိန်းစိန်အကြောင်း  ဖြစ်ပါတယ်။
Inside Man လို့ ခေါင်းစည်း တပ်ထားတာပါ။ 
စာရေးသူ  Hannah Beech က ဦးသိန်းစိန်ဇာတိ ကျုံကူးရွာ၊ ဦးသိန်းစိန် ရုံးထိုင်တဲ့ နေပြည်တော်တို့ကို သွားရောက် ရေးသားထားတယ်လို့ ဆိုပါတယ်။ 

မြန်မာလို ဘာသာပြန်ထားကို http://myanmargazette.blogspot.com/ မှာ တွေ့ရပါတယ်။ အဲဒီမှာ ဖော်ပြထားတဲ့အတိုင်း ကူးယူ ဖော်ပြလိုက်ပါတယ်။ 


ဧရာဝတီမြစ်ဝကျွန်းပေါ် အစွန်အဖျားမှာရှိတဲ့ ကျုံကူးရွာ လေးက ထွက်ပေါ်လာတဲ့ စည်းချက်တွေဟာ ရာစုနှစ် နောက် တစ်ခုဆီကနေ ပဲ့တင် ရိုက်ခတ်နေပါတယ်။
နွားတွေ ကျွဲတွေဟာ စပါးစိုက်လယ်ကွင်းတွေ ထဲမှာ ကျက်စား လို့၊ ထမီတိုတိုဝတ်ထားကြတဲ့ အမျိုးသမီးကြီးတွေဟာ ဆေးတံတွေခဲလို့၊ ငှက်ဖျား 
ရောဂါ ဖြစ်aစနိုင် တဲ့ ခြင်တွေကို မောင်း ထုတ်လို့နေရပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်များက မြန်မာနိုင်ငံရဲ့ သက်တမ်း ရှည်စစ်အစိုးရနဲ့ တိုက်ပွဲဝင်ခဲ့တဲ့ လက်နက်ကိုင် တပ်ဖွဲ့ တွေထဲက တစ်ဖွဲ့ဖြစ်တဲ့ ကရင်တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ဟာ တောတောင်ထဲမှာ စိုးမိုး ထားခဲ့ပါတယ်။ ဒီကနေ့မှာတော့ ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဟာ သူတို့ရဲ့ လက်နက် 
တွေကို စွန့်လွှတ် ခဲ့ပါပြီ။ နေဝင်ချိန်နောက်ပိုင်းမှာ ဆင်ရိုင်းကြီးတွေ သွား လာနေကြပြီး မကြာခဏ ဆိုသလို ဒေါတကြီး ရန်မူ တတ်ကြတာကို ရွာသူရွာသားတွေ တွေ့ကြုံရပါတယ်။

အသက်(၆၇)နှစ် ရှိပြီဖြစ်တဲ့ သမ္မတကြီးဦးသိန်းစိန် မွေး ဖွား ကြီးပြင်းလာခဲ့တဲ့ ကျုံကူးရွာကလေးက သစ်သား အိမ်ကလေး တည်ရှိနေတုန်း ဖြစ်ပါတယ်။ 

သမ္မတ ဦး သိန်းစိန်ရဲ့ ဖခင်ဖြစ်သူဟာ ဖျာတွေယက်ပြီး သင်္ဘော ဆိပ်မှာ အလုပ်လုပ်ခဲ့ပါတယ်။ မြန်မာ လူမျိုး သုံးပုံ တစ်ပုံ ပါဝင်နေဆဲဖြစ်တဲ့ ဆင်းရဲနွမ်းပါးသူတွေလိုပဲ သမ္မတ မိသားစုဟာ ဆင်းရဲကြပါ တယ်။ ကောလိပ်ကျောင်းတွေ တက်နိုင်ဖို့ဆိုတာကတော့ ဝေလာဝေးပါပဲ။ 

ဒါပေမယ့်လည်း ဦးသိန်းစိန်ဟာ စစ်ဆေးမှုတွေ အောင်မြင်ပြီး ၁၉၆၅ ခုနှစ်မှာ စစ်တက္ကသိုလ် တက်ရောက် ခွင့် ရရှိခဲ့ပါတယ်။ ဒီနောက်မှာတော စစ်မှုထမ်းအဖြစ် ၄၅ နှစ် ထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ နံပတ်(၄) စစ်ခေါင်း ဆောင် အဖြစ်မှ အငြိမ်းစားယူချိန်မှာ စစ်ဘက်တာဝန်ထမ်းဆောင်မှု အဆုံးသတ်ခဲ့ပါတယ်။
ဒီနောက်တော့ ၂၀၁၁ ခုနှစ် မတ်လမှာ အရပ်သားသမ္မတအဖြစ် အာဏာလွှဲပြောင်းရယူခဲ့ပါတယ်။ ဒီအချိန်မှာ မြန်မာနိုင်ငံလို့ သိရှိလာကြတဲ့ အထီးကျန်နိုင်ငံ ဘားမားဆိုတဲ့နိုင်ငံဟာ စစ်အာဏာရှင်နဲ့ ဒီမိုကရေစီအုပ်ချုပ် ရေး အကြား ကူးပြောင်းရေးလမ်းကြောင်းပေါ်ကို ရောက်ရှိနေပြီ ဖြစ်ပြီးတော့ ဒီဧရာဝတီမြစ်ဝကျွန်းပေါ် ဇာတိ သားကလေး ဟာ ဒီအပြောင်းအလဲကို ဦးဆောင်နေပြီ ဖြစ်ပါတယ်။


ကျုံကူးရွာကလေးဟာ သမ္မတကြီးနေထိုင်တဲ့ မြန်မာနိုင်ငံရဲ့ မြို့တော်အသစ် နေပြည်တော်ကနေ တစ် ကမ္ဘာ လောက်ခြားနေပါတယ်။ 

၂၀၀၅ ခုနှစ်မှ စတင်သိရှိလာခဲ့ကြတဲ့ နေပြည်တော်ဟာ လက်ရှိစစ်ဗိုလ်ချုပ်ကြီးတွေ စိတ် ကြိုက်ရွေးချယ် ထားတဲ့ နေရာ ဖြစ်ပြီးတော့ ရှစ်လမ်းသွားလမ်းမကြီးတွေ၊ အဆောက်အဦသစ်ကြီးတွေနဲ့ ပြည့်နှက်နေ ပါတယ်။

သမ္မတအိမ်တော်ဟာ ပြင်သစ်နိုင်ငံမှာရှိတဲ့ ဗာဆိုင်းနန်းတော်က ပိသုကာလက်ရာတွေကို ပုံစံယူ တည် ဆောက်ထားတာမျိုး ဖြစ်ပေမယ့် (အမေရိကန်နိုင်ငံ နယူးဂျာစီမြောက်ပိုင်းအကြောင်း ဇာတ်လမ်း ရိုက် ကူးထားသော The Real Housewives of New Jersey ဟု တင်စားထားပါသည်) အမေရိကန် ယဉ်ကျေးမှုပုံစံမျိုး ရောထွေး ပါဝင်နေ တယ်လို့ ထင်ရပါတယ်။

နိုင်ငံ့အကြီးအကဲသုံးဦး သက်တောင့်သက်သာ ထိုင်နိုင်တဲ့ အနေအထားရှိတဲ့ ရွှေရောင် (ဆက်တီ) ထိုင်ခုံ ကြီးမှာ ထိုင်နေတဲ့ သမ္မတဦးသိန်းစိန်ဟာ ဝန်ကြီးတွေ၊ တက်ရောက်သူတွေ ပြည့်နေတဲ့ ခန်းမကြီး နဲ့ စောင့်ကြိုနေတဲ့ အကြီးအကဲမျိုး မဟုတ်ပါဘူး။

သမ္မတဦးသိန်းစိန်ကို ကြည့်ရတာ နေ့လည်စာစားပြီးစ နူးညံ့ အေး ဆေးပြီး တည်ငြိမ်လှတဲ့ ပုံစံမျိုးပါ။ တစ်ခြား ကိစ္စအကြောင်းအရာတွေ မပြောခင် သမ္မတဦးသိန်းစိန်က ဒီလိုမျိုး သမ္မတ ဖြစ်လာမယ်လို့ ကျွန်တော် ဘယ် တုန်းကမှ အိပ်မက် မမက်ခဲ့ဘူးလို့ ဝန်ခံရမှာပါ လို့ ကျွန်မကို ပြောပြခဲ့ပါတယ်။

“သမ္မတ လုပ်ဖို့ အရည်အချင်းမီတဲ့ တစ်ခြားလူတွေ ရှိနေပါတယ်” ၊ သမ္မတကြီးက လည်ချောင်း ဟန့်ပြီး ပြောပါ တယ်။

သမ္မတကြီးဟာ အမိန့်နာခံတတ်သူလို့သာ လူသိများတဲ့ စစ်ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦး ဖြစ်ပါတယ်။

သေးသွယ်တဲ့ သမ္မတကြီးရဲ့ ပုခုံးထက်မှာ မြန်မာနိုင်ငံရဲ့ အနာဂတ် တည်ရှိနေပါတယ်။ ဒါ့ကြောင့် သန်း(၆၀) နီး ပါး လူဦး ရေရှိတဲ့ ဒီနိုင်ငံဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကို အောင်အောင်မြင်မြင်ဆောင် ရွက်နိုင်ပြီးတော့ အခြားသော ဒီမိုကရေစီနိုင်ငံသစ်တွေအတွက် စံနမူနာယူစရာမော်ဒယ်တစ်ခု ဖြစ်လာဖို့ ကမ္ဘာကြီးက မျှော်လင့် ထား ကြပါတယ်။

ပေါက်ကွဲတော်လှန်အုံကြွခဲ့တဲ့ အာရပ်နွေဦးနဲ့ နှိုင်းယှဉ်ကြည့်ရင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကူးပြောင်းမှု ဟာ အဆများစွာ ပိုမိုအေးချမ်းတည်ငြိမ်တဲ့အတွက် အားလုံးကို ပိုပြီး အံ့အားသင့်စေခဲ့ပါတယ်။

ပြီးခဲ့တဲ့ (၂)နှစ် လောက် က မြန်မာနိုင်ငံဟာ ပြည်သူတွေကို နှိပ်စက်ညှင်းပမ်းမှုတွေ ပြုလုပ်တဲ့ အာဏာရှင် အစိုးရကြောင့် အမေရိကန်အစိုးရက အာဏာရှင်စစ်ခန်းတစ်ခုလို့ သတ်မှတ်ထားတဲ့အထိ ကမ္ဘာ့အမည် ဆိုး စာရင်းဝင်နိုင်ငံတစ်နိုင်အဖြစ် ရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း ယနေ့ မြန်မာနိုင်ငံကို လွတ်လပ်ပွင့်လင်းလာအောင် အစပြု လုပ်ဆောင်ပေးခဲ့တာက အဲဒီ စစ် အစိုးရထဲက အဖွဲ့ဝင်တွေပဲ ဖြစ်နေပါတယ်။

အခုတစ်ကြိမ်မှာတော့ နိုင်ငံရေးအပြောင်းအလဲတွေဟာ လမ်းမတွေပေါ်မှာ အမျက် ဒေါသတွေနဲ့ ထုတ်ဖော်မှု တွေက မဟုတ်ဘဲ အာဏာပိုင်တွေဆီက ဖြစ်ပေါ်လာခဲ့တာပါ။

“ကျွန်တော်တို့ဟာ စစ်ဘက်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီအစိုးရ၊ လက်နက်ကိုင် ပဋိပက္ခတွေ ကနေ ငြိမ်း ချမ်း ရေး၊ ဗဟိုဦးစီးစီးပွားရေးစနစ် ကနေ ဈေးကွက်စီးပွားရေးစနစ်သစ များပြားလှတဲ့ အသွင် ကူးပြောင်း
ရေး ကာလ အလယ်မှာ ရောက်ရှိနေပါတယ်” လို့ သမ္မတကြီးက တိုင်းမ်မဂ္ဂဇင်းကို ပြောပါတယ်။

ဒီလို ရွှေ့ပြောင်းမှုတစ်ခုတစ်ခုဆီကို ဆယ်စုနှစ်နဲ့ချီပြီး အချိန်ယူရလေ့ ရှိပါတယ်။ မြန်မာနိုင်ငံကတော့ ဒီအကူး အပြောင်း သုံးမျိုးစလုံးကို တစ်ချိန်တည်း ပြောင်းလဲနိုင်ဖို့ ကြိုးစားနေပြီ ဖြစ်ပါတယ်။

ရာစုနှစ်တစ်ဝက်နီးပါး တပ်မတော်အစိုးရဟာ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့ပြီး မြန်မာ့စီးပွားရေးကို ဂျုံးဂျုံး ကျစေခဲ့ ပါ တယ်။ တိုင်းရင်းသားနယ်မြေတွေမှာ အဓမ္မပြုကျင့်မှုကို လက်နက်သဖွယ် အသုံးပြုခဲ့ကြ 
ပြီးတော့ ကလေး သူ ငယ်တွေကို အဓမ္မခိုင်းစေခဲ့ကြပါတယ်။

စစ်တပ်ဟာ ဒီမိုကရေစီရေးထောက်ခံဆန္ဒပြသူတွေကို သေနတ်ပြောင်းတွေလှည့် ခဲ့ကြပါတယ်။ သိပ်မကြာ လှ သေးတဲ့ ၂၀၀၇ ခုနှစ်မှာဆိုရင် ဗုဒ္ဓဘာသာဘုန်းကြီးတွေ တစ်ဒါဇင်ကျော် သတ်ဖြတ်ခြင်း ခံခဲ့ရပါတယ်။ (မြန်မာ နိုင်ငံဟာ ဗုဒ္ဓဘာသာ အများစုနေထိုင်တဲ့ နိုင်ငံ ဖြစ်ပါတယ်။)

လူသိနည်းလှတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဦးဆောင်တဲ့ ထိပ်တန်းဗိုလ်ချုပ်ကြီးတွေက စစ်မှန်ပြီး စည်းကမ်း 
ပြည့်ဝ တဲ့ ဒီမိုကရေစီဖော်ဆောင်ရေး အဆင့် တစ်ဆင့်အနေနဲ့ ၂၀၁၀ မှာ ရွေးကောက်ပွဲတွေ ကျင်းပမယ် လို့ ထုတ် ပြန် ကြေညာတဲ့အချိန်မှာ ကမ္ဘာကြီးက မယုံ ကြည်ခဲ့ပါဘူး။

ခန့်မှန်းထားခဲ့သလိုပါဘဲ မဲရေတွက်မှုတွေမှာ လိမ်ညာမှုတွေ ရှိခဲ့ပြီး စစ်တပ်ထောက်ခံတဲ့ ပါတီဟာ အနိုင်ရ ရှိခဲ့ ပါတယ်။ အခြားသော စစ်အစိုးရအဖွဲ့ဝင်တွေထဲက ပိုပြီးတင်းမာတယ်လို့ ထင်ရတဲ့ သူတွေကို ကျော် လွန်ပြီး ဦးသိန်းစိန်ကို သမ္မတအဖြစ် ရွေးချယ်ခဲ့ကြပါတယ်။ ဦးသိန်းစိန်ဟာ ဦးသန်းရွှေရဲ့ ညာလက်ရုံး သဖွယ် တာဝန် ထမ်း ဆောင်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ရုပ်သေးရုပ်အဖြစ် ဝေဖန်ပြစ်တင်မှုတွေ ခံခဲ့ရပါတယ်။


ဒါပေမယ့်လည်း ပြီးခဲ့တဲ့နှစ်အတွင်းမှာ ကမ္ဘာကြီးက ရှုမြင်ထားတဲ့ ရုပ်သေးရုပ်ဟာ ကိုယ်ပိုင်ဘဝတစ်ခုကို အထင်အရှား ရယူခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ တရုတ်နိုင်ငံရဲ့ အာဏာရှင်ပုံစံ ဖွံ့ဖြိုးတိုး တက်ရေး သဘော တရားနဲ့ အနောက်အုပ်စုပုံစံ ဒီမိုကရေစီအုပ်ချုပ်ရေးသဘောတရား(၂)ခုအကြားမှာ နောက်ဆုံး ထွက်ပေါ်လာခဲ့ တဲ့ အိုင်ဒီယိုလော်ဂျီတိုက်ပွဲမှာ မဟာဗျူဟာအရ အရေးပါတဲ့ နိုင်ငံအဖြစ်ကို ရယူ လာနိုင်ခဲ့ပါတယ်။

ဦးသိန်းစိန်ကို သမ္မတအဖြစ် ရွေးချယ်လိုက်တဲ့အချိန်မှာ ဘယ်အုပ်စုကမှ မကျေမနပ် မေးခွန်းထုတ်တာ မျိုးတွေ မရှိခဲ့ ပါဘူး။

“ကျွန်တော်တို့ ပြုပြင်ပြောင်းလဲမငတွေ ဆောင်ရွက်တဲ့အခါမှာ ဒီမိုကရေစီဖော်ဆောင်ရေး ရပ်တည်ချက်
တွေ ပို မိုပြီး ခိုင်မာသည်ထက် ခိုင်မာလာခဲ့ပါတယ်၊ ဒီမိုကရေစီ မရှိဘဲ မြန်မာ့စီးပွားရေးတိုးတက်အောင် လုပ်နိုင်မှာ မဟုတ် ဘူး လို့ ကျွန်တော် ယုံကြည်ထားပါတယ်။” လို့ သမ္မတကြီးက ပြောခဲ့ပါတယ်။

ဒီအချက်ကို ပြောတဲ့အခါမှာ သမ္မတ ဦးသိန်းစိန်ဟာ ဒီမိုကရေစီဆိုတဲ့စကားလုံးကို အင်္ဂလိပ်လို ထပ်ခါတလဲလဲ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဝေဖန်ချက် အမျိုးမျိုး

သိပ်မကြာသေးတဲ့ကာလမှာတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီလှုပ်ရှားသူတွေဟာ နိုင်ငံရေး အကျဉ်းသား 
တွေ ဖြစ်ခဲ့ရပါတယ်။

ဒီအချိန်မှာတော့ လွတ်လပ်စွာပြောဆိုခွင့်တွေ၊ လွတ်လပ်စွာစုဝေးခွင့်တွေလိုမျိုး အခြေခံအခွင့်အရေးတွေ၊ အ လုပ်သမားသမဂ္ဂဖွဲ့စည်းခွင့်တွေ ရရှိခံစားလာခဲ့ပါပြီ။ သြဂုတ်လအတွင်းမှာ သမ္မတဦးသိန်းစိန်ဟာ ကက်ဘိနက် ထဲက သဘောထားတင်းမာသူတွေကို ဖယ်ရှားခဲ့ပြီးတော့ နိုဝင်ဘာလမှာတော့ တစ်ချိန်က အမေရိကန် ကျူး ကျော် ဝင်ရောက်မှာကို စိုးရိမ်တကြီး ဖြစ်ခဲ့တဲ့ အမေရိကန်ကြောက် ရောဂါရ နိုင်ငံ တစ်နိုင်ငံမှာ သမ္မတအိုဘားမား အလာကို ကြိုဆိုခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးနီးပါးနဲ့ အပစ်အခတ်ရပ်စဲရေး သဘော တူညီ ချက်
တွေ ရေးထိုး နိုင်ခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေလည်း ထောင်ချီပြီး အကျဉ်းထောင်တွေက ပြန်လွတ် လာခဲ့ကြပါ ပြီ။ စာနယ်ဇင်းဆင်ဆာလုပ်တာတွေ အကုန်လုံး မရှိသလောက်အထိ ဖြစ်နေပါပြီ။

၂၀၁၂ ခုနှစ် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲမှာ မြန်မာနိုင်ငံရဲ့ အထင်ရှားဆုံးနိုင်ငံသား တစ်ယောက်ဖြစ် တဲ့ ငြိမ်း ချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၀ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရ ရှိခဲ့ပေမယ့် စစ် အစိုးရက လျစ်လျူရှုခြင်းခံခဲ့ရတဲ့ NLD ပါတီက ပါတီဝင် ၄၂ ဦးနဲ့အတူ လွှတ်တော် အမတ်တွေ အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။

၂၀၁၀ ခုနှစ် နှောင်းပိုင်းအထိ ဒီမိုကရေစီခေါင်းဆောင်ဟာ နေအိမ်အကျယ်ချုပ်အဖြစ်နဲ့ပဲ ရှိနေခဲ့တာဖြစ် 
ပြီး ပြီး ခဲ့တဲ့ နှစ်ပေါင်း(၂၀)ကျော်မှာလည်း ပြန်လွှတ်ပေးဖို့ တစ်ကမ္ဘာလုံးက တောင်းဆိုခဲ့ကြတာကိုလည်း ဗိုလ်ချုပ်ကြီး တွေက ဂရုမစိုက်ခဲ့ကြပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမည်ကို ထည့်သွင်းပြောကြားခြင်း မပြုဖို့လည်း ဗိုလ်ချုပ် မှူးကြီးသန်းရွှေက တား မြစ် ပိတ်ပင်ခဲ့တယ်လို့ သိရှိရပါတယ်။

သမ္မတအသစ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ညစာတည်ခင်းဧည့်ခံခဲ့ပါတယ်။ Ladyအဖြစ် မြန်မာနိုင်ငံ မှာ သိရှိ ထားကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ ရဲ့ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်ခြင်းရဲ့ သင်္ကေတ အဖြစ် တည်တံ့လျက် ရှိနေချိန်မှာ အံ့သြစရာ ဖြစ်စေခဲ့တာကတော့ ဆန္ဒမပါဘဲ သမ္မတဖြစ်လာ တဲ့ ဦးသိန်းစိန်ပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးတိုးတက်ပြောင်းလဲမှုကတော့ အပြီးမသတ်သေးပါ ဘူး။ မြန်မာနိုင်ငံ ရဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေဟာ စစ်ဘက်ကျောထောက်နောက်ခံရှိတဲ့သူတွေ အခိုင်အမာနေရာ ရ ရှိ 
စေပြီး မြန်မာ နိုင်ငံမှာ ဦးသိန်းစိန်ထက် ပိုမိုပြီး လူထုချစ်ခင်မှုရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ 
ဖြစ်ခွင့် မရအောင် ပိတ်ပင်ထားပါတယ်။

နိုင်ငံတကာပိတ်ဆို့မှုတွေ ရုပ်သိမ်းသွားဖွယ် ရှိနေပေမယ့်လည်း မြန်မာနိုင်ငံသား အတော်များများကတော့ လက် လှုပ် မှ ပါးစပ်လှုပ်ရတဲ့ ဘဝတွေမှာ ရှိနေဆဲပါ။

အကျင့်ပျက်မှုတွေက ကူးစက်ရောဂါ ဖြစ်နေပြီး နိုဝင်ဘာလအတွင်းက လုံခြုံ ရေးတပ်ဖွဲ့ဝင်တွေဟာ တရုတ် နိုင်ငံ ရင်းနှီးမြုပ်နှံမှုဖြစ်တဲ့ ကြေးနီသတ္တုတွင်းတစ်ခုကို ဆန္ဒပြနေတဲ့ ဗုဒ္ဓဘာသာဘုန်း ကြီးတွေကို တိုက်ခိုက် ခဲ့ပါတယ်။

လူမျိုးရေးတင်းမာမှုတွေ ဆက်လက်မြင့်တက်နေပြီး မြောက်ပိုင်းရှိ ကချင်ပြည်နယ်နဲ့ အနောက်ပိုင်း ရခိုင်ပြည် နယ်တွေမှာ ရာနဲ့ချီပြီး သေဆုံးနေရပါတယ်။ ဒီပြဿနာ(၂)ရပ်စလုံးအပေါ် သမ္မတဦးသိန်းစိန် ရဲ့ တုံ့ပြန်ဖြေ ရှင်းဆောင်ရွက်မှုဟာ အနည်းငယ်တော့ ပြင်းထန်ခဲ့ပါတယ်။

သမ္မတအနေနဲ့ အစောပိုင်းမှာ အပစ် အခတ်ရပ်စဲဖို့ ကမ်းလှမ်းထားခဲ့သော်လည်း ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာ မြန်မာ့တပ်မတော်ဟာ ကချင်သောင်းကျန်း သူတွေကို လေကြောင်းတိုက်ခိုက်မှု ဆင်နွှဲခဲ့ပြီး စစ်တပ်ဟာ သမ္မတရဲ့ အမိန့်ကို လိုက်နာနိုင်ခြင်း ရှိ-မရှိအပေါ် စိုးရိမ် စရာတွေ ဖြစ်လာခဲ့ပါတယ်။

ကျွန်မနဲ့ တွေ့ဆုံမေးမြန်းရာမှာ ဒုက္ခသည်စခန်းတွေမှာ လူပေါင်း တစ်သိန်းကျော် ရောက် ရှိစေခဲ့တဲ့ ရခိုင်ပြည် နယ် အကြမ်းဖက်မှုတွေအကြောင်း မေးမြန်းချိန် တစ်ခုမှာပဲ သမ္မတကြီးဟာ စိတ်မရှည် ဟန် ပေါက်ခဲ့ပါတယ်။ နောက်မေးခွန်း ဆိုပြီး သမ္မတကြီးက ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး စမ်းသပ်မှုကတော့ အထွေထွေရွေးကောက်ပွဲကျင်းပမယ် လို့ မျှော်မှန်း ထားကြ တဲ့ ၂၀၁၅ ခုနှစ်မှာ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီဖော်ဆောင်ရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ သမ္မတဦးသိန်းစိန် က ချီး ကျူး အမွှမ်းတင်ထားပေမယ့် တစ်ကယ်လို့သာ NLD ပါတီဟာ စစ်ဘက်ကျော ထောက်နောက်ခံ ပါတီကို အနိုင် ယူ ခဲ့မယ် ဆိုရင် သမ္မတဦးသိန်းစိန်အစိုးရက ဘယ်လိုတုံ့ပြန်လာမှာလဲ။

အစိုးရဟာ ရွေးကောက်ပွဲ နောက်တစ်ကြိမ် လုပ်ဦးမှာလား။ ပိုပြီး စိုးရိမ်ဖို့ကောင်းတာကတော့ မကျေနပ်တဲ့ ထိပ် တန်း စစ်ခေါင်း ဆောင်တွေက ယူနီးဖောင်ဝတ်တွေကို ပထမဆုံး အကြိမ် အာဏာရယူစေခဲ့တဲ့ ၁၉၆၂ ခု နှစ်ကလို နောက်ထပ် အာဏာသိမ်းမှုတစ်ခု လုပ်လာနိုင်မလား ဆိုတာပဲ ဖြစ်ပါတယ်။

(နေအိမ်အကျယ်ချုပ်နဲ့ပဲ သေဆုံးခဲ့ရတဲ့ ပြီးခဲ့တဲ့ စစ်ခေါင်းဆောင်တစ်ဦးလို) အငြိမ်းစားယူပြီး ထိန်းသိမ်း 
ခြင်း မ ခံရ စေဖို့အတွက် ယခု အသက်(၈၀) ရှိပြီဖြစ်တဲ့ ဗိုလ်ချုပ် မှူးကြီးသန်းရွှေဟာ သမ္မတဦးသိန်းစိန်နဲ့ သဘော တူ ညီချက် တစ်ခု ကောင်းကောင်း ရှိထားဖွယ်ရာ ရှိပါတယ်။ 

ဒါပေမယ့်လည်း အခွင့်အာဏာ ယုတ်လျော့သွားခဲ့ရ တဲ့ အပေါ် အခြားသော စစ်ဘက်အရာရှိတွေ ဘယ်လို ဘယ်ပုံ ခံစားနေ ကြရတယ် ဆိုတာကို ဘယ်သူမှ သိနိုင်မှာ မဟုတ်ပါဘူး။

“လက်ရှိအချိန်မှာတော့ ပြုပြင်ပြောင်းလဲရေးသမားတွေအနေ နဲ့ ပြုပြင်ပြောင်းလဲလိုစိတ် ပြင်းပြလာနိုင်တဲ့ အခြေအနေတစ်ခု ကျွန်တော်တို့ ဖန်တီးပေးရမှာပါ” လို့ ပြီးခဲ့တဲ့နှစ် အတွင်းက မြန်မာနိုင်ငံကို ပြန်ရောက် လာခဲ့တဲ့ ကျောင်းသားဟောင်း တစ်ဦး ဖြစ်တဲ့ မင်းဇော်ဦးက ပြောပါတယ်။

သမ္မတဦးသိန်းစိန်က ဒါကို လက်ခံထားပါတယ်။ “ဒီကနေ့ မြန်မာနိုင်ငံဟာ အရေးကြီးတဲ့ အလှည့် အပြောင်း ကာလ ရောက်ရှိနေပြီ ဆိုတာကို သိရှိထားတဲ့အတွက် သမ္မတတာဝန်ကို ကျွန်တော် လက်ခံရယူခဲ့ပါတယ်။ အာဏာလိုချင်လို့ သမ္မတရာထူး ရယူခဲ့တာ မဟုတ်ပါဘူး။ 

ကျွန်တော့်နိုင်ငံက ပြည်သူတွေအတွက် ပိုပြီး ကောင်း မွန်တဲ့ လူမှုဘဝကို ဆောင်ကြဉ်းပေးဖို့ သမ္မတရာထူး ရယူခဲ့တာပါ။” လို့ သမ္မတကြီးက ပြောကြားခဲ့ ပါတယ်။

ဓါတ်ပုံတွေထဲမှာတော့ ဗိုလ်ချုပ်ကြီးသိန်းစိန်ဟာ ဟောလိဝုဒ်ရုပ်ရှင်ထဲက အာဏာရှင်နိုင်ငံ တစ်နိုင်ငံရဲ့ ထိပ်သီး တစ်ယောက်ပုံစံမျိုး ရင်ဘတ်မှာဆုတံဆိပ်တွေချိတ်ဆွဲလို့ စစ်ယူနီဖောင်းမှာ ဖဲကြိုးတွေချိတ်ဆွဲလို့ ဆိုတာမျိုး ထင်မြင်ရပါတယ်။ 

အမေရိကန်သံတမန်တွေက ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သစ္စာရှိလူယုံတော် အရာရှိတစ်ဦးအဖြစ် သာ ပုံဖော်ခဲ့ ကြပါတယ်။ 

“သမ္မတဦးသိန်းစိန်ဟာ ဒီလောက်မြန်မြန်ဆန်ဆန်ကြီး အပြောင်းအလဲတွေ ဆောင်ရွက်မယ် လို့ ဗိုလ်ချုပ်မှူး ကြီး သန်းရွှေ ထင်ထားမယ် မထင်ဘူး။ တစ်ကယ်ကို ကျွန်တော်တို့အားလုံး သိပ်ကို အံ့သြခဲ့ကြရပါ တယ်” လို့ နိုင်ငံရေးအကျဉ်းသားဟောင်း၊ မြန်မာနိုင်ငံကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဌ ဖြစ်တဲ့ ဦးလှမောင်ရွှေ က ပြောပါတယ်။


အပြောင်းအလဲ ဖန်တီးရှင်

စစ်အစိုးရ နံပတ်(၄)ဗိုလ်ချုပ်ကြီးရဲ့ အသွင်ကူးပြောင်းရေးကို ဘာတွေက ထင်ရှားလာစေခဲ့ပါသလဲ။ အကြောင်း ပြချက်တစ်ခုကတော့ သစ္စာရှိစစ်သည်တော်တစ်ဦးဖြစ်တဲ့ ဦးသိန်းစိန်ဟာ အမိန့်နာခံ ဖို့ လေ့ကျင်ပေးခဲ့ပေမယ့် လည်း အာဏာ လက်ဝယ်ရရှိလာခဲ့ရခြင်းက သူရဲ့စိတ်ဓါတ် သန့်ရှင်းစင်ကြယ်မှု၊ အပြစ်ဆိုစရာနည်းပါးမှု ကြောင့် လို့ ဆိုပါတယ်။

တစ်ခြားစစ်အစိုးရအဖွဲ့ဝင်တွေနဲ့ မတူတာက သမ္မတဦးသိန်းစိန်ဟာ လူ့အခွင့်အရေးချိုးဖောက်မှု ဒါမှမဟုတ် အကြမ်းဖက်မှုတွေမှာ ဘယ်တုန်းကမှ တိုက်ရိုက် ပါဝင်ပတ်သက်ဘူးခြင်း မရှိခဲ့ပါဘူး။

ပြည်ပနိုင်ငံတွေမှာ တွေ့မြင်ခဲ့ရတာတွေကလည်း သမ္မတကြီးအပေါ် သက်ရောက်မှု ရှိခဲ့ပါတယ်။ သမ္မတ ဦး သိန်းစိန် ဟာ အသက်(၄၀)အရွယ်မှာ ပြည်ပနိုင်ငံကို ပထမဆုံးအကြိမ်သွားရောက်ခဲ့ရပါတယ်။ 

အခြားသော ဗိုလ်ချုပ် ကြီးတွေနဲ့ မတူညီတာက အနည်းဆုံးတော့ ဦးသိန်းစိန်ဟာ ပြင်ပကမ္ဘာနဲ့ ထိတွေ့မှု ရရှိခဲ့ပါတယ်။

လက်ရှိအချိန်မှာ တော့ တစ်ချိန်က ကမ္ဘာကြီးပေါ်မှာ အများဆုံးဆန်တင်ပို့တဲ့နိုင်ငံဟာ အာရှရဲ့ ထွန်းသစ် လာ တဲ့ စီးပွားရေးတွေနောက် မှာ များစွာ နောက်ကျ ကျန်ရစ်ခဲ့ပါတယ်။ 

၂၀၀၈ ခုနှစ်မှာ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသ ကို နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်ပြီး လူပေါင်း တစ်သိန်းသုံးသောင်းကျော် သေဆုံးခဲ့ရတဲ့အခါ အန္တရာယ်များလှတဲ့ မြန်မာနိုင်ငံရဲ့ ဘေးဒုက္ခ တွေ ကြုံဆုံခဲ့ရပါတယ်။

မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းမှာ ပြည်ပက ပေးကမ်းလှူဒါန်းတဲ့နိုင်ငံတွေရဲ့ နိုင်ငံရေးသဘော တရားရေး ရာအရ လွှမ်းမိုးမှုတွေ လျော့ပါးစေဖို့အတွက် ဗိုလ်ချုပ်ကြီးတွေဟာ ပြည်ပအကူအညီတွေကို လက်မခံခဲ့ကြ ပါဘူး။

နာဂစ်မုန်တိုင်း ဝင်ရောက်ပြီး တစ်ပတ်အကြာ ရွာတွေဆီကို လှေနဲ့ ဝင်သွားတဲ့အခါမှာ ပျက်စီးနေတဲ့ စပါးခင်း တွေ ကြားမှာ၊ သီးနှံတွေပျက်ပြီး ရေဝင်နေတဲ့ လယ်ကွင်းတွေထဲမှာ အသက်ရှင်သန်နေသူတွေ တည်ရှိနေကြပါတယ်။

ဒီသဘာဝဘေးကျရောက်တဲ့နယ်မြေဒေသကို ပထမဆုံး ရောက်ရှိသွားခဲ့တဲ့ စစ်အစိုးရခေါင်းဆောင်ကတော့ ဦးသိန်းစိန်ပဲ ဖြစ်ပါတယ်။

အဲဒီအချိန်မှာ သမ္မတကြီးဟာ ကြီးစွာ တုန်လှုပ်ခြောက်ခြားသွားပါလိမ့်မယ်။ 

“ဗိုလ်ချုပ်ကြီးသိန်းစိန် ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီ သွားရောက်ပြီး ကျွန်တော်တို့ ပြည်သူတွေကို ကူညီမှ ဖြစ်မယ်” လို့ ပြောကြားခဲ့ တယ် လို့ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ကွယ်လွန်သွားခဲ့တဲ့ အစိုးရအကြံပေး ဦးနေဝင်းမောင် က ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှာ ပြောကြားခဲ့ပါတယ်။

“ဗိုလ်ချုပ်ကြီးသိန်းစိန်ဟာ ဒီအတွက် နာမည်ကောင်း မယူခဲ့ပါဘူး။ ဒါပေမယ့် သူဟာ အပြောင်း အလဲကြီး ကို လုပ်ဆောင်ခဲ့တာပါ” လို့ ဦးနေဝင်းမောင်က ပြောခဲ့ပါတယ်။

ဘယ်အာဏာရှင်မှ အပြင်ပန်းက ထင်မြင်နေကြသလို သူတစ်ဘက်သားကို ဒုက္ခပေးလိုတဲ့ ကျောက် သား ကျောက် စိုင်ကြီးတွေ မဟုတ်ကြပါ။

ဒါ့အပြင် စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ အစိုးရထဲမှာ အာဏာရှင်အကြီးအကဲ တစ်ယောက်ရဲ့ အမိန့် နဲ့ ဆောင် ရွက်ခဲ့ရာကနေ ပြုပြင်ပြောင်းလဲရေးစိတ်ရှိတဲ့ ခေါင်းဆောင် တစ်ယောက် လက်ထက် ရောက်ရှိ သွားတာနဲ့ အ ပြောင်း အလဲတွေဟာ လျင်လျင်မြန်မြန် သိသိသာသာ ဖြစ်ပေါ်လာနိုင်ပါတယ်။

စစ်သည်အင် အား လေးသိန်းရှိတဲ့ တပ်မတော်ရဲ့ ထိပ်ပိုင်းမှာ အထီးကျန်နိုင်ငံမှာ နေလိုတဲ့ဆန္ဒမရှိတဲ့ အင်္ဂလိပ် စကား ပြောကြား နိုင်တဲ့သူတွေုအပြည့်ရှိနေပါတယ်။ အင်္ဂလိပ်ဘာသာစကားကို သင့်တင့်လျောက်ပတ်စွာ ပြော ကြားနိုင်တဲ့ သမ္မတကြီး ဟာ အိုဘားမား၊ ဟင်နရီကစ်ဆင်းဂျားနဲ့ တိုနီဘလဲ တို့လို အနောက်နိုင်ငံ ခေါင်း ဆောင် တွေရဲ့ အတ္ထုပ္ပတ္တိတွေကို ဖတ် ရှုကြောင်း ပြောခဲ့ပါတယ်။

 နေပြည်တော်မှာ တစ်ချိန်တုန်းက ကမ္ဘာ့အဖိနှိပ်ဆုံး အစိုးရသတင်းစာဖြစ်ခဲ့တဲ့ New Light of Myanmar သတင်းစာ အယ်ဒီတာနဲ့ တွေ့ဆုံခဲ့ပါတယ်။

စစ်ဘက်အရာရှိဟောင်းဖြစ်တဲ့ သန်းမြင့်ထွန်းက သူတို့ သတင်းစာက လေလှိုင်းထဲက လူသတ်သမားလို့ ကင်ပွန်း တပ်ခဲ့တဲ့ ပြည်ပသတင်းအစီရင်ခံချက်တွေကို နားထောင်ခဲ့ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

“အမှောင်ထဲမှာ အမြဲတမ်း ဘယ်သူနေချင်ပါ့မလဲ” လို့ ၄င်းက မေးခဲ့ပါတယ်။

“ကျွန်တော်တို့လည်း ကမ္ဘာ့မိသားစုဝင် ဖြစ်ချင်ပါတယ်” လို့ သူက ပြောပါတယ်




















--

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved