ဦးကျော်သူတို့ရဲ့ တောင်ကြီးမြို့ ခရီးစဉ်

Saturday, January 12, 2013



 ~





ဦးကျော်သူ၊ ဇနီး ဒေါ်မြင့်မြင့်ခင်ဖေတို့ ခေါင်းဆောင်သည့် ရန်ကုန်နာရေးကူညီမှု  အဖွဲ့သားများ ရှမ်းပြည်နယ် မြို့တော် တောင်ကြီးသို့ ဗုဒ္ဓဟူးနေ့ညက  ရောက်ရှိလာရာ ဒေဒသခံ ပြည်သူများ၊ မေတ္တာဦး နာမှုကူညီရေး အဖွဲ့သားများက ရှမ်းအိုးစည် ဗုံမောင်းများ ဖြင့် ကြိုဆိုခဲ့ကြသည်။ 

ရန်ကုန်မှ ဧည့်သည်တို့က တောင်ကြီးမြို့ပေါ်ရှိ ရှမ်းတိုင်းရင်းသားများ ထူထောင်ထားသည့် နမ့်ခုံး ပရဟိတ ကူညီဆောင်ရွက်ရေး နှင့်နာမှု ကူညီရေး အဖွဲ့၏ လုပ်ကိုင်နေမှုများကို  နောက်တနေ့တွင် သွားရောက်လေ့လာကြသည်။


ညပိုင်းတွင် တောင်ကြီးမြို့၊ အေးသာယာမြို့သစ်၊  မြို့လယ်ဓမ္မာရုံတွင်   ဦးကျော်သူ၏ ဟောပြောပွဲ ပြုလုပ်သည်။

                  ဦးကျော်သူက ပြောကြားရာတွင် -
- လူမှုရေးလုပ်ငန်းတွေ၊ သဘာဝဘေးတွေ၊ နာမှု ကူညီရေး လုပ်ငန်းတွေ၊ စစ်ဘေးတွေ နှင့် ပတ်သက်ပြီးဖားကန့်မှာ သုသာန်မြေ မရှိတော့ကြောင်း၊
- အစိုးရက သတ်မှတ်ပေးနေပေမယ့်ကျောက်တူးကြလို့ သုသန်မြေတွေ ပျောက်ကုန်နေကြောင်း၊
- အရန်သုသာန်မြေရရှိရေးကို တောင်းဆိုရမလို ဖြစ်နေကြောင်း၊
- သုသာန်မြေကျဉ်းသည့်အတွက် အလောင်းမြေမြှုပ်သည့်အခါတွင်လည်း ထပ်နေပြီဖြစ်ကြောင်း၊
- မီးသဂြိုလ်စက်လုပ်လျှင်လည်း  လူနေရပ်ကွက်နှင့် နီးသည့်အတွက် ခွင့်မပြုကြောင်း၊


- အသင်းအဖွဲ့များ ဖွဲ့စည်းလျှင် လူငယ်၊ လူကြီး ပြသနာရှိနိုင်သည့်အတွက်နားလည်မှု အပြည့်ဖြင့် ထမ်းရွက်ကြဖို့ လိုအပ်ကြောင်း၊ 

- နာရေးအဖွဲ့များသည် လူမှုရေးအဖွဲ့အစည်းတွေ၊ ပရဟိတ အဖွဲ့အစည်းတွေသာဖြစ်ပြီး နိုင်ငံရေးပါတီတို့ ထောင်ထားသည့် အဖွဲ့အစည်း မဟုတ်သလို နိုင်ငံရေးစကားတစ်ခွန်းမှ မပြောတဲ့ အဖွဲ့အစည်းဖြစ်ကြောင်း၊
- ယခုလုပ်ငန်းသည်လည်း ဘယ်ဘုံတွင်မှ လုပ်ယူမရနိုင်ကြောင်း၊ လူ့ပြည်တွင်သာ မလျော့သောဇွဲလုံလဖြင့် ကြံကြံခံပြီး စည်းစည်းလုံးလုံး ပရဟိတ စိတ်ဓာတ် အပြည့်ဖြင့် အများအကျိုးကို တမ်းရွက်ရန် တိုက်တွန်းကြောင်း၊


- မွေးစကတည်းက သေဆုံးရန်မွေးဖွားလာကြကြောင်း၊
- အချိန်တန်လျှင် မင်းသားကြီး ဇော်ဝမ်းလည်း သေတာပဲဖြစ်ကြောင်း၊ ဟိုပုဂ္ဂိုလ်ကြီးလည်း သေမှာဖြစ်ကြောင်း၊ ကျော်သူကြီးလည်း သေမှာဖြစ်ကြောင်း၊ သုမောင်ကြီးလည်း သေတာပဲဖြစ်ကြောင်း၊ ယင်းအတွက် သည်ပရဟိတ လုပ်ငန်းအား မလျော့သောဇွဲဖြင့် လုပ်ကြပါ၊ စည်းလုံးစွာ လုပ်ကြပါလို့ တိုက်တွန်းလိုကြောင်း၊
- မိမိတို့ သက်တမ်းမည်မျှရှိမည်ကိုမသိရှိနိုင်သည့်အတွက် မျိုးဆက်သစ်တွေအားလုံးကို လက်ကမ်းကြိုဆိုရမည်ဖြစ်ကြောင်း
 စသဖြင့် ပြောကြားခဲ့သည်။

ထို့နောက် ကိုမျိုး(မြန်မာစာ) ၏  မျိုးဆက်နှင့်ကမ်းလက်ကဗျာ ရွတ်ဖတ်ပြီး ဟောပြောပွဲကို အဆုံးသတ်ခဲ့သည်။
        နာမှုကူညီရေး အသင်း (ရန်ကုန်) ၏ ဥက္ကဌဖြစ်သူ ဦးကျော်သူအား မည်သည့်ရည်ရွယ်ချက်ဖြင့် တောင်ကြီးမြို့သို့ လာရောက်ရသနည်းဟုမေးမြန်းရာ - ပရဟိတအလုပ်များနှင့် နာမှုကူညီရေး လုပ်ငန်း လုပ်ကိုင်နေသူများအား ကူညီရန်၊ လေ့လာရန် လာရောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဂျွန်ချစ်ငြိမ်း(တောင်ကြီး)




-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved