နယ်ခြားမျဉ်းပေါ်က မြင်ကွင်းများ

Thursday, February 21, 2013

မဲဆောက် ကမ်းနားကနေ လှမ်းမြင်နေရတဲ့ သောင်ရင်းမြစ်နဲ့ မြ၀တီ ကမ်းနား
 ဓာတ်ပုံ-အိမ့်သံစဉ်(ဧရာဝတီ)~

နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံကြား ဆက်စပ်နေတဲ့ နေရာတွေဟာ ၂ နိုင်ငံ ယဉ်ကျေးမှုတို့ ရောယှက်ရာနေရာ ရပ်ဝန်းတခုလည်း ဖြစ်သလို နယ်ခြားမျဉ်းတို့ရဲ့ သဘာဝ စည်းနင်းမှုတွေလည်း မကြာခဏ ကြုံတွေ့ ရမှာ  
သေချာပါတယ်။

နယ်ခြားမျဉ်ပေါ်က နေရာတွေထဲက တခုကတော့ ထိုင်း-မြန်မာ နယ်စပ်မြို့တွေဖြစ်တဲ့ မြ၀တီနဲ့ မဲဆောက် တို့ဖြစ်ပါတယ်။

မြ၀တီဘက်ကနေ မဲဆောက်မြို့ကို ငေးကြည့်လိုက်ရင် မြင်ရတဲ့ မြင်ကွင်းနဲ့ မဲဆောက်က မြ၀တီကို  
မျှော်ကြည့်တဲ့ မြင်ကွင်းတွေက ခြားနားမှုတွေ ရှိပါတယ်။ 

သောင်ရင်းမြစ် ဟာ နယ်ခြားမျဉ်းဖြစ်နေပြီး ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားကြီးက တနိုင်ငံနဲ့ တနိုင်ငံ ကို ပေါင်းကူး ဆက်စပ်ပေးထားပါတယ်။ 

ဒီတံတားကြီးရဲ့ တဖက်မှာ ရေလယ်ကျွန်းဆိုတဲ့ နေရာရပ်ဝန်းတခု ရှိသလို အဲဒီနေရာအကြောင်း ကြားရ တာက ကျောချမ်း စရာပါဘဲ။ 

အငြင်းပွားဖွယ်ရာတွေရှိတဲ့ ရေလယ်ကျွန်း

ဒုစရိုက်လောကသားတွေ ကျက်စားတဲ့နေရာလည်းဖြစ်သလို ၂ နိုင်ငံဘက်က အလိုရှိနေသူတွေ ခိုအောင်တဲ့နေရာလည်း ဖြစ်ပါတယ်တဲ့။ 

အဲဒီနေရာနဲ့အနီးဆုံး ထိုင်းနိုင်ငံ မဲဆောက်ဘက်အခြမ်းက မြင်ကွင်းတွေမှာတော့ ထိုင်းနယ်ခြားစောင့် တပ် သားတွေလည်းပါဝင်သလို လိင်စိတ်နှိုးဆော်တဲ့ ဆေးဝါးတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေလည်း ရောင်း ချနေတာပါ။ 

ဒီရေလယ်ကျွန်းဟာ တချိန်က အငြင်းပွားမှုတွေ ဖြစ်ခဲ့တဲ့ နေရာတခုလည်းဖြစ်ပါတယ်။ ထိုင်းရဲတွေကတော့ အဲဒီရေလယ်ကျွန်း ဆိုတာကို မသွားရဲကြပါဘူးလို့ မဲဆောက်က မြန်မာတချို့က ပြောပါတယ်။ အလား တူ မြန်မာဘက်က ရဲတွေလည်း မသွားရဲကြဘူးလို့ ဆိုပါတယ်။ 


ကင်းလှည့်နေတဲ့ ထိုင်းနယ်ခြားစောင့် စစ်သားများ

အဲဒီရေလယ်ကျွန်းမှာ ကျက်စားသူတွေက လည်း ထိုင်းလူမျိုးတွေ မဟုတ်ဘဲ မြန်မာနိုင်ငံဘက်က ဖြစ်ပါ သတဲ့။ အဲဒီ ရေလည်ကျွန်းမှာ တဲထိုးနေထိုင်နေကြသူတွေကတော့ အလုပ်မျိုးစုံကို လုပ်ကိုင် စားသောက် 
နေကြတာပါဘဲတဲ့။ 

 မဲဆောက်- မြ၀တီ တံတားအောက် မြင်ကွင်း












 ရေလယ်ကျွန်းထဲက နေရာတခု



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved