ဝန်ကြီးတွေ ဖြီးနေတယ်

Tuesday, February 5, 2013

~




လူထုကိုယ်စားလှယ်အမတ်တွေ မေးမြန်းတာတွေကို သက်ဆိုင်ရာဝန်ကြီးများက လွှတ်တော်ထဲမှာ သွားပြီး ရှင်းလင်း ပြောပြနေပါတယ်။

သို့သော်လည်း လွှတ်တော်ထဲ ဒီဝန်ကြီးတွေရဲ့ အဖြေက မူမမှန်ဘူးလို့ ချင်းတိုင်းရင်းသား နိုင်ငံရေးသမားတယောက်က ဆိုပါတယ်။

"ပြည်ထောင်စုဝန်ကြီး ဆိုတာ နယက (ယခင် စစ်အစိုးရ) လက်ကျန်တွေပေါ့။ အဲဒီပုဂ္ဂိုလ်တွေ ဖြေတဲ့အဖြေ အားလုံးသည် ကျနော်တို့မေးတဲ့မေးခွန်း၊
ကျနော်တို့ရဲ့ ဆန္ဒနဲ့ ဘယ်တော့မှ ကိုက်ညီမှု မရှိပါဘူး။ သူ့စာရင်းဇယားနဲ့ သူလုပ်ခဲ့တာတွေကို ဖြီးဖြန်းပြီးတော့ ဖြေတာပဲ" လို့  ဖလမ်းမြို့နယ်  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လိန်းက ပြောပါတယ်။

ဦးခွန်လိန်းနဲ့ တွေ့ဆုံမေးမြန်းထားတာကို အပိုင်း ၂ ပိုင်း ခွဲပြီး တင်ဆက်ပေးမှာပါ။
တွေ့ဆုံမေးမြန်းရာမှာ - ချင်းတိုင်းရင်းသားတွေ တပ်မတော်ကနေ ထွက်သွားကြတာ ဘာကြောင့်လဲ၊ အမျိုးသားနိုင်ငံရေး၊ တိုင်းရင်းသားစာပေ စတဲ့ အကြောင်းအရာများကိုလည်း သူက ပြောပြထားပါတယ်။

အခုချိန်အထိ ချင်းပြည်နယ်ဖွံ့ဖြိုးရေးကို ဗဟိုအစိုးရက လျစ်လျူရှုထားသလို ဖြစ်နေတယ်၊ ပြည်နယ်အစိုးရကလည်း ကြံ့ဖွံ့အစိုးရဖြစ်တဲ့အတွက် အကူအညီတွေဟာ ကြံ့ဖွံ့ပါတီကို ထောက်ခံတဲ့ရွာများကပဲ ရကြတယ် ဆိုတာတွေကိုလည်း  သူက ပြောထားပါတယ်။

ဦးခွန်လိန်းတို့ရဲ့ ချင်းတိုးတက်ရေးပါတီ အနိုင်ရတဲ့နေရာတွေမှာ ကူညီမှု "လုံးဝ မပေးသေးဘူး" လို့ ပြောပါတယ်။

အဲဒီလို ခွဲခြားဆက်ဆံရေးကြောင့်လည်း  ချင်းပြည်နယ်တိုးတက်ရေး အဟန့်အတား ဖြစ်နေပါတယ် တဲ့။

ဦးခွန်လိန်းနဲ့ တွေ့ဆုံမေးမြန်းခန်းကို ဒီည နဲ့ မနက်ဖြန်ည ဒီဘလော့မှာ တင်ဆက်ပေးမှာ ဖြစ်ပါတယ်။


















-

2 comments :

  1. dignity said... :

    Yes,some of them didn't do as they told.Eg.Vice minister of Education once said in meeting with private school owners that Government will not rent any government-owned buildings to anyone &The President also orders this case but now U Than Sein private school is still in GTI compound.There is no obvious explanation!Not affair!How to act?

  1. Anonymous said... :

    ပြီးခဲ့လက ချင်းပြည်နယ်ဟားခါးမြို့မှာ (၂၄)နာရီလျှပ်စစ်မီးရရှိဖို့ မြို့ခံလူငယ်တွေဦးဆောင်ပြီး ဆန္ဒထုတ်ဖော်ပွဲလုပ်ဖို့ သက်ဆိုင်ရာဝန်ကြီးတွေနှင့်ညှိနှိုင်းမှုတွေလုပ်တော့ လူငယ်ခေါင်းဆောင်များက အစိုးရကလျှပ်စစ်မီးအထူးလိုင်း မရှိဟုပြောကြားလျှက်သတင်းထုတ်ပြန်ပြီးမှ အမှတ်(၂၆၆)တပ်ရင်းအပါအဝင် ဝန်ကြီးများရဲ့နေအိမ်တွေဟာ (၂၄)နာရီမီးရနေကြောင်းမေးနေကြပါတယ်။ အဲဒီတော့. . အရပ်သားဝန်ကြီးတစ်ဦးကပြန်ချေလိုက်ပုံကတော့ " ငါဝန်ကြီးလုပ်တုန်း ဒီအခွင့်အရေးတော့ရှိရမှာပေါ့။ မင်းတို့လည်းအဲဒီလိုရချင်ရင် ဝန်ကြီးဖြစ်အောင်ကြိုးစားကြ" လို့မိန့်ခွန်းခြွေသတဲ့။ ခောတ်ပြောင်း၊ စနစ်ပြောင်းမှာ Mindset မပြောင်နိုင်ရင်တော့ တိုင်းပြည်ရှေ့ရေးကရင်လေးစရာပါပဲ. . ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved