မြို့မ ရေနန်း လွမ်းမိ ရွှေမန်း

Tuesday, February 5, 2013



 မင်္ဂလာစည်တော်ရွှမ်း၍ အခမ်းအနားဖွင့်လှစ်စဉ်၊ ဓာတ်ပုံ- တေဇလှိုင်/ဧရာဝတီ

တေဇလှိုင် ~ 

မန္တလေးသင်္ကြန်ရဲ့ အတိတ်က အဖိုးတန်ပုံရိပ်တွေကို လွမ်းဆွတ်ဖို့၊ ထိန်းသိမ်းဖို့၊ လက်ဆင့်ကမ်းနိုင်ဖို့ ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ ဒေသခံ စာရေးဆရာ ဆူးငှက်ရဲ့ “ရေနန်းသဘင်၊ ရွှေမန်းတွင်….ငွေငန်းဆင်” ဆိုတဲ့ ဟောပြောပွဲကို အိုရီယမ်တယ် ဟောက်စ် မင်္ဂလာခန်းမမှာ မနေ့က ကျင်းပပါတယ်။ 

ဒီပွဲမှာ မန္တလေးသင်္ကြန်ဖြစ်စဉ်တလျှောက်လုံး မပျက်မကွက် ပါဝင်ဆင်နွှဲခဲ့တဲ့သက်တမ်း ၈၈ နှစ်ရှိ မြို့မ တူရိယာအသင်းကြီးရဲ့ အဆိုအတီးတွေ၊ သင်္ကြန်ချစ်သူမန္တလေးသား၊ မန္တလေးသူတွေရဲ့ ယိမ်းအက အလှတွေ ပါဝင်ခဲ့တာ တွေ့ရပါတယ်။ 

မန္တလေးမြို့ခံ လူငယ်သတင်းသမားများကလည်း ပါဝင်အားဖြည့် ကူညီထားပါတယ်။ 


အမှာစကားပြောကြားနေတဲ့ ရွှေမန္တလေးသတင်းဂျာနယ် အယ်ဒီတာချုပ် ဆရာသိုက်ထွန်းသက် 

ဆရာဆူးငှက် 

မန္တလေး ဦးချိုနန်းတော်ရှေ့ မဟာမင်္ဂလာစည်တော်ကြီးအဖွဲ့က ရှေးရိုးစဉ်လာမပျက် ဘုန်းတော်ဘွဲ့ကြိုး များ ရွတ်ဖတ်လျက် ရှေးအစဉ်အလာသင်္ကြန်အဖွင့်ကို သရုပ်ဖော်စဉ် 

လူငယ်သတင်းသမားများက ရှေးအစဉ်အလာအတိုင်း ဝင်းခင်းလျက် ရတနာပုံခေတ်သင်္ကြန်ကို သရုပ်ဖော်စဉ် 

စစ်ပြီးခေတ် သင်္ကြန်သံချပ်အဆိုအကများ သရုပ်ဖော်တင်ဆက်နေတဲ့ လူငယ်သတင်းသမားများအဖွဲ့ 

မန္တလေးမြို့ခံအမျိုးသမီးများ၏သင်္ကြန်ယိမ်း 

တခေတ်တခါကကျော်ကြားခဲ့သော မင်းသမီးကြီး ပန်တျာဌေးဌေးမြင့် မြို့မနဲ့တွဲဖက်ဖျော်ဖြေနေပုံ 

အဆိုအကများနဲ့ မြို့မအဖွဲ့ 

အဆိုအကများနဲ့ မြို့မအဖွဲ့ 








0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved