ဆရာတော်ကြီးသည် မျက်နှာတစ်ခြမ်း လေဖျန်းရာမှ မန္တလေး“ညိမ်း”ဆေးခန်းတွင် ကုသမှုခံယူကာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ဆက်လက်ကြွတော်မူပြီး ဆေးကုသခံယူခဲ့တာဖြစ်ပါတယ်။ “ဆိုးလို့ ဘန်ကောက် သွားကုရတာ မဟုတ်ဘူးကွ၊ ပိုကောင်းအောင်လို့ ဘန်ကောက်သွားကုတာ”ဟု တပည့် ဒကာ/မတို့အား မိန့်ကြားခဲ့ပါတယ်။
မစိုးရိမ်တိုက်သစ် ခေတ်မီစာကြည့်တိုက်သစ်ကြီးတွင် ဝန်ကြီးချုပ်ဟောင်း ဦးနု၏ “ဒါ ဒို့တိုင်း ဒို့ပြည်” စာအုပ် ထားရှိဖို့ မိန့်တော်မူခဲ့ပြီး၊ ဦးဇင်းများ စာဖတ်အားနည်းကြောင်း၊ စာဖတ်ဝိုင်းလေးများ လုပ်ပေးဖို့လို
ကြောင်း၊ “ခရူးရှက်” “ဘရက်ဇညက်”တို့ စာအုပ်မျိုးကို ဖတ်ဖြစ်အောင် ဖတ်ဖို့တိုက်တွန်းသင့်ကြောင်း၊
လေဆိပ်မကြွခင်တွင် မိန့်မှာတော်မူခဲ့ပါတယ်။ ဆရာတော်ကြီးအား တပည့် နာယကများက ဆေးကုသ စရိတ် ဝိုင်းဝန်းလှူဒါန်းခဲ့ရာ အရှင်ဝီရသူကလည်း ငွေကျပ်သိန်းအစိတ် လှူဒါန်းခဲ့ပါတယ်။
မန္တလေးလေဆိပ်သို့ မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ၊ ဘဒ္ဒန္တဣကာ ရာတော်များ၊ တပည့်ဒကာ/မများ ဆွေတော်မျိုးတော်များ လိုက်ပါ ပို့ဆောင်ခဲ့ကြပြီ၊ ရန်ကုန်လေဆိပ်သို့
ပြည်ကြီး တံခွန် မစိုးရိမ်တိုက်သစ်၊ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တ တိက္ခိန္ဒြိယာဘိဝံသ၊ နှင့် တပည့် နာယ ကများ၊ ညိမ်းဆေးရုံမှ ဒေါက်တာမျိုးထက်မင်းနှင့် ဒကာများ လိုက်ပါ ပို့ဆောင်ပေးခဲ့ပါတယ်။
ရန်ကုန်မှ ဘန်ကောက်သို့ မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော် ဘဒ္ဒန္တကေသရာဘိဝံသ ညိမ်းဆေး ခန်းမှ ဒေါက်တာမျိုးထက်မင်းနှင့် ဒကာများလိုက်ပါ ပို့ဆောင်ခဲ့ပါတယ်။
0 comments :
Post a Comment