ရှမ်းပြည်နယ်မှာလည်း ချင်းအမျိုးသားနေ့အခမ်းအနား ကျင်းပ

Sunday, February 24, 2013


 
 တောင်ကြီးမြို့ရှိ ချင်းတိုင်းရင်းသားများက   (၆၅) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ယမန်နေ့က ကျင်းပကြသည်။

    တောင်ကြီးတွင် ချင်းအမျိုးသားနေ့အခမ်းအနား  ပတမဦးဆုံးအကြိမ် ကျင်းပခြင်းဖြစ်ကြောင်း၊ ကျင်းပခွင့်ရရှိသည့်အတွက်လည်း သက်ဆိုင်ရာတာဝန်ရှိသူများ၊ ၀ိုင်းဝန်း ကူညီပေးသူများကို ကျေးဇူးတင်ကြောင်း ပွဲစီစဉ်သူတဦးဖြစ်သည့်  ဦးဟုန်းတမ်က ပြောသည်။

ချင်းနှစ်ခြင်းခရစ်ယာန် အသင်း ၊ ဟက်ကယ် အောက်မေ့ဖွယ် ခန်းမတွင် ကျင်းပသည့် အခမ်းအနားတွင် တော င်ကြီးတက္ကသိုလ် သမိုင်းဌာန ပါမောက္ခ ဦး L ဘွေကောက ချင်းအမျိုးသားနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းအားရှင်းလင်းပြောဆိုသည်။

    တောင်ကြီးလူငယ်အဖွဲ့က ချင်းရိုးရာအကဖြင့် တင်ဆက်ပြီး တက်ရောက်လာသူအားလုံးက ဌာနေတို့ချင်းပြည် သီချင်း သီဆိုကြသည်။

 
တီဒင်ဇိုကမန်နမ် အက၊ မတူပီကောက်စိုက်အက ၊ ဇာဆန်မ၀ါရီ တပင်တိုင်အက၊ ကွန်ကလိဇွန်အက၊ တီဒမ် ရီုးရာအက၊  ဆရာ ဆလိုင်း တောင်ဇလပ်အောက်က အက၊ ၀ါးညှပ်အက၊ ချင်းရိုးရာစုပေါင်း အကတို့ဖြင့် သီဆိုဖျော်ဖြေကြသည်ကိုလည်း တွေ့မြင်ရသည်။

      ချင်းလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ကိုလက်ဆင့်ကမ်းထိန်းသိမ်းရန်၊ နောင်လာနောင်သားတို့သိရှိစေရန် မတိမ်ကောမကွယ်ပျောက်စေရန်  ရည်ရွယ်ပြီး ချင်းအမျိုးသားနေ့ ကျင်းပဖြစ်ကြောင်း ပွဲစီစဉ်သူများကပြောသည်။

ဂျွန်ချစ်ငြိမ်း (တောင်ကြီး) ~


























 





0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved