အထောက်အထားမဲ့ ထိုင်းရောက် မြန်မာအလုပ်သမားများအတွက်

Sunday, February 10, 2013

ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေအတွက်  ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးမှာ မြန်မာဘက်က ထိုင်းဘတ်ငွေ ၅၅၀ သာ ကောက်ခံမှာဖြစ်တယ်လို့ အလုပ်သမား ညွှန်ကြားရေးမှူး ဦးစီဌာန ညွှန်ချုပ် ဦးမျိုးအောင်က သတင်းထောက်တွေကို ပြောသွားခဲ့ပါတယ်။ 


 ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ

ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ထိုင်းနိုင်ငံမှာ အထောက်အထားထုတ်ပေးတဲ့ စခန်းပေါင်း ၁၁ ခုကို ဖွင့်လှစ် 
ဆောင်ရွက်ပေးသွားဖို့ ထိုင်းအစိုးရနဲ့ သဘောတူထားပြီးဖြစ်တဲ့အတွက် စတင် လုပ်ဆောင်ပေးတော့မှာဖြစ် တယ်လို့ ပြန်ကြားရေး ၀န်ကြီးဌာန အင်တာနက်စာမျက်နှာမှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။

နေပြည်တော် ဖေဖော်ဝါရီ ၉ ဖေဖော်ဝါရီ

ပထမပတ်က ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်၌ ပြုလုပ်သည့် ထိုင်းမြန်မာ နှစ်နိုင်ငံ Technical Meeting အပြီးတွင် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က စာနယ်ဇင်းများနှင့် တွေ့ဆုံရှင်းလင်းရာ တွင် မြန်မာဘက်အနေဖြင့် အထောက်အထားမဲ့ လုပ်သားများ အတွက် ဘတ် ၅၅ဝ သာ ကောက် ခံမည်ဖြစ်ကြောင်း ရှင်းပြခဲ့ပြီး ဖေဖော်ဝါရီ ၁၅ ရက်တွင် အထောက် အထား ထုတ်ပေးမည့် စခန်း၁၁ ခုဖြစ်သည့် ချင်းမိုင်၊ ချင်းယိုင်၊ ပထုန်ဌာနီ၊ စမူ ပရာကန်၊ မဟာချိုင်၊ လယောင်၊ ခွန်ခန်၊ စူရဌာနီ၊ ရနောင်း၊ မဲဆောက်နှင့် ကန်ချနဘူရီတို့တွင် စတင် ဆောင်ရွက် ပေး မည့် ဖြစ်ကြောင်း ပြောကြားသွာသည်။ 

လုပ်ငန်းစဉ်ကို ထိုင်းနိုင်ငံဘက်ခြမ်းတွင် အလုပ်ရှင်များက ယခုချိန်တွင် စတင်ဆောင်ရွက်နေပြီ ဖြစ်
ကြောင်း၊ သက်ဆိုင်ရာနယ်မြေဒေသရှိ အလုပ် သမားရုံးများမှတစ်ဆင့် အလုပ်သမားရုံးချုပ်သို့ တင်ပြဆောင်ရွက်ရမည်ဖြစ်ပြီး ၄င်းမှတစ်ဆင့် မြန်မာသံရုံးရှိအလုပ်သမားသံအရာရှိထံသို့ စိစစ် ရန် ပေးပို့ရမည်ဖြစ်ကြောင်း၊ သံအရာရှိ စိစစ်ပြီးသည့် စာရင်းများကို အလုပ်သမားရုံးချုပ်သို့ ပြန်လည် ပေး ပို့ပြီး ထိုင်းလူဝင်မှုကြီးကြပ်ရေးနှင့် ညှိနှိုင်းကာ နီးစပ်ရာစခန်းများသို့ One Stop Service ဆောင်ရွက် ရန် ပေး ပို့ မည်ဖြစ်ကြောင်း၊ ရွှေ့ပြောင်း အလုပ်သမားများ၏ သားသမီးများကိုလည်း အထောက် အထားထုတ်ပေးမည်ဖြစ်ပြီး လောလောဆယ်တွင် Bath 1900 ပေးရမည်ဖြစ်သော်လည်း ယခင် 
ဆောင်ရွက် ၁ ဒသမ ၂ သန်းသော လုပ်သားများ၏ သားသမီးများကိုလည်း ထုတ်ပေးရန် ညှိနိုင်း ထားကြောင်း ပြောကြားသွားသည်။ 

အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများကို နည်းနိုင်သမျှ နည်းနည်းသာ ကောက်ခံရန် ထပ်မံ ညှိနှိုင်းခဲ့ကြောင်း သိရသည်။ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေ သူတစ်ဦးက ထိုင်း ဘက်ခြမ်းတွင် ဗီဇာကြေး ၅ဝဝ ဘတ်၊ ဆေးစစ်ခ ၆ဝဝ ဘတ်၊ စာရွက်စာတမ်းကြေး၁၀ဝ ဘတ်နှင့် Work Permit ကြေး ၁၉ဝဝ ဘတ်သာ ကုန်ကျရန်ရှိတော့သဖြင့် ထိုင်းဘက်ခြမ်းတွင် ၃၁၀ဝ ဘတ်သာ ကုန်ကျမည်ဖြစ်ကြောင်း ထိုင်း-မြန်မာနှစ်နိုင်ငံ အစိုးရများက ပွင့်လင်းမြင်သာစွာ ဆောင် ရွက်ပေးထားသော အစီအစဉ်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် တာဝန်ရှိသူအဆင့်ဆင့်မှ စောင့်ကြည့်ကြပ်မတ် သွားရမည်ဖြစ်ကြောင်းသိရသည်။ 

ဆက်လက်ပြီး အစည်းအဝေး သို့တက်ရောက်လာသည့် Diamond Palace ကုမ္ပဏီမှ တာဝန်ရှိ သူတစ်ဦး အား မေးမြန်းခဲ့ရာ အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများကို လွယ်ကူလျင်မြန်စွာ အထောက်အထား များ ထုတ်ပေးနိုင်ရန် Biometric Enrollment System ကို အသုံးပြုဆောင်ရွက်ပေးရန်စီစဉ်ထားကြောင်း စက်ရုံများရှိ လုပ်သားများသို့ Data များသွားရောက်ကောက်ခံပြီး အချိန်၊ စရိတ်သက်သာသည့် Mobile Team များနှင့် ဆောင်ရွက်ရန် တင်ပြထားကြောင်း၊ ဘတ် ၁၅ဝသာ ကုန်ကျစရိတ်ရှိကြောင်း အလုပ်သမား များအတွက် သက်သာချောင်ချိစေသည့် အစီအစဉ်ဖြစ်သဖြင့် ခွင့်ပြုလိမ့် မည်ဟု မျှော်လင့် ထားကြောင်းပြောကြားသွားသည်။ 

(သတင်းစဉ်)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved