အင်းလျား၊ ဗိုလ်ချုပ်မွေးနေ့နှင့် ပဲပြုတ် နံပြား စားသူများ

Thursday, February 14, 2013

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို နိုင်ငံတော်မှ တရားဝင် အသိအမှတ်ပြု၍ အစိုးရ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန်နှင့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ ငွေစက္ကူများ ပြန်လည်ရိုက်နှိပ်ထုတ်ဝေ ပေးရန် အစိုးရထံ လက်မှတ်ရေးထိုးတောင်းဆိုသွားမည်ဖြစ်ကြောင်း အခမ်းအနားကို ဦးဆောင်ကျင်းပသူ ကိုတင်ထွဋ်ပိုင်က ပြောသည်။ (ဓာတ်ပုံ- ဂျေပိုင်/ ဧရာဝတီ) 

ဖေဖော်ဝါရီ ၁၃ ရက်နေ့တွက် ကျရောက်သော ဗိုလ်ချုပ်အောင်ဆန်း၏ ၉၈ နှစ်မြောက်မွေးနေ့ပွဲကို ရန်ကုန်မြို့ရှိ အင်းယားကန်ဘောင်တွင် ယနေ့ညနေ ၄ နာရီအချိန်၌ ကျင်းပခဲ့သည်။ 

၉၈ နှစ်မြောက် ဗိုလ်ချုပ်မွေးနေ့ အမှတ်တရအဖြစ် ဗိုလ်ချုပ်အောင်ဆန်း ကြိုက်နှစ်သက်သော ပဲပြုတ်နှင့် နံပြားကို ဓမ္မစေတီဆရာတော် အရှင်ဥူးကောသလက ကုသိုလ်ပြု ကျွေးမွေးခဲ့သည် 


ဗိုလ်ချုပ်အောင်ဆန်း၏ ၉၈ နှစ်မြောက် မွေးနေ့အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဗကသ များအဖွဲ့ချုပ်၊ Generation Wave၊ Generation Youth အပါအ၀င် ရန်ကုန်မြို့ အခြေစိုက် လူငယ်အင်အားစု ၁၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့ကြသည်။ 

 ဗိုလ်ချုပ်မွေးနေ့ အခမ်းအနားတွင် နိုင်ငံတော်သီချင်းသီဆိုခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြု၍ တစ်မိနစ်ငြိမ်သက်ခြင်း၊ ဗိုလ်ချုပ် အမှတ်တရ သီချင်း များသီဆိုခြင်းနှင့် ဗိုလ်ချုပ်အမှတ်တရ ကဗျာရွတ်ဆိုခြင်းတို့ကို ရန်ကုန်မြို့ အခြေစိုက် ကျောင်းသား လူငယ်များက ဦးဆောင်ကျင်းပခဲ့ကြသည်။ 


ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးသားမှုနှင့် တိုင်းပြည်အပေါ် အနစ်နာခံတတ်သော စိတ်ဓါတ်မှာ ယနေ့ခေတ် လူငယ်များအတွက် အတုယူ အားကျဖွယ်ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးက ပြောသည်။ 

ဗိုလ်ချုပ်အောင်ဆန်းကို ချစ်သူတိုင်း ပဲပြုတ်နဲ့ နံပြား စားကြသည်။ 






1 comments :

  1. sour grain said... :

    We admire General Aung San but never admire other Generals who r so extremely rich during they had power after 88.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved