အင်ဂျင်နီယာဘွဲ့ရ အရောင်းစာရေး

Thursday, February 14, 2013


~


ရွက်စိမ်း ~


လျှပ်စစ်အင်ဂျင်နီယာဘွဲ့ရသူများထဲက လျှပ်စစ် လုပ်ငန်းခွင်တွေမှာ အလုပ်ရနေကြတာ အမျိုးသားတွေ ဖြစ်နေတတ်ပါတယ်။

ဒါဆိုရင် လျှပ်စစ်အင်ဂျင်နီယာဘွဲ့ရ အမျိုးသမီးများ ဘယ်ရောက်သွားပါသလဲ။ သူတို့ထဲက လျှပ်စစ် အရောင်းဆိုင်တွေမှာသာ အလုပ်လုပ်နေကြရသူ အများအပြား ရှိနေပါတယ် လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလမှာ တွေ့ရတဲ့ ရန်ကုန်မြို့လယ်က အရောင်းဆိုင်တခုရှေ့ မြင်ကွင်း တစိတ်တဒေသ
အရောင်းဝန်ထမ်း ဆိုတော့ လစာ ရှစ်သောင်းဝန်းကျင်ပဲ ရကြပါတယ်။

“လျှပ်စစ်အင်ဂျင်နီယာအနေနဲ့ ကုမ္ပဏီတွေက ခေါ်တော့လည်း အမျိုးသားတွေပဲခေါ်ကြတာ များတယ်။ မိန်းကလေးတွေကတော့ sale engineer လောက်ပဲ ခေါ်တယ်”  လို့ နယ်ကနေ ရန်ကုန်ကို အလုပ်လာလုပ်သူတဦးက ပြောပါတယ်။

“ကျွန်မကတော့ BE(EP) နဲ့ ဘွဲ့ရခဲ့ပါတယ်။ ကျောင်းတက်ရတာ နှစ်တွေ အများကြီး ကြာပြီးမှ ဒီဘွဲ့ရတယ်။ ကျောင်းစရိတ်တွေလည်း အရမ်းကုန်တယ်။  ဒါပေမယ့် ဘွဲ့ရပြီးတော့ အစိုးရကခေါ်တဲ့စာမေးပွဲ ၀င်ဖြေတော့လည်း မပါဘူး” လို့ သူက ရှင်းပြပါတယ်။

ကျောင်း ပြီးပေမယ့်လည်း စာတွေ့နဲ့ လက်တွေ့ ကွာဟချက်တွေ ရှိနေပါတယ်  လို့ လျှပ်စစ် အင်ဂျင်နီယာ နဲ့ ကျောင်းပြီးခဲ့တဲ့ မစုမြတ်က ပြောပါတယ်။

“ကျောင်းမှာ စာတွေ့တွေက များပြီး တကယ့် လက်တွေ့က နည်းတယ်။ လျှပ်စစ် ဘာသာရပ်နဲ့သာ ကျောင်းပြီးသွားတယ်။ အိမ်က လျှပ်စစ်မီးဖိုတောင် မပြင်တတ်ဘူး။
 ဘာသာရပ်ကို ရွေးချယ်မယ် ဆိုရင်တော့ သေသေချာချာ ကို ရွေးချယ်သင့်ပါတယ်။ ကျမတို့နဲ့ အတူတူ ကျောင်းပြီးတဲ့သူတွေလည်း  ဒီဘွဲနဲ့ မကိုက်ညီတဲ့ လုပ်ငန်းခွင်တွေမှာပဲ လုပ်နေကြတယ်”
လို့  မစုမြတ်က ရှင်းပြပါတယ်။

အင်ဂျင်နီယာ ဖြစ်နေသူများထဲမှာ  မြို့ပြအင်ဂျင်နီယာဘွဲ့(BE .Civil)  ရရှိထားတယ် ဆိုရင်ဖြင့်   အလုပ်အကိုင် အခွင့်အလမ်း ပေါများတယ်လို့  ဆိုပါတယ်။

ဒီလို အခြေအနေမှာ အင်ဂျင်နီယာ ဘွဲ့ရ အမျိုးသမီး အများ အပြား Auto CAD (2D, 3D), M&E စတဲ့ သင်တန်းတွေကို တက်ရောက်ပြီး ပြည်ပ နိုင်ငံတွေကို သွားရောက် အလုပ်လုပ်ကိုင် ကြတာတွေ ရှိနေတယ် လို့ သိရပါတယ်။

 


 


























-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved