ညောင်တုန်းကမ်းခြေ အလှ

Friday, February 8, 2013


ညောင်တုန်းကမ်းခြေ မြင်ကွင်းများ

 လူဘ၀မှာ ပင်းပန်းနွမ်း နယ်မှုတွေနဲ   ပြည့်ကျပ်  နေတာ လူတိုင်းနည်းပါးပါဘဲ။ အဲဒီ ပင်ပန်းနွမ်းနယ် မှုတွေကို ပြေပျောက် စေဖို့ အတွက် အပန်းဖြေခြင်း ဆိုတာ လိုအပ်ပါတယ်။

 မြန်မာနိုင်ငံ ရန်ကုန်မြို့နဲ့ မလှမ်းမကမ်း ၂ နာရီကျော်လောက်သာကားနဲ့သွားရင် ရောက်တဲ့ဧရာဝတီတိုင်း  
ညောင်တုန်း မြို့နယ်က လူအများအခေါ် ညောင်တုန်းကမ်းခြေဆိုတာကတော့ အခု နောက်ဆုံး လူသိများ လာတဲ့ အပန်းဖြေ ကမ်းခြေတခုပါ။ 


အဲဒီကန်းခြေဟာ တကယ်တော့ ပင်လယ်ကမ်းစပ်မှာ တည်ရှိတာမဟုတ်ပါဘူး။ မြန်မာပြည်ရဲ့အဓိက  မြစ်  
ဖြစ်တဲ့ ဧရာဝတီမြစ်သွယ် တခုဖြစ်ပါတယ်။ မိုးကုန်သွားတဲ့အခါ ဧရာဝတီမြစ်ရေဟာ သောင် ထွန်းသွားပြီး  
ရေပြင်ဟာ ပင်လယ်ကမ်းခြေတခုနဲ့ အလားတူ ဖြစ်ပေါ်သွားတဲ့အတွက် လူတွေ လာရောက်အပန်းဖြေ တဲ့ နေရာတခုဖြစ်နေပါတယ်။


ပင်လယ်ကမ်းခြေအထိ မသွားနိုင်တဲ့ သူတွေအတွက်တော့ အဆင်ပြေစေပြီး သွားလာလွယ်ကူတဲ့အတွက် အခု အချိန်မှာ တော့ လူအများသွားရောက် အပန်းဖြေနေကြတာကိုတွေ့မြင်နိုင်ပါတယ်။ 

သဲသောင်းတွေထွန်းနေတဲ့ အတွက် ကလေး ငယ်တွေ ဆော့ကစားလို့ကောင်းတဲ့ ကမ်းခြေဘဲ ဖြစ်ပါတယ်။ အဲဒီကမ်းခြေမှာ တဲနန်းတွေထိုးပြီး စားစရာကတော့ ငါး ကြော်က နာမည်ကြီးပါတယ်။ လတ်ဆတ် မှုတွေ
ကြောင့် အခုလို ငါးကြော်ကို လူကြိုက်များတာ ဖြစ်ပါလိမ့်မယ်။ 













ညနေဆည်းဆာအလှနဲ့ ညောင်တုန်းကမ်းခြေ

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved