မြ၀တီ-မဲဆောက် နယ်စပ် ကုန်သွယ်မှု အခြေအနေ

Tuesday, February 19, 2013


 ဓာတ်ပုံများ- အိမ့်သံစဉ်( ဧရာဝတီ) ~
 
ထိုင်းနိုင်ငံရှိ နယ်စပ်ဂိတ်များအနက် မဲဆောက်-မြ၀တီ ချစ်ကြည်ရေး တံတားဂိတ်ဟာ ၂ နိုင်ငံကုန် ပစ္စည်းတွေ အပြန် အလှန် တင်ပို့နေတဲ့ ကုန်စည်စီးဆင်းမှု အကြီးဆုံးဂိတ်ဖြစ်ပါတယ်။ 



ထိုင်းဘက်က အိမ်ဆောက်ပစ္စည်း၊ ရေအိမ်ကြွေခွက်ကအစ၊ ပလပ်စတစ်ပစ္စည်းအလယ်၊ ရေခဲတုံးအဆုံး ထိုင်းဘက်က တင်ပို့ပြီး မြန်မာဘက်ကတော့ သစ်ထည်၊ ၀ါးထည်၊ ငါး၊ ပုဇွန်၊ ပဲ၊ နွားအစရှိတာတွေ ပြန်တင် ပို့ကြတာပါ။ 

မြန်မာဘက်က လာတဲ့ ပုဇွန်နဲ့ ဖျာတွေ




မြ၀တီ -မဲဆောက် ချစ်ကြည်ရေး တံတားကြီးကို ဖြတ်ပြီး မြန်မာဘက်က ကားတွေနဲ့ မဲဆောက်အထိ လာကြသလို မဲဆောက်ကလည်း မြ၀တီကို ထိုင်းကားတွေ သွားကြပါတယ်။  



ထိုင်း-မြန်မာ ဆက်ဆံရေး တင်းမာမှုတွေကြောင့် လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်တုန်းက အဆိုပါ ကုန်စည်ဂိတ်ကြီး ကို မြန်မာဘက် က ပိတ်ပင်ထားလိုက်လို့ နှစ်ဘက်ကုန်သည်တွေဟာ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တရားမဝင် ကုန်သွယ်ခဲ့ကြရာ လစဉ် ထိုင်း ဘက်မှ ကုန်ပစ္စည်း ဘတ်ငွေ သန်း ၇၀၀ ဖိုးခန့် မြ၀တီဘက်သို့ တင်ပို့ကြ 
ပြီး မြန်မာဘက်မှ ကုန်ပစ္စည်း ဘတ် သန်း ၄၀၀ ဖိုး ခန့်ကို မဲဆောက်ဘက်သို့ တင်သွင်းခဲ့ကြကြောင်း သိရပါတယ်။ 



အခုတော့ ၂ နိုင်ငံ ချစ်ကြည်ရေး ရွှေလမ်း ငွေလမ်း ဖောက်နေချိန်မှာ တရားဝင် ကုန်သွယ်မှုတွေလည်း 
မြ၀တီ-မဲဆောက် ချစ်ကြည်ရေး တံတားကြီးကနေ ဖြတ်သန်းကုန်စည်စီးဆင်းမှုတွေ ရှိနေပါတယ်။ 



ဒါပေမယ့်လည်း တရားမ၀င် ကုန်သွယ်မှုတွေကတော့ ဆက် ရှိနေဆဲပါဘဲ။ ဒီလို ကုန်သွယ်မှုတွေကိုတော့ မဲဆောက်မြို့က ဇီးတော ဂိတ်လို့လည်းလူသိများတဲ့ ၂ ဂိတ်ကတော့ အများဆုံး ကုန်စည် စီး ဆင်းပါတယ်။ 

ဇီးတောဂိတ် ( ၂ ဂိတ်) ထိုင်း နယ်ခြားစောင့်တပ်မှ မြန်မာဘက်မှ ၀င်လာသူများကို စစ်ဆေးနေစဉ်

ဇီးတောဂိတ်မှာတော့ ကုန်စည်တွေသာမက လူတွေလည်း ကူးလူးသွားလာကြပါတယ်။ ကုန်စည်တွေ ဇီးတောဂိတ်က စီး ဆင်းကြတာကလည်း အချိုရည်၊ ဘိလပ်မြေ၊ အစရှိတဲ့ ထိုင်း ကုန်စည်တွေဖြစ်ကြပြီး ဘီယာလည်း အဲဒီထဲမှာ တခုအပါ အ၀င် ဖြစ်ပါတယ်။ 

 ၂ ဂိတ် ခေါ် ဇီးတောဂိတ်ရဲ့ ဆိုင်ကယ် ကယ်ရီ ဂိတ်

၂ ဂိတ်ရဲ့ ထိုင်း ဘတ်ငွေနဲ့ မြန်မာကျပ်ငွေ ဖလှယ်တဲ့နေရာ


 မြ၀တီဘက်က မဲဆောက်ကို ကျပ် ၅၀၀ နဲ့ ကူးလာသူတွေ 


 ၂ ဂိတ်က မြ၀တီဘက်ကို ပို့တဲ့ အိမ်ဆောက်ပစ္စည်းတွေ 


 ၂ ဂိတ်မှ တဆင့် မြ၀တီကို ပို့တဲ့ ထိုင်းကုန်စည်တွေ

 မဲဆောက်က မြ၀တီကို ပြန်ကြသူတွေ 

 မြ၀တီကို ပို့တဲ့ ထိုင်းဘက်က အချိုရည်တွေ

 ၂ ဂိတ်က မြ၀တီဘက်ကို ကုန်စည်ပို့နေမှုတွေ








0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved