ကိုထုံ ဒေါသထွက်ရခြင်း အကြောင်းရင်း

Sunday, February 3, 2013

~ 


 
တရားရုံးတစ်ခုတွင်ဖြစ်သည်။
နှစ်လောင်းပြိုင်လူသတ်မှုရဲ့တရာခံကို ပြစ်ဒဏ်ချမှတ်ဖို့ တရားသူကြီးက အမိန့်စာကို ဖတ်ကြားနေပါတယ်… …

“မောင်မင်းဟာ…ဇနီးဖြစ်သူကို မသေမချင်း တူနဲ့ထုသတ်ခဲ့တဲ့ ပြစ်မှုက တစ်ခု…”


“ခွေးသူတောင်းစား” 
တရားခွင်ရဲ့ နောက်ပိုင်းနားမှာထိုင်နေတဲ့ ကိုထုံက တရားခံကို ထ ဆဲလိုက်ခြင်းဖြစ်တယ်။ 


တရားသူကြီးက ကိုထုံ့ကို လှမ်းကြည့်တယ်၊
ဒါပေမယ့် ဘာမှမပြောဘဲ အမိန့်စာကို ဆက်ဖတ်တယ်… …

“မောင်မင်းရဲ့ ယောက်ခမဖြစ်သူကို မသေမချင်း တူနဲ့ထုသတ်ခဲ့တဲ့ ပြစ်မှုကတစ်ခု…”


“မအေပေး အမျိုးယုတ်” .. ကိုထုံ ထ ဆဲပြန်တယ်။


ဒီတခါတော့ တရားသူကြီးက လှမ်းပြောတယ်… ..

“လူကြီးမင်း၊ ဒါတရားရုံးဖြစ်ပါတယ်၊ ဒီလို ရက်စက်စွာ အသတ်ခံရတဲ့ လူတွေအတွက် ခင်ဗျား ဘယ်လောက်ခံစားရမယ်ဆိုတာ ကိုယ်ချင်းစာပါတယ်၊
ဒါပေမယ့် နောက်ထပ် တရားရုံးကို နှောင့်ယှက်မယ်ဆိုရင်တော့ ခင်ဗျားကို အရေးယူရပါလိမ့်မယ်”

“ဟုတ်ကဲ့…နောက်မဆဲတော့ပါဘူး”

တရားသူကြီးက အမိန့်စာ ဆက်ဖတ်မလို လုပ်ပြီးမှ စိတ်ထဲမှာမရှင်းတာနဲ့ ကိုထုံ့ကို လှမ်းမေးတယ်… …

“ဒါနဲ့ နေပါအုံး၊ ခင်ဗျားနဲ့ သေဆုံးသူတွေဟာ ဘယ်လိုများ ပတ်သက်ပါသလဲ”

“ဘယ်လိုမှ မပတ်သက်ပါဘူး”

“ဟင်… ဒါဆို ဘာလို့ ဒီလောက်တောင် ဒေါသတွေ ထွက်နေရတာလဲ”

“ထွက်တာပေါ့ဗျ၊ ဒီကောင်နဲ့ကျနော် အိမ်ချင်းကပ်လျက်နေလာတာ ၁၀ နှစ် ကျော်ပြီ၊ သူ့ဆီမှာ တူ သွားငှားတိုင်း မရှိဘူးချည့် ပြောပြောလွတ်တယ်လေ..”


သန်၎ကို ~

(နိုင်ငံခြားဟာသတခုကို မြန်မာမှုပြုထားတာပါ)
 

















--

1 comments :

  1. Anonymous said... :

    တူငှား၊ရောင်း သည်။။။။။။။။ :D

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved