ဂန္တ၀င် လက်ဝှေ့အကျော် မိုဟာမက် အလီ ကျန်းမာရေး ဆိုးနေ

Monday, February 4, 2013

ကမ္ဘာကျော် ဂန္တ၀င် လက်ဝှေ့သမားကြီး  မိုဟာမက် အလီ ဟာ ကျန်းမာရေး အတော် အခြေအနေ ဆိုးနေ တယ်လို့ သူ့ညီရဲ့ စကားကို ကိုးကားပြီး sportingnews က ဖော်ပြထားပါတယ်။



အသက် ၇၁ နှစ်ရှိပြီဖြစ်တဲ့ ငယ်နာမည် ကားဆီးရပ်စ် ကလေး ခေါ် မိုဟာမက် အလီဟာ လက်ဝှေ့ ထိုးခဲ့တဲ့ ဒဏ်တွေကြောင့် သူဟာ ဦးခေါင်းတုန်ပြီး အာရုံကြောတွေ မကောင်းခဲ့တာ ကြာပါပြီ။ သူ့ရဲ့ မနှစ်က မွေးနေ့ ကိုလည်း စည်ကားစွာ ကျင်းပခဲ့ပါသေးတယ်။ အဲဒီတုန်းကလည်း ကျန်းမာရေး မကောင်းပေမယ့် လူတွေကို လက်ပြနှုတ်ဆက်နိုင်ပါသေးတယ်။ 




အခုတော့ သူ့ကျန်းမာရေးအခြေအနေဟာ အလွန်ချို့ယွင်းနေပြီဖြစ်တာကြောင့် ဒီရက်ပိုင်းဘဲ ဆုံးပါး သွားနိုင်တယ်လို့ မှတ်ချက်ပေးနေကြတယ်ဆိုပါတယ်။ 



သူဟာ ကမ္ဘာ့လက်ဝှေ့လောကမှာ အလွန်ထူးခြားတဲ့ လက်ဝှေ့သမားတဦးလည်း ဖြစ်ပါတယ်။ သူဟာ Louisville မှာမွေးဖွားခဲ့တာပါ။ ကားဆီးရပ်စ် ကလေး ဆိုတဲ့ မွေးနာမည်နဲ့ ဟဲဗီးဝိတ်တန်း လက်ဝှေ့သမား
ဖြစ်လာခဲ့ပြီး နောက်ပိုင်းမှာတော့ သူ့နာမည်ကို မိုဟာမက် အလီလို့ ပြောင်းလဲပစ်လိုက်တာပါ။

၁၉၆၄ ခုနှစ်မှာ အဲဒီတုန်းက ထိပ်တန်း လက်ဝှေ့သမား Sonny Liston ကို အနိုင်ယူခဲ့ပါတယ်။

၁၉၆၇ ခုနှစ်မှာ အမေရိကန် ဥပဒေရဲ့ စစ်မှုမထမ်းမနေရ ဆိုတာကို ငြင်းပယ်ခဲ့လို့ ၃ နှစ်တာ လက်ဝှေ့ မထိုးရဆိုပြီး ကန့်သတ်တားမြစ် အပြစ်ပေးခံခဲ့ရပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved