ထောင်တွင်း အကြမ်းဖက်ခံရမှု အမှတ်တရ အခမ်းအနား

Monday, February 4, 2013



၁၉၈၉ ခုနှစ် သာယာဝတီအကျဉ်းထောင်တွင်း Anti Labor တိုက်ပွဲအထိမ်းအမှတ် အခမ်းအနားကို  
ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ရန်ကုန်မြို့တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပရာ ထိုစဉ်က ထောင်တွင်း တိုက်ပွဲဝင် နိုင်ငံရေး အကျဉ်းသားဟောင်းတွေတက်ရောက်ခဲ့ကြပါတယ်။ 



အဲဒီအခမ်းအနားမှာ ရွှေတွံတေးဆရာတော်လည်း တက်ရောက် အမှား စကားပြောကြားခဲ့ပါတယ်။

နိုင်ငံရေး အကျဉ်းသားအခွင့်အရေးများ ဖျက်ဆီးခံရသည့် အပြင် လူမဆန်စွာ မတရားညှင်းပန်းနှိပ်စက် ရိုက်နှက် ခံခဲ့ရသော ထောင်တွင်းအကြမ်းဖက်ခံရမှုနဲ့ပတ်သက်လို့ သမိုင်းတင်တဲ့ အခမ်းအနားလည်းဖြစ် ပါတယ်။


လူ ၁ ယောက် ကို ထောင်ဝန်ထမ်းပေါင်း ၂၀-၃၀ ၀ိုင်းရိုက်ကြသဖြင့် နံရိုးကျိုး - လက်ကျိုး -မျက်စေ့ကန်း 
နှင့် သေရာ ပါဒဏ်ရာများ အသီးသီးခံစားကြရတာပါ။

အဲဒီတုန်းက ဒဏ်ဖြင့်ပင်ထောင်လွတ်ပြီး ၁ လကျော်တွင်သေဆုံးသွားသူလည်း ရှိခဲ့ပါတယ်။ 

အခမ်းအနားသို့  Anti Labor  တိုက်ပွဲဝင် ၉၅ ဦးရဲဘော်များ နှင့်မိသားစုဝင်များ ၈၈ မျိုးဆက်ကျောင်းသား များ၊  နိုင်ငံရေး အကျဉ်းသား ဟောင်းများ အဖွဲ့ အစည်းအသီးသီးမှပုဂ္ဂိုလ်များ၊ စိတ်ဝင်းစားသူများနှင့် မီဒီယာများ တက်ရောက်ကြပါတယ်။

 ဖြစ်စဉ်အကျဉ်းကို ကိုမာကီးက ပြောကြားပြီး ရွှေဝါရောင် ဦးပဏီတ - သာယာဝတီပြန် ကိုဋ္ဌေးကြွယ် -ထောင်တွင်း ကျဆုံးသွားသော (ကိုသက်ဝင်းအောင်) ၏ အကိုဖြစ်သူ ကိုပြုံးချို - တိုက်ပွဲဝင် (ကိုဇော်ထွန်း) ၏ အစ်မတို့ က အမှတ်တရစကားပြောကြားကြပြီး ကိုအေးလွင်က ကဗျာရွတ်ဆိုခဲ့ကြပါတယ်။

ရွှေတွံတေးဆရာတော်က "စစ်အာဏာရှင်စနစ်အောက်မှာ တနိုင်ငံလုံး အကျဉ်းချခံကြရတာပါ။  တက်ကြွ လှုပ်ရှား သူတွေကို အကျဉ်းထောင် ၄၄ ခုမှာ ထပ်အကျဉ်းချတယ်။  ထောင်တွင်းနိုင်ငံရေး အကျဉ်းသား အခွင့်အရေးနဲ့ အမှန်တရားအတွက် ဆက်လက်တိုက်ပွဲဝင်သူတွေကိုလည်း အကြမ်းဖက် ဆက်ဖိနိုပ်တယ်။  ဒီအမိုင်းတွေမပျောက်အောင် အခုလိုကျင်းပတာပါ။ လူတွေကိုသိစေချင်တယ် တနိုင်ငံလုံး တကမ္ဘာလုံး သိစေချင်တယ်။  ဘယ်အစိုးရပဲ ဖြစ်ဖြစ် ဒီလိုလူမဆန်တဲ့အကြမ်းဖက်ရက်စက်မှုတွေ မပေါ်ပေါက်ရအောင် လူသားအားလုံး ၀ိုင်းဝန်းဆောင်ရွက် ကြဖို့ လူအား ငွေအား အကြံဥာဏ်အား တွေနဲ့ ၀ိုင်းဝန်းပံ့ပိုးပေးကြ ဖို့ တိုက်တွန်းပါတယ်" လို့ ပြောသွားခဲ့ပါတယ်။

 ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးအတွက် ဒီလိုသက်စွန့် အနစ်နာခံပြီး အခြေခံ အုတ်မြစ်ချခဲ့ကြရတာ - Anit Labour တိုက်ပွဲဝင်ရဲဘော်တို့ ရဲ့ အုတ် ၉၅ ချပ်ဟာလည်းပါဝင်ခဲ့တယ်ဆိုတာကို လေးစားဂုဏ်ပြု စကား ပြောကြားခဲ့ပါတယ်။ 

 Anti Labor တိုက်ပွဲဝင်ရဲဘော်များကိုလဲ ဂုဏ်ပြုငွေသားနှင့် အမှတ်တရ ပစ္စည်များပေးအပ်ခဲ့ပါတယ်။ 





0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved