နေ့ချင်းပြီး ပါ့စ်ပို့ ထုတ်ပေးရေး မဲဆောက်တွင် ရက်ရွှေ့ဆိုင်း

Saturday, February 16, 2013


 မဲဆောက်မြို့ မြင်ကွင်းများ၊ ဓာတ်ပုံ- အိမ့်သံစဉ်/ဧရာဝတီ

အိမ့်သံစဉ် ~ 

ရက်ပေါင်း ၁၂၀ အတွင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အထောက်အထား မရှိ သူတွေအတွက် ထိုင်း-မြန်မာ ၂ နိုင်ငံ သဘောတူညီမှု အရ ထိုင်းနိုင်ငံတွင်း တရားဝင် နေထိုင်ခွင့်ရှိတဲ့ မြန်မာ နိုင်ငံကူး လက်မှတ်ထုတ်ပေးရေး အစီအစဉ်ကို ဖေ ဖော်ဝါရီလ ၁၅ ရက်နေ့စတင်ဖို့ ရှိခဲ့ပေမယ့် အဆင်မပြေခဲ့လို့ လာမယ့် တနင်္လာနေ့ကျမှဘဲ အဆိုပါ အစီအစဉ်ကို စတင်ဖြစ်တော့မှာ ဖြစ်ပါတယ်။ 



“မြန်မာဘက်က အရာရှိတွေ ရောက်မလာခဲ့ဘူး။ ဒါကြောင့် တနင်္လာနေ့မှဘဲ စလုပ်ပေးတော့ မယ်”လို့ နေ့ ချင်းပြီး နိုင်ငံကူး လက်မှတ်ထုတ်ပေးတဲ့ One Stop Service ရဲ့ ထိုင်းအမျိုးသမီးတဦးက ဘာသာပြန်က တဆင့် ပြောပါတယ်။ 


မဲဆောက်မြို့ မြ၀တီ နယ်စပ် ချစ်ကြည်ရေး တံတားကြီးရဲ့ အနီးမှာ အဆိုပါ နေ့ချင်းပြီး နိုင်ငံကူး လက်မှတ်ထုတ်ပေးတဲ့ နေရာ တည်ရှိပါတယ်။ 

ထိုင်း-မြန်မာနယ်စပ် ရန်ကုန်သေးသေးလေးလို့ လူတွေ ခေါ်စမတ်ပြုတဲ့ ထိုင်းနိုင်ငံမဲဆောက်မြို့ ဟာ ဖေဖော်ဝါရီလ ၁၅ ရက် နေ့ကစပြီး နေ့ချင်းပြီး ယာယီမြန်မာနိုင်ငံကူးလက်မှတ် (ပါ့စ်ပို့)တွေ ၂ နိုင်ငံ တာဝန်ရှိသူတွေက လုပ်ပေးမယ်ဆိုပေမယ့် လူတွေက ပါ့စ်ပို့လုပ်ဖို့ သိပ် စိတ် မ၀င်စားကြပါဘူး။ 

မဲဆောက်ရောက် မြန်မာတွေရဲ့ အဆိုအရ တရားဝင် ကြေညာထားတာက ထိုင်း-မြန်မာ အစိုးရ ရုံး လုပ်ငန်းတွေကို ပေး သွင်းရမယ့် ငွေကြေးဟာ ဘတ်ငွေ ၅၀၀၀ ၀န်းကျင်ကုန်ကျမယ်ဆိုပါတယ်။ 

ဒါကြောင့် နိုင်ငံကူးလက်မှတ် ရှိရင် လုံခြုံတယ်လို့ ခံစားရပေမယ့် ရတဲ့ လုပ်အားခနဲ့ ပါ့စ်ပို့ဖိုး အတွက် မကာမိလို့ စိတ်ဝင် စားမှု နည်းကြတာလို့ မဲဆောက် မြန်မာအလုပ်သမားတွေက ဧရာဝတီ ကို ပြောပါတယ်။ 



ဘာကြောင့်လည်းဆိုတော့ နိုင်ငံကူးလက်မှတ် လုပ်မယ်ဆိုရင် ကုန်ကျ စာရိတ် က ထိုင်းဘတ်ငွေ ၁ သောင်း ၃ ထောင် ကုန်ကျမှာကြောင့် ဆင်ဘိုးထက် ချွန်းဖိုးကြီးနေုလို့ ဖြစ်ကြောင်းပါတဲ့။ 

မဲဆောက်မြို့ဟာ ထိုင်းနိုင်ငံတွင်းက ရန်ကုန်မြို့လေးလို့ လူတွေ ပြောကြတဲ့အတိုင်း တကယ့် ကို မြန်မာနိုင်ငံသားတွေ အ များ အပြား ရှိတဲ့ နယ်စပ် စီးပွားရေး လုပ်ငန်းတွေနဲ့ စည်းကားတဲ့ မြို့ကလေးတမြို့ပါ။ 

မဲဆောက်မြို့ လူဦးရေရဲ့ ၃ ပုံ ၁ ပုံ ဟာ မြန်မာနိုင်ငံသားတွေ ဖြစ်နေတာကြောင့် အခုလို ရန်ကုန်ငယ်လေး လို့ ခေါ်ကြတယ် ထင်ပါတယ်။ ဒီမြို့လေးမှာ မြန်မာနိုင်ငံ အောက်ပိုင်းအစ၊ အလယ်ပိုင်းအလယ်၊ အထက် ပိုင်း အဆုံး ဒေသမျိုးစုံက မြန်မာနိုင်ငံသားတွေဟာ မိမိတို့ တ၀မ်းတခါးအတွက် တိုင်းတပါး အိမ်နီးချင်း ထိုင်းနိုင်ငံမှာ မျက်နှာငယ်စွာနဲ့ အလုပ်ကို ပင်ပင်ပန်းပန်း ကြိုးစား ရင်းဝင် ငွေ ရှာနေကြတာ မြင်တွေ့ရပါ တယ်။ 

မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတားကြီးပေါ်ကတော့ ကူးလူးသွားလာသူတွေ၊ ကုန်စည်ပို့ဆောင်မှုတွေနဲ့ စည်စည်ကားကားပါဘဲ။ 











1 comments :

  1. Anonymous said... :

    ရက် ၉၀ ပေးမဲ့ ဒီအခွင့် အလမ်းမှာ ရက် ၈၀ အတွင်း
    မှာ လူ ၈၀၀ လောက်ဘဲ လာလျှောက်ပြီး ကျန်တဲ့
    ၁၀ ရက် မှာမှ ကျန်တဲ့လူတွေ စုပြုံ လာကြဦးမှာပါဘဲ။
    အဲဒီတော့ မလောက်မငှဖြစ်ပြီး နောက်ထပ် ရက် ၃၀
    ထပ်တိုးတောင်းရဦးမှာပါ။ အဲဒါလဲ လောက်ဦးမှာမဟုတ်ဘူး။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved