မြန်မာနိုင်ငံ ဆရာဝန် အသင်း ၂ ခြမ်း ကွဲနေပြီလား

Wednesday, February 27, 2013


၁၉-၂-၂၀၁၃ အင်္ဂါ နေ့ အတွက် ထုတ်ဝေတဲ့ “News Watch weekly” စောင့်ကြည့် သတင်း ဂျာနယ် အတွဲ (၇) အမှတ် (၈၅) ကို ဖတ်မိပြီး ဒီစာကို ကျွန်တော် ရေးလိုက်ရခြင်း ဖြစ်ပါတယ်။ 
 
ကျွန်တော် ကိုယ်တိုင်လည်း လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ က ဆေးတက္ကသိုလ်က နေ ပညာရည်နို့ သောက်စို့ ပြီး ဆရာဝန် လားမြောက်ခဲ့သူပါ။

စောင့် ကြည့်သတင်းဂျာနယ်မှာ ဒေါက်တာ အောင်ခင်ဆင့် ရေးတဲ့ “မြန်မာနိုင်ငံ ဆရာဝန်အသင်းကြီးကို လက်ပံ တောင်း တောင် လိုမဖြစ်စေလို” ဆောင်းပါးနဲ့  ပါမောက္ခ ဒေါက်တာမြင့်သောင်း ရေးတဲ့ “ အစဉ် မညှိုးနွမ်း ထာဝစဉ် လန်းဆန်းနေဦး မည့် မြန်မာနိုင်ငံဆရာဝန်အသင်းကြီး” ဆိုပြီးတော့ ဆောင်းပါး နှစ်ခုကို မျက်နှာခြင်းဆိုင်စာမျက်နှာ နှစ်ခုမှာ  ဖတ်လိုက်ရပါတယ်။

ဆရာအောင်ခင်ဆင့် အနေနဲ့ လက်ရှိ ဖြစ်နေတဲ့ MMA ရုံးကို နိုင်ငံခြားကုမ္ပဏီ ကို နှစ်ရှည်ငှားရမ်းခြင်း အားဖြင့် မြန်မာနိုင်ငံ ဆရာဝန်အသင်းကြီး ရဲ့ ဂုဏ်သိက္ခာ မှေးမှိန် သွားမှာကို စိုးရိမ်နေကြောင်း ပြောပြထား ပါတယ်။ 
 
ဒါပေမယ့် ပါမောက္ခ ဒေါက်တာ မြင့်သောင်း (MMA အတွင်းရေးမှူး) က ပြန်ရေးထားရာမှာ ၎င်းတို့အနေဖြင့် ကိုယ့်ပိုက်ဆံစိုက်ထုတ်၍ အလုပ်လုပ် နေရခြင်းဖြစ်ကြောင်း ခေတ်ရဲ့ လိုအပ်ချက် အရ ဆောင်ရွက် နေ 
ခြင်းဖြစ်ကြောင်း ရေးသားဖော်ပြသွား ပါတယ်။

ဒါကိုကြည့်ခြင်းအားဖြင့် လက်ရှိ မြန်မာနိုင်ငံ ဆရာဝန်သင်းကြီး မှာ ဖြစ်ပေါ် နေတဲ့ အုပ်စုကွဲ လွန်ဆွဲ ပွဲ တွေ ဟာ တော်တော် လေးကို အရှိန်ရ နေပြီလို့ ပြောနိုင်ပါတယ်။ 
 
ကျွန်တော်  တွေ့ထားတာတွေက တော့ အခု လက်ရှိတွေ့ကြုံနေ ရတဲ့ ပြဿနာ ဟာ အစွန်းထွက် တစ်ခုလောက်ပဲရှိလိမ့်မယ်လို့ ထင်ပါ တယ်။

ဆရာအောင်ခင်ဆင့်ကို ကျွန်တော်ရင်းရင်းနှီးနှီး ကြီးမသိပေမဲ့ ဆရာအောင်ခင်ဆင့် ရေးသားထားတာတွေ ဟာ တော်တော် လေးကို အချက်အလက်ကျကျ နဲ့ ရေးထားကိုတွေ့ရပါတယ်။ 
အားလုံးကိုကျွန်တော်မသိခဲ့ရင်တောင် ဆရာ အောင်ခင်ဆင့် ရေးထားတာ က ၅၀ ရာခိုင်နှုန်း မက မှန်တယ် လို့ ကျွန်တော် သိနေပါတယ်။

အဓိက ပြဿနာက ဆရာအောင်ခင်ဆင့် ရေးထားတဲ့ အတိုင်းပြောရရင် ဟိုအရင်တုန်းက ကျန်းမာရေး ဝန်ကြီး ဌာန ခေါင်းစဉ် အောက် က ဝန်ကြီး (အထူးသဖြင့် စစ်အစိုးရခေတ်လက်ကျန် နောက်ဆုံး အရပ်သား ဝန်ကြီး) ကနေစပြီး ထိပ်ပိုင်း ခေါင်းဆောင်အချို့ရဲ့ တိတ်တိတ်ဘုံးမှု၊ ပေါ်တင်ဘုံးမှု၊ ဘူးမှု များ၊ ပါးစပ်က လူနာ … လက်က အသပြာ စတာတွေနဲ့ ပညာရှင်ဆရာဝန်အချင်းချင်းအေးဓား
ပြ တိုက်မှုများက နေစတယ် လို့ ဆိုရမှာပါပဲ။

အဲဒီတုန်းက လစာ သောင်းဂဏန်းလောက်သာရတဲ့ ခေတ်ကြီး မှာ ထိပ်ပိုင်းခေါင်းဆောင်ဆရာဝန်မျာ
းဟာ မိဘက ချမ်းသာ တာမဟုတ်ပါဘဲနဲ့ အဲဒီခေတ်က အလွန်ဈေးကြီးလှတဲ့ Toyota Prado/Toyota Landcruiser စတာတွေကို ဝယ်စီး နိုင်တာ ကိုကြည့်ရင် ဘယ်လို လုပ်ထားသလဲဆိုတာကိုသိနိုင်ပါတယ်။ ငွေကို ကိုင်သုံးတဲ့အခြားဌာန တွေလို မဟုတ်ဘဲ ၊ ချို့တဲ့ လှတဲ့  ကျန်းမာရေးဝန်ကြီးဌာနဟာ ဝန်ထမ်း အပြောင်းအရွေ့ဈေးကွက်မှာ အကြီးဆုံးဈေးကွက်ကြီး တစ်ခုအဖြစ် ပေါ်ပေါက် လာခဲ့ပါတယ်။

အကြမ်းဖျင်းအားဖြင့် နေရာကောင်းတစ်ခုကိုရွှေ့ချင်ရင် … လက်ထောက်ဆရာဝန်(သို့မဟုတ်)တိုက်
နယ်ဆရာဝန်ဆိုရင် ဆယ်သိန်း၊  အထူးကုဆရာဝန်(သို့မဟုတ်)အငယ်တန်းအတိုင်ပင်ခံဆရာဝန် (သို့မဟုတ်)မြို့နယ် ဆရာဝန်ဆိုရင် သိန်းနှစ်ဆယ်မှ လေးဆယ်ထိ၊    ပြည်နယ်/တိုင်းအဆင့် အတိုင်ပင်ခံဆရာဝန်ကြီး (သို့မဟုတ်) ပါမောက္ခဆရာဝန်ကြီး (သို့မဟုတ်) ခရိုင်/ပြည်နယ်/တိုင်း ဆေးရုံ အုပ်ကြီး ဆိုရင်  သိန်းငါးဆယ် အထက် ပေါက်ကြေးရှိခဲ့တာ ဟာ အခုအချိန်မှာ ရှိနေတဲ့ ဆရာဝန်ကြီး များငြင်းလို့မရနိုင်ပါဘူး။

ဒီဂဏန်းတွေဟာ အားလုံးကို မဆိုလိုပေမဲ့ အများအားဖြင့် မှန်ကန်ခဲ့တယ်ဆိုတာ မိတ်ဆွေတစ်ယောက်နဲ့ လိုက်သွားတဲ့ ကျွန်တော်ကိုယ်တိုင် မြင်တွေ့ခဲ့ရဖူးပါတယ်။ အဲဒီနေရာမှာ တည်မြဲ ချင်ရင် တော့ ဒီနှုန်းနဲ့ သိပ်မကွာတဲ့ ငွေကြေးတွေကို နှစ်အလိုက်ပေးဆောင်ရတဲ့ သာဓက တွေရှိခဲ့ပါတယ်။

အစိုးရစားရိတ်နဲ့ နိုင်ငံခြားသွားတဲ့ ဆရာဝန်များဟာ သူတို့ ဟိုမှာလုပ်လို့ရတဲ့ နိုင်ငံခြားငွေ နှစ်လစာ ကို ပေးကမ်းရပါတယ်။ မဟုတ်ရင်တော့ ကိုယ်တောင်မကြားဖူးတဲ့ နေရာတစ်ခုကို ဘာ မှ မပြည်စုံဘဲ ပို့ဆောင်ခြင်းခံရပါတယ်။ ရာဇဝင်ထဲ ကလို ပြောရင်တော့ မဲဇာပေါ့လေ။ အဓိပ္ပာယ်က တော့ မင်းငါတို့ ကိုဘာမှမပေးလို့ ထွက်ခိုင်းလိုက်ပြီပေါ့။

ဒီလိုမပေးကမ်းလို့ (အများစုက တော့ မပေးကမ်းနိုင်ခဲ့လို့) အလုပ်ကနေထွက်သွားခဲ့ရတဲ့ဆရာဝန်
များက အများကြီးဖြစ် ခဲ့ပါပြီ။ တစ်လောက စည်းကမ်း မလိုက်နာလို့ ကျောင်းထုတ်ခံရတဲ့ မန္တလေးဆေး တက္ကသိုလ် က ကျောင်းသား တွေက ပါမောက္ခချုပ်ကို ပြန်ပြီး တရားတဘောင် နဲ့စွဲချက်တင်တာကိုတွေလို့ ကျွန်တော်ပြုံး မိပါသေးတယ်။ 
 
NLD က ကိုယ်စားလှယ် တွေအနေနဲ့လည်း စည်းကမ်းနဲ့ ပါတ်သက်တဲ့ကျောင်းသားတွေနဲ့အတူ ၊ လာဘ်မထိုးနိုင် လို့ အပြင်ရောက်သွားတဲ့ ဆရာဝန်များ နစ်နာတဲ့ ကိစ္စကိုလည်း ပြန်လည် စုံစမ်းရင် သိပ်ကောင်းမယ်လို့ထင်ပါတယ်။

အမှား ကြာတော့ အမှန်ဖြစ်ဆိုသလို လာဘ်မပေးနိုင်ရင် အဝေးကို နှစ်ပေါင်းများစွာ လွင့်ပြီး အလုပ်ထဲ ကထွက်ရမယ် ဆို တာ ဟာ အစိုးရ ကျန်းမာရေးဝန်ထမ်းလောက မှာ ခံယူချက်တစ်ခုလို ဖြစ်နေခဲ့ပါတယ်။ မသွားနိုင်လို့ အလုပ်က ထွက်တဲ့ ဆရာဝန်တွေကို ဆေးကုသခွင့်လက်မှတ် သိမ်း တာဟာလည်း အထက်က ညွှန်ကြားထားသလို ဖြစ်နေပါတယ်။ 
 
ဒီတော့ အစိုးရတစ်ပိုင်းဖြစ်နေတဲ့ မြန်မာနိုင်ငံဆရာဝန် အသင်းကြီး ဟာ ထိပ်ပိုင်း အာဏာရလူတွေ နဲ့ ပေါင်းပြီးထင်ရာစိုင်းနေခြင်း ဟာ ထူးပေမဲ့ ဆန်းတဲ့ အရာတစ်ခုတော့မဟုတ်ပါဘူး။  ပွင့်လင်းမြင် သာစ ပြုလာတဲ့ ဒီခေတ် ရောက်မှသာ ဒါတွေကို ပြည်သူတွေ သိခွင့်ရခဲ့တာဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာ ဟာ တစ်ခြားဌာနတွေနဲ့မတူတဲ့အချက်က တော့ အကောင်အထည်ကိုပြလို့ ခက်ခဲခြင်းပါပဲ။ ဥပမာ လျှပ်စစ် ဌာနအနေနဲ့ လျှပ်စစ် ဘယ်လောက်ပေးတယ်၊ မီးလာသလား ပျက်သလား ဆိုတာကိုသိနို
င်ပါတယ်။ လမ်းဖောက်၊ တံတားဆောက်ခြင်းဆိုတာဟာလည်းထိုနည်း လည်းကောင်းပဲပေါ့၊ အကောင်အထည်ပြလို့ရတယ်လေ။

ကျန်းမာရေးဌာက လူနာဘယ်နှစ်ယောက်ကို ကုလိုက်တယ်ဆိုတာ စာရင်းထဲမှာ တော့ အားရ ပါး ရ ပြလို့ ရတယ်လေ။  ဘယ်သူသိတာမှတ်လို့ ။ လူနာတွေအားလုံးကို ဘယ်သူက လိုက်ကြည့်နိုင်မှာလဲ။ နောက်ပြီး ဆရာဝန်ဆိုတာ လူနာ အများစုရဲ့အမြင်မှာ သမားဂုဏ် နဲ့ နေတာ မဟုတ်လား။ 
 
ဒီတော့  ဘယ်သူတွေက သံသယ ဝင်ပြီး လိုက်ကြည့်နေမှာလဲ။

အဲဒီတော့ တိုက်နယ်ဆေးရုံ၊ မြို့နယ်ဆေးရုံ၊ ခရိုင်ဆေးရုံ၊ ပြည်နယ်/တိုင်းဆေးရုံ တွေမှာ စာရင်းစစ်တွေကို လာဘ်ထိုး၊ အထက်ကိုဖား အောက်ကိုဖိ ၊ ဟောက်စား ငေါက်စားလုပ်တာတွေဟာ ကျန်းမာရေး ဝန်ထမ်း 
လောက မှာ ယဉ်ကျေးမှု တစ်ခုလို ဖြစ်ထွန်းနေခဲ့ပါတယ်။

မြို့နယ်ဆရာဝန်အဆင့်ဆိုရင် မရဘူးဆိုရင်တောင်မှာ တစ်လကို ဆေးရုံက ခွဲတမ်း (စက်ဆီ၊ လျှပ်စစ်၊ ဆေး အကြံအဖန်…) အရ သိန်း နှစ်ဆယ်ဝန်းကျင် ခန့် လုပ်စားလို့ ရပါတယ်။ အဲ… ပြည်နယ်/တိုင်း ကျန်းမာရေး ဦးစီးဌာနမှူး က ကောင်းရင်ပေါ့လေ။ 
 
ဆင်းရဲ တဲ့ ပြည်နယ်တွေမှာတော့ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး က ရသမျှကို ဝိုက်တာ ဘုန်း တာတွေ ကြောင့် အောက်က လူတွေ သိပ်မရတာ တွေ လည်း ရှိပါတယ်တဲ့။ 
 
ဥပမာ ဝေးလံပြီး ကျောက်စိမ်းထွက် တဲ့ မြန်မာ နိုင်ငံ မြောက်ဖျား ကချင်ပြည်နယ် က ၂၀၀၉ ခုနှစ် မှာ ပြည်နယ် ကျန်းမာရေးဦးစီးမှူးလုပ်ခဲ့ တဲ့ သူ ဆိုရင် တော်တော် လေးကို အခြေခိုင်သွားတယ်ဆိုပဲ။ 
 
အဲဒီ ပုဂ္ဂိုလ် က အဝေး ရွှေ့လာရတဲ့ ဆရာဝန်တွေဆီက ကိုယ်ကျိုးအတွက်လုပ်စားခဲ့ တာ တွေ သိပ် များတယ်လို့လည်း သတင်းထွက်ခဲ့တယ်လေ။

ဒီလို ဒီလို နဲ့ အထက်က ရိုက် ၊ အောက်က ဝိုက် နဲ့ နောက်ဆုံး ပြည်သူတွေကို ကုသတဲ့ ဆေးပညာရှင် အစိုးရဝန်ထမ်း ဆရာဝန်တွေဟာ စေတနာ က နေ အသပြာ နောက်ကိုလိုက်မှန်းမသိ လိုက်သွားကြ ပါတော့တယ်။ 

အဲဒီအချိန်မှာ မြန်မာနိုင်ငံဆရာဝန်အသင်းကြီး က အစိုးရတစ်ပိုင်းဖြစ်နေတာမို့ ဘာမှ လုပ်မပေးနိုင်ခဲ့ပါဘူး။  ရန်ပုံငွေရယ် လို့မယ်မယ်ရရ မရှိခဲ့ တဲ့အချိန် မှာ ငွေကြေးနဲ့ အာဏာ တတ်နိုင်သူတွေ က ကောင်းစွာ လွှမ်းမိုးထားနိုင်မှာတော့ သံသယ ရှိစရာမလိုပါဘူး။

သူများနိုင်ငံမှာလို လွတ်လပ်တဲ့ ဆေးကောင်စီရယ်လို့ တိတိပပ မရှိတဲ့ မြန်မာနိုင်ငံဆေးကောင်စီဟာ ဆရာဝန်အသင်းနဲ့ ပူးတွဲပြီး ဆေးကုသခွင့်လိုင်စင်တွေကို ကြိုက်သလို ခြယ်လှယ်ခဲ့ပါတယ်။
 
အဲဒီတုန်းက ဆေး ပညာအရာမှာ တော်ပါလျက်နဲ့ အစိုးရနဲ့ အဆင်မပြေတဲ့သူတွေကို လိုင်စင် ထုတ်မပေးခဲ့တာ၊ အစိုးရအလိုကျ အလုပ်ထဲဝင်မှ လိုင်စင်ထုတ်ပေးခဲ့ တာတွေဟာ မြန်မာ နိုင်ငံ ဆရာဝန် အသင်း ကြီးနဲ့ ဆေး ကောင်စီတို့ ကို နားလည်ရ ခက်တဲ့ အဖွဲ့များ အဖြစ် ထင်ဟတ်စေခဲ့ပါတယ်။

ဆရာဝန်လုပ်စား ရင် ဆ/မ ရှိမှ ဖြစ်မှာမို့လို့ ဆရာဝန်များဟာ ဆေးကုသခွင့်လိုင်စင် ပြုံတိုးလျှောက်ကြတော့ MMA မှာ လည်း ဈေးပွဲတော် ကြီးတစ်ခုလို ဖြစ်နေခဲ့ပါတော့တယ်။ သိကြတဲ့အတိုင်း လိုင်စင်ကြေးက ရာဂဏန်း ပါပဲ။ ဒါပေမဲ့ ရန်ပုံငွေက တော့ သောင်း ဂဏန်းလောက် တောင်းခဲ့ တာကို အဲဒီတုန်းက လျှောက်ခဲ့ သူ တွေ သိခဲ့ကြမှာပါ။

ဒီလိုဖြစ်လို့ မြန်မာနိုင်ငံ ဆရာဝန်အသင်းကြီး ကချို့တဲ့တယ်လို့တော့ ကျွန်တော်မထင်ပါဘူး။ ဆရာဝန်ကြီးများ ရဲ့ စွမ်းဆောင်ရည်ကြောင့် ရတဲ့ ဆေးကုမ္ပဏီ တွေရဲ့ စပွန်ဆာ တွေက အဖွဲ့ကြီးကို အနည်းနဲ့အများလည်ပတ်မှုပေး နေတယ် လို့လည်း သိနေမိပါတယ်။ (ဒါကြောင့် ကိုယ့်အိတ်ထဲက စိုက်တယ် လို့ပြောတာဟာ အံ့သြစရာပါ။)

အခု ဖြစ်နေတဲ့ နိုင်ငံခြားကုမ္ပဏီကို နှစ်ရှည် ငှားရမ်း တာဆိုတာကလည်း အနည်းနဲ့အများတော့ ပွဲခ အစွန်းအထွက် တွေ မြိုးမြိုးမျက်မျက် ရမှာတော့အမှန်ပါပဲ။
 
ရှေးက လည်း ဒီလို လုပ်ခဲ့ တာတွေက များလှ ပါပြီ၊ ဆရာအောင်ခင်ဆင့်ပြောခဲ့ တဲ့ ကျန်းဦးစီးကို ရောင်းစားခဲ့ တာကလည်းအပါအဝင်ပေါ့လေ။ ရှေ့ခြေလှမ်း ကို မရောက်ခင် နောက်ခြေလှမ်းကို အရင် လွတ် လိုက် သလိုဖြစ်နေ တဲ့ စာချုပ်ချုပ်ဆိုမှုကိုလည်း ထူးဆန်းဖွယ်ရာတွေ့မြင်ရပါတယ်။  
 
မြန်မာနိုင်ငံဆရာဝန်အသင်းကြီးကို ဘယ်လို ကောင်းအောင်လုပ်မယ်ဆိုတာထက် ၄၈ ထပ်တိုက်ဆောက် မယ်၊ နိုင်ငံခြားအဖွဲ့အစည်းကိုပေးအပ်မယ် ဆိုတာပဲ မီဒီယာ တွေထဲမှာ ပဲ့တင်ထပ် နေတာ တွေ့ရမှာပါ။

ဒါတွေကို အားလုံးကို ခြုံကြည့်ရင် မြန်မာနိုင်ငံဆရာဝန်အသင်းကြီးရံ
ုးချုပ်ကို သူများလက်ထဲ လွှဲအပ် မယ့်ကိစ္စဟာ ဖြစ်ပျက် နေတဲ့ ပြဿနာ များ ထဲ က အစွန်းထွက်တစ်ခုသာဖြစ်ပါကြောင်း တင်ပြလိုက်ရ ပါတယ်။

ဒေါက်တာကျော်
~

  
__,_._,___

1 comments :

  1. Anonymous said... :

    မြန်မာနိုင်ငံ ဆရာဝန်များအသင်း ဟာ ကျန်းမာရေးဝန်ကြီး ရဲ့ ရုပ်သေးပါ။ NGO နာမယ်ခံပြီး အစိုးရ ကျန်းမာရေးဝန်ကြီး ရဲ့ လက်အောက်ခံပါ။ဒေါက်တာ သန်းငြိမ်း၊ ဒေါက်တာဇော်မြင့်မောင် စတဲ့ ဆရာဝန်တွေဟာ Medical Ethics နဲ့ ငြိစွန်းတာမဟုတ် ပဲနဲ့ မြန်မာနိုင်ငံ ဆရာဝန်များအသင်း က ဆမ ထုတ်မပေးနိုင်တာဟာ စစ်အစိုးရ ၀န်ကြီး ဦးကျော်မြင့် ရဲ့ အမိန့် ကြောင့်ပါ။ နောက်ပြီး တော့ ကိုယ့်ပိုက်ဆံစိုက်ထုတ်၍ အလုပ်လုပ် နေရခြင်းဖြစ်ကြောင်း ခေတ်ရဲ့ လိုအပ်ချက် အရ လို့ ဆိုတဲ့ ဒေါက်တာမြင့်သောင်းတို့  တသိုက် ကိုမေးချင်ပါတယ်.....နိုင်ငံခြား NGO တွေက Project တခုတိုင်းမှာပေးတဲ့ ငွေတွေကို ပွင့် လင်းမြင်သာအောင် သင်းလုံးကျွတ်အစည်းအဝေးတင်ပြပြီးမှ သုံးတာလား။ မရ ပဲနဲ့ လုပ်တယ်ဆိုတဲ့သူတွေ ဟာသိပ် စိတ်ဝင်စားစရာကောင်းပါတယ်။ ဘာလို့ လည်းဆိုတော့ ဆရာဝန်များအသင်းလူကြီးနေရာ ကို ဦးမျိုးမြင့် နဲ့  ဦးကျော်မြင့်နိုင် တလှည့်စီ ယူနေကြတာက ပိုရီရတယ်ဗျ။ မြန်မာနိုင်ငံ ကျန်းမာရေးလောကကြီးကို ဖျက်သွားတဲ့ ဆရာဝန်တွေ ထဲမှာ ၀န်ကြီးဟောင်းဦးကျော်မြင့် ရဲ့ အဖွဲ့ နဲ့ ခင်ဗျားတို့ မြန်မာနိုင်ငံ ဆရာဝန်များအသင်းအဖွဲ့ ပါပဲ။
    လာဘ်စားမှူအပေါင်း နဲ့ နေရာကောင်းတစ်ခု ခု ကိုရွှေ့ချင်ရင် ဆယ်သိန်းဆယ် အထက် ပေါက်ကြေးရှိခဲ့တာ ဟာ အခုအချိန်မှာ ရှိနေတဲ့ ဆရာဝန်တွေငြင်းလို့မရနိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဦးကျော်မြင့် လာဘ်စားတာကိုပါနောက်ထပ်ရေးပါဦးမယ်...... တူသောအကျိုးခံစားကြရပါစေ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved