၂၀၁၅ မှာ မြန်မာ့သစ်တော လုံးဝပျောက်သွားနိုင်တယ်

Tuesday, February 26, 2013

မြန်မာနိုင်ငံမှာ မြန်နှုန်းမြင့်အင်တာနက် ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်ရေး အဆင်မပြေသေးပေမယ့် အင်မတန် မြန်နှုန်းမြင့်နေတဲ့ ကဏ္ဍတခု ရှိပါတယ်။
အဲဒါကတော့ သစ်ထုတ်လုပ်ရေးပါပဲ။

(ဓာတ်ပုံ - လောအယ်စိုး)
မြန်မာပြည်ကသစ်တောတွေ "မြန်နှုန်းမြင့် ပျက်စီးပြုန်းတီးနေ" တယ်လို့ ဒီကနေ့ ကြေးမုံသတင်းစာ ဆောင်းပါးတပုဒ်မှာ ရေးထားပါတယ်။

(မူရင်းဆောင်းပါးကို ဒီမှာ ဖတ်ပါ)

ရန်ကုန်-မန္တလေး မိုင်လေးရာခန့် အကွာအဝေးမှာ နားခိုစရာအရိပ် မရှိ၊ သစ်တော ပြောင်တလင်းခါနေတယ်လို့ ဆောင်းပါးကို အစချီ ရေးထားပါတယ်။

 ၂ဝ၁၁ မှာ နိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှု ၄၉ % ရှိခဲ့တယ်၊ တနှစ်အကြာမှာ ၉ % ကျဆင်းသွားတယ်လို့ ဆိုပါတယ်။

"၂ဝ၁၅ ခုနှစ်တွင် သစ်တော သစ်ပင် လုံးဝ မခုတ်ရ ဆိုမည့် ဥပဒေမှာ ခုတ်စရာမရှိတော့၍  အလိုအလျောက် တည်မည့်သဘောရှိနေပါသည်" လို့ ဆောင်းပါးမှာ သုံးသပ်ထားပါတယ်။

ဆက်စပ်
သစ်အရောင်းအဝယ် နိုင်ငံအကျိုးဖြစ်စေချင်



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved