ဖေဖော်ဝါရီလ
၂၀ ရက်နေ့တွင် ချင်းပြည်နယ် ဟားခါးမြို့မှာ ကျင်းပခဲ့တဲ့ ချင်းအမျိုးသားနေ့ပွဲတော် ကျင်းပခဲ့ပါတယ်။
ရွှေတွံတေး ဆရာတော်ကလည်း အဲဒီ ပွဲတော်မှာ ချင်းအမျိုးသားများကို အစား အစာများ ဆေးဝါးများ အင်္ကျီဘိနပ် ဆပ်ပြာစသည့်
အသုံးအဆောင် များနှင့် ထောက်ပံ့ငွေများ လှူဒါန်းခဲ့ပါတယ်။
ချင်းတိုင်းရင်းသူများနှင့် ပွဲစီစဉ်သူများကိုလည်း
ဆုငွေများချီးမြှင့်ခဲ့သည်။
ရွှေတွံတေးဆရာတော်က.....
” အခုလိုတိုင်းရင်းသားညီနောင်များ ဘာသာစုံ
ညီညွတ်ရင်းနှီးစွာ ကျင်းပကြတာ အရမ်းကောင်းတယ်။ ညီညွတ်ရင်းနှီးမှုဟာ
ငြိမ်းချမ်းမှုကိုရယူနိုင်တဲ့အတွက် အားလုံးငြိမ်ချမ်းသွားမှာပါ၊
ငြိမ်းချမ်းကြပါစေ May Be Peaceful လို့ ” ဆန္ဒပြု မိန့်ကြားသွားခဲ့ပါတယ်။
0 comments :
Post a Comment