အဓိကရုဏ်းဖြစ်ရန် နှိုးဆော်နေမှု သတိပြုမိစေရန်

Wednesday, February 27, 2013

ဆွမ်းလောင်းအသင်းအား အကြောင်းပြကာ ဘာသာရေး အဓိကရုဏ်းဖြစ်အောင်ဖန်တီးနေသော လူ တစ်စုရဲ့ လုပ်ရပ်များ ကို တင်ပြလိုပါတယ်။ 


ယခုအခါ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်လာနေရာ တချို့သော အာဏာရှင် ဟောင်း နွယ်ဖွားများက ရပ်ရွာအေးချမ်း တည်ငြိမ်မှု မရှိစေရန် ဘာသာရေး အဓိကရုဏ်း များဖြစ်အောင် ဖန်တီးနေမှုများ ရှိနေပါတယ်။ 

အကြောင်းစုံဖြစ်စဉ်ကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။ 

ရန်ကုန်တိုင်း မြောက်ဥက္ကလာပ မြို့နယ် (ဃ) ရပ်ကွက်၊ မေဓါဝီလမ်းရှိ အမှတ်( ၄ ) အ.လ.က ကျောင်း မျက်နှာစာရှိ နှစ် ကျိပ် ရှစ်ဆူ ဘုရား ပူဇော်သည့် မဏ္ဍပ်သည် ပူဇော်လှူဒါန်းမှု ပြီးသွားပြီဖြစ်သော်လည်း ယခုထိ မဏ္ဍပ်အား မဖျက်သိမ်းပဲ ထားရှိကာ ညပိုင်း လူခြေတိတ်ချိန်တွင် ယာယီမဏ္ဍပ်အဖြစ်မှတဆင့် အခိုင်အမာ တည်ဆောက်လိုက်ကြပါတယ်။ 

ထိုကဲ့ သို့ လုပ်ဆောင်ရန် ကျောင်း၏ ခွင့်ပြုချက်လည်း မရှိပါ။ ထိုပြင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ ညနေပိုင်းမှ စတင်ကာ အဆိုပါ မဏ္ဍပ်မှာ အသံချဲ့စက် အသုံးပြု၍ ဘာသာရေး အဓိကရိုဏ်းဖြစ်စေသော စကားများ ဟောပြောလှုံ့ဆော်မှုများကို ရပ်ကွက်နေ တချိန်က မဆလ အသိုင်းအ၀ိုင်းမှ ( စစ) ဆေးတိုက် ပိုင်ရှင် ဦးကျော်မြင့်မှ ဦးဆောင်ကာ လုပ်နေတာဖြစ်ပါတယ်။ 

ဗုဒ္ဓဘာသာကို ခုတုံးလုပ်ကာ ဘာသာရေး အဓိကရိုဏ်းဖြစ်စေသော ဟောပြောမှုများလုပ်နေသောကြောင့် ရပ်ကွက်နေ ပြည်သူများက အလွန် စိုးရိမ်နေကြရပါတယ်။ 

ထို့အပြင် အဆိုပါ မဏ္ဍပ်ကြောင့် ကျောင်းတာဝန်ရှိသူများက ကျောင်းသူ၊ ကျောင်းသားများ ကျောင်းဝင်းသို့ အ၀င် အထွက် ခက်၍ ကျောင်းသားများ ယာဉ်သွားယာဉ်လာ အန္တရာယ်နှင့်လည်း ရင်ဆိုင်နေရကြောင်း 
ပြောသော်လည်း လက်ခံမှု မရှိပါ။ 

ထို့အပြင်  အမှတ် ၄ အလယ်တန်း ကျောင်း၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများက ကျောင်း 
ရှေ့ မျက်နှာစာရှေ့ပိတ်ကာကျောင်း၏ ခွင့်ပြုချက်မရှိပဲ မဏ္ဍပ် ဆောက်ခြင်းကြောင့် ကျောင်းသားများ အ၀င်အထွက် ခက်ခဲ၍ လမ်းပိတ်ဆို့မှုလည်း ဖြစ်ပွားနေသည့် အတွက် ဖယ်ရှားပေးရန် မေတ္တာရပ်ခံခဲ့သော် လည်း ကျောင်းဆရာ၊ ဆရာမများကိုလည်း ရိုင်းပြစွာ ဆက်ဆံခဲ့ပါတယ်။ 

ထိုကဲ့သို့သော အကြောင်းများကြောင့် မဏ္ဍပ်အား ဖယ်ရှားပေးရန် တာဝန်ရှိသူများက ပြောဆိုခဲ့သော်လည်း စစ ဆေးဆိုင် ပိုင်ရှင် ဦးကျော်မြင့်က ဦး ဆောင်ပြီး ဦးဌေးမြင့်၊ ဦးသန်းမောင်၊ ဦးထွန်း၊ ဦးပီချေး၊ နိုင်ကြီး၊ ဦးရဲလွင်ကျော်၊ ဒေါ်နိုင်နိုင်မော် တို့ပါဝင်သည့် လူအုပ်စုက တခြား ရပ်ကွက်မှ လက်မရွံ့လူမိုက်များ စုဖွဲ့ကာ မဏ္ဍပ်ကိုလည်း မဖယ်ရှားပေးနိုင်ကြောင်း၊ လှုံ့ဆော်ဟောပြောနေ မှုများကိုလည်း မရပ်နိုင်ကြောင်း တုံ့ပြန်ခဲ့ကြပါတယ်။ 

သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း ဘာသာရေးကို ခုတုံးလုပ်ကာ ဘာသာရေး အဓိကရိုဏ်း ဖန်တီးနေ မှုအား မဖြစ် သင့်၍ အဆိုပါ မဆလ နွယ်ဖွား ရပ်ရွာ မတည်ငြိမ်စေရန် ဘာသာရေး အဓိကရိုဏ်းဖန်တီးနေ မူ များကို ရပ်တန့်သင့်ကြောင်း ပြောဆိုခဲ့ရာတွင်လည်း ကျောင်းဆရာမကြီး၏ ခင်ပွန်းမှာ အစ္စလမ် ဘာသာ ၀င်ဖြစ်သည်ကို အကြောင်းပြပြီး ရိုင်းစိုင်းစွာ တုံ့ ပြန်ခဲ့ပါသေးတယ်။ 

လှုံ့ဆော်နေကြသူ လူအုပ်စုထဲမှ ဦးဌေးမြင့် ဆိုသူမှာ လွန်ခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် မဆလ တဖြစ် လဲ တိုင်းရင်း သား စည်းလုံးညီညွတ်ရေး ပါတီကိုယ်စားလှယ် အနေဖြင့် မြောက်ဥက္ကလာပမြို့နယ်မှ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာ ဆန္ဒမဲ ၂၇ မဲသာ ရရှိခဲ့သူ၊ ဒီမိုကရေစီ စနစ်ကို မယုံကြည်ပဲ တိုက်ခိုက်ပြောဆိုလေ့ ရှိသူလည်း ဖြစ်ပါတယ်။ 

ယခုကိစ္စကြောင့် ရပ်ကွက်နေပြည်သူများ၊ ကျောင်းသား မိဘများအနေဖြင့် အလွန်စိတ်မကောင်းစွာ 
မြင်တွေ့နေကြရ၍ တချို့ ကျောင်းသားမိဘများကလည်း ဒေါသများဖြစ်နေပါသဖြင့် မလိုလားအပ် သည့် ပြဿနာ များ ဖြစ်ပေါ်လာမည့်အရေး ကြောင့် ယခုလို မီဒီယာများကို ရပ်ကွက်နေပြည်သူများ အနေဖြင့် စာပေးပို့လိုက်ခြင်းဖြစ်ပါတယ်။ 

အဆိုပါ မီးပွားလေးမှသည် ကြီးမားသည့် ဘာသာရေး အဓိကရုဏ်း ဖြစ်ပွားစေမည့် အသုံးအနှုန်း၊ အပြော အဆိုများလုပ် ဆောင်နေသောကြောင့် သက်ဆိုင်ရာ နိုင်ငံတော် တာဝန်ရှိသူများအနေဖြင့် အချိန်မီ ထိန်း သိမ်းနိုင်ရန် အတွက် အကူအညီတောင်းခံရင်း အသိပေး လိုက်ပါတယ်။ 

ရပ်ကွက်နေပြည်သူများ

2 comments :

  1. Anonymous said... :

    အာဏာရှင် ဟောင်း နွယ်ဖွားများက ရပ်ရွာအေးချမ်း တည်ငြိမ်မှု မရှိစေရန် ဘာသာရေး အဓိကရုဏ်း များဖြစ်အောင် ဖန်တီးနေမှုများ ရှိနေပါတယ်။ ဆိုတာမဟုတ်ပါ ၊ တစ်ဦးက တစညက ပါ၊တစ်ဦးက မြို့နယ်ကော်မရှင် က ပါ၊ ကျန်တာတွေက NLD ထောက်ခံသူများပါ၊ မဟုတ်တာဖြစ်နေလို့အားလုံးပါတာပါ၊၊
    ပညာရေးမှုးကလာပြီး ပါဝါပြတာမရေးထားပါ၊ လမ်းပိတ်တာက မေဓါဝီ (ဂ+ဃ)တစ်လမ်းလုံးနီးပါး မတရားဆိုင်ခန်းတွေချဲ့ထားလို့ပါ၊ ကျောင်းသားမိဘများအနဖြင့် နှစ်စဉ်လုပ်လေ့ရှိတဲ့ ရှင်ပြုပွဲမလုပ်ရသောကြောင့်ပိုပြီးစိတ်မကောင်းဖြစ်နေတာပါ၊၊ အမှန်ကိုတင်ပြပေးနိုင်ကြပါစေ၊၊

    မောင်ကြီး

  1. Unknown said... :

    ဘာသာတရားဆိုတာ လူတိုင်းအတွက်ပါ။မိမိ ယုံကြည်ကိုးကွယ်တဲ့ဘာသာကို ခုတုံးလုပ်ပြီး အခြားဘာသာကို စော်ကားခြင်းသည် မိမိယုံကြည်ကိုးကွယ်တဲ့ဘာသာကိုလည်း သွယ်ဝိုက်ပြီးစော်ကားရာရောက်တယ်။မိမိဘာသာ တည်တံ့အောင် တင်ကျန်နေအောင် လုပ်ဖို့ ဆိုတာက မိမိဘာသာဝင် အဲဒီဘာသာရဲ့ ပညတ်ချက် သွန်သင်ဆုံးမမှုများကို တစ်သဝေမတိမ်လိုက်နာကျင့်ကြံပြီး မိမိ ပတ်ဝန်းကျင့်ရှိ လူမျိုးမရွေး ဘာသာမရွေး အသံတိတ် တရားအလှူကိုသာပေးသင့်သည်။မိမိဘာသာကို ခုတုံးလုပ်ပြီး လူကျင့်ဝတ်တရားပျောက်ပျက်ရင်တော့ မိမိအတွက်ရော့ မိမိဘာသာအတွက်ရော့ မည်သို့ မျှအကျိုးမရှိ။အကျိုးယုတ်စေမည်သာဖြစ်သည်။ဒါကြောင့်မိရိုးဖလာဘာသာဝင် ဖြစ်တာထက် ပညာဓိက ဘာသာဝင်ဖြစ်အောင်ကြိုးစားဖို့ အရေးကြီးတယ်။မိမိယုံကြည်တဲ့ဘာသာကို ရာခိုင်နှုန်းပြည့် လိုက်နာခြင်းဖြင့် လူအကျိုးပြု လုပ်ငန်းတွေကိုလုပ်မှသာတိုင်းပြည်အေးချမ်းပြီးစည်ပင်ထွန်းကားလာနိုင်ကြောင်းတင်ပြအပ်ပါတယ်။ပြည်မြန်မာငြိမ်းချမ်းပါစေ။လူအသိစိတ်မွေးနိုင်ပါစေ။ပညာဓိက ဘာသာဝင်များတိုးပွါးပြီးအေးချမ်းသာယာမှုကို ဖေါ်ဆောင်နိုင်ပါစေ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved