တောင်ကြီး မြို့မဈေး မီးလောင်မှုဖြစ်

Thursday, February 7, 2013

မီးပုံပျံကြောင့် တောင်ကြီးမြို့တွင် ယခင်နှစ် က မီးလောင်ခဲ့စဉ်က မြင်ကွင်း၊ ဓာတ်ပုံ- ဂျွန်ချစ်ငြိမ်း ( တောင်ကြီး)

ဂျွန်ချစ်ငြိမ်း(တောင်ကြီး) ~
 

 တောင်ကြီးမြို့ ၊ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ မြို့မ သုံးထပ်ဈေးကြီးတွင် ဖေဖော်ဝါရီ ၆ ရက်နေ့ ၊နေ့လည် ၃း၁၀ မိနစ်တွင်မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ 

ဖြစ်ပွားပုံမှာ ဇန်န၀ါရီ ၄ ရက်နေ့က စတင်ဖွင့်လှစ်ထားသည့် သုံးထပ်တိုက်အပေါ်ဆုံးတိုက်ရှိ မြတ် ဈေး ၀ယ်စင်တာ (ယခင် ကျောက်ဝိုင်နေရာဟောင်း) တွင် ဆိုင်ဖွင့်ရောင်းချရန်ပြင်ဆင်နေသည့် အထည်ဆိုင်မှ ၀ရိန်ဆော်ရာမှ ထွက်ရှိလာသည့် မီးစ ၊မီးပွားများ အနီးရှိ တာပင်တိုင် ပုံးတွင်းသို့လွင့်စင်ရာမှ မီးထလောင် ခဲ့ခြင်းဖြစ်ကြောင်း ဆိုင်ရှင်ဖြစ်သူ ကပြောသည်။ 

ဈေးဝယ်စင်တာသည် ဈေးအပေါ်ဆုံထပ်တွင်တည်ရှိကြောင်း၊ မီးလောင်မှုဖြစ်ပြွးသည်ကိုသိလျင် သိခြင်း အခြားဆိုင်ခန်းမှ ဈေးသူ၊ဈေးသားများကလန့်ပြီး အောက်ထပ်ဆင်းရန်လှေကားမှ အလုအယက် ဆင်းကြ သည့်အတွက် ညပ်ပိတ်မှုများရှိကြောင်း မျက်မြင်ဆိုင်ခန်းပိုင်ရှင်များက ဆိုသည်။ 

အဲကွန်းဖွင့်ထားခြင်း၊ မှန်ကာဆိုင်ခန်းများ ဖြစ်ခြင်း ဖြစ်သည့်အတွက် မီးခိုးများ အပြင်ဘက်သို့ မထွက်နိုင်
ကြောင်း ၊ ပြတင်းမှန်များ ၊မျက်နှာကျက်ဘေးရှိ မှန်များ ရိုက်ခွဲခဲ့ရကြောင်း ဈေးမိ၊ ဈေးဖ အဖွဲ့ဝင်များ ကပြောသည်။ 

မီးလောင်ကျွမ်းခြင်းဖြစ်ဖြစ်ခြင်းမီးသတ်ဦးစီးဌာနသို့ ဖုန်းဆက်ခဲ့ကြောင်း ၊ မီးသတ်ကားရောက်ရှိ လာသော်လည်းရေပါမလာကြောင်း ၊ရေမပါလာသဖြင့် ဈေးမီးသတ်ရေလှောင်ကန်မှရေများဖြည့်ရာ ၁၅ မိနစ်နှင့်လည်း ရေမပြည့်လာ၊ နာရီဝှက်ဖြင့်လည်း ရေမပြည့်လာ အချိန်အတော်ကြာကြောင်း၊ မီးသတ်ကား ၀င်ရောက်လာရာ လမ်းတလျှောက်တွင်လည်း ပြန်ကျဈေးသည်မျာညးဖြင့် ပိတ်နေသဖြင့် ခက်ခက်ခဲခဲ အချိန်ယူဝင်ရောက်ရကြောင်း၊ မီးသတ်ေ၇လှောင်ကန်အနီးတွင် ပင် ပြန်ကျဈေးဆိုင်ခန်း များ ပြည့်နေ 
ကြောင်း ၊ စည်ပင်မှ ခွင့်ပြုပေးထားသည့်အတွက် မိမိတို့ အနေဖြင့် ဘာမှမပြောလိုကြောင်း ၊သို့သော် လည်း စနစ်တကျ ဖြစ်သင့်ကြောင်း ၊ မီါး်လောင်ရာနေရာသည် ဈေးအပေါ်ဆုံးထပ်ဖြစ်နေသည့်အတွက် မီးသတ်ကား မတက်နိုင်ကြောင်း ၊တက်ရန်လှေကားလည်း မီါ်သတ်ကားတွင်မပါလာကြောင်း မျက်မြင် ဈေးမိ၊ဈေးဖ အဖွဲ့ဝင်များကပြောသည်။ 

 လောင်ကျွမ်းချိန် မိနစ် ၂၀ခန့်သာကြာမြင့်ကြောင်း ၊ မှန်လုံခန်းများဖြစ်နေသည့်အတွက်မီးခိုးများ အူနေကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း ဈေးသူ၊ဈေးသားများကပြောသည်။ 

ယင်းဖြစ်စဉ်နှင့်ပတ်သတ်ပြီး ပျက်ဆီးဆုံးရှုံးမှု တန်ဖိုးအား မီးသတ်ဦးစီးဌာနသို့မေးမြန်းရာ ပျက်စီးမှု စုစုပေါင်း တန်ဖိုး ကျပ်သုံးသောင်းသာရှိကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦး က ပြန်လည်ပြောကြားသည်။ 

 မီးလောင်ကျွမ်းမှုဖြစ်စဉ်အား တောင်ကြီးမြို့ အမှတ်(၁) ရဲစခန်း မှ ၀ရီန်ဆော်သူ ကိုရဲထွန်းနိုင် အား (ပ) ၃၃/၂၀၁၃ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့်အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved