မြန်မာ့ ယဉ်ကျေးမှု ပွဲတော်

Thursday, February 7, 2013



မြန်မာ့ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ ပွဲတော်တခု ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပ သွားဖို့ရှိပါတယ်။ ထိုင်းနိုင်ငံ မှာလည်း မြန်မာ့ယဉ်ကျေးမှုကို အရင်ကထက် ပိုမိုစိတ်ဝင်စားမှုတွေ များလာတာကြောင့် ထိုင်းကျောင်းသား လူငယ်တွေလည်း မြန်မာစာကို လေ့လာသင်ယူနေကြပါတယ်။

ဒါကြောင့်လည်း ချင်းမိုင် တက္ကသိုလ် မြန်မာစာဌာနက ကြီးမှူးကျင်းပမယ့် မြန်မာ့ယဉ်ကျေးမှု ပွဲတော် နဲ့ ပတ်သက်ပြီး အောက်ပါအတိုင်း ကျင်းပမှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှာ မြန်မာစာသင်ယူနေကြတဲ့ ထိုင်းကျောင်းသူ၊ ကျောင်းသားများနှင့်  
မြန်မာနိုင်ငံမှ ရောက်ရှိနေထိုင်ကြတဲ့ မြန်မာလူငယ်များ အတူတကွ ပူပေါင်းတင်ဆက်မယ့် မြန်မာ့ခေတ် (၇) ဆက် ၀တ်စားဆင်ယဉ်မှု ဖက်ရှင်ပြပွဲနှင့် အက ပဒေသာပွဲကိုချင်းမိုင်မြို့ ဘုရင့် ပန်းခြံ( Ratcha Phreuk) တွင် ဖေဖော်ဝါရီလ ၉ ရက်နေ့ ည ၇ နာရီမှ ၉ နာရီအထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved