၂၅ ဒေါ်လာ

Tuesday, February 12, 2013

~



 
ကျနော်တို့ လင်မယား ပဲရစ်မြို့ကို အလည်ရောက်ခဲ့စဉ်ကပေါ့။
ညဥ့်ငှက်တွေ ကျက်စားတဲ့နားက ဟိုတယ် တခုမှာ တည်းတယ်။

ညနေဘက် ရောက်တော့ ကျနော့်ဇာတိက ပြလာတယ်၊
ညဥ့်ငှက်တွေ ကျက်စားတဲ့နေရာကို သွားချင်တယ်။

ဒါနဲ့ မိန်းမကိုလှည့်ပတ်ပြောပြီး သူ့ကို အခန်း ထားခဲ့လိုက်တယ်။
ညဥ့်ငှက်တွေ ရှိတဲ့နေရာ  လိုက်ကြည့်မိတယ် - 
တယောက်ကို ကပ်ပြီး မေးလိုက်တယ် - 

"မိန်းကလေး...ဘယ်ဈေးလဲကွ"
"ရိုးရိုးဆိုရင် ဒေါ်လာ ၂၀၀၊ ရှယ်ဆိုရင် ဒေါ်လာ ၂၅၀"

"ဟင်...အဲလောက်တောင် ဈေးကြီးတာလား၊ ငါက ၂၅ ဒေါ်လာလောက်ပဲ ထင်နေတာ"
"အဲဒါဆိုရင်တော့ ...ရှင် ဟိုဘက်လမ်းကို သွား၊ အဲဒီမှာ ၂၅ ဒေါ်လာတန်တွေ ရှိတယ်၊ ဒါပေမယ့် စုတ်ပြတ်နေတာတွေပဲ ရမှာနော်"

"အော်...အေးပါကွာ၊ မသွားတော့ပါဘူး၊ ပြန်တော့မယ်"
"ကြွ...ကြွ"

ဟူး...မလွယ်ဘူး .. အချိန်လည်းကြာနေပြီ အခန်းပြန်မှ။

ဒါနဲ့ ဟိုတယ်ကိုပြန်၊ ရေမိုးချိုးပြီး ညစာစားဖို့ ထွက်လာကြတယ်။ 


မိန်းမကို လက်ဆွဲပြီး နှစ်ယောက်သား လမ်းမအတိုင်း ဆိုင်လိုက်ရှာရွေးနေတုံး... …
ဟိုက်… ကံများဆိုးချင်တော့ ခုနက မိန်းကလေးနဲ့ မျက်နှာခြင်းဆိုင် တိုးပါလေရောဗျာ။ 


သူကလည်းမှတ်မိတယ်။
မှတ်မိတာထက်ဆိုးတာက သူ ပြောလိုက်တဲ့ စကားဗျ... ...

"၂၅ ဒေါ်လာတန်ကြီး မ, လာပြီပေါ့လေ" တဲ့။

(သန်၎ကို ပေးပို့သည်။)

 


























-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved